2 3 4 5 6 7 8 9 10

Friday, October 2, 2015

ရှမ်းတောင်တန်းလေးကိုမှီထားတဲ့မြို့


အဲဒီမြို့ လေးကတောင်ကြီးဆိုတဲ့
ချယ်ရီတွေကိုဝတ်ပြီး
လှချင်တိုင်းလှနေတဲ့မြို့...။
အဲဒီမြို့ လေးက
ဂျင်းဘောင်းဘီနဲ့
ထိုဖူးနွေးကိုကြိုက်တယ်...။
အဆိုတော်တွေနဲ့
ကွမ်းယာဆိုင်တွေပေါတယ်...။
ညလေညင်းတွေကတောင်
အရှေ့ဘက်တောင်တန်းလေးကိုငေးလို့....။
အဲဒီမြို့လေးဟာ
အိပ်မက်တွေနဲ့
ခူးခူးခေါခေါနဲ့
အိပ်မောကြနေတတ်တယ်။
အဲဒီမြို့လေးမှာ
ကောင်းကင်တစ်ခုလုံးကိုလင်းတဲ့
မီးပုံးပျံညတွေလဲရှိတယ်။
လေသံဝဲ၀ဲတွေနဲ့ ပြောတတ်တဲ့
ရိုးသားတဲ့တိုင်းရင်သူတွေနဲ့
သာယာတဲ့ရှုခင်းတွေလဲရှိနေတယ်...။
အဲဒီမြို့ လေးက
အဝေးကဧည့်သည်တွေကိုငေးနေတတ်တယ်။
ပြန်ပါလို့ မပြောပေမဲ့
ပြန်သွားကြတဲ့သူတွေကြောင့်
လာပါလို့သူမဖိတ်ခေါ်ရဲခဲ့ဘူးတဲ့..။
ခုတော့..
အဲဒီမြို့ ကလေး
ချယ်ရီကိုပန်ပြီး
ဆောင်းအိပ်မက်မှာ
စိတ်ကူးတွေမူးနေကြပြီ။

                           ဆူးငယ်သစ်(တောင်ကြီး)

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>