2 3 4 5 6 7 8 9 10

Friday, October 2, 2015

မေတ္တာသံဝေ ငြိမ်းချမ်းမြေ





တစ်နေ့တစ်နေ့
တရွေ့ရွေ့ နဲ့
ဟောင်းမြေ့ခဲ့ပြန်
နွေမိုးကျန်၍
မြောက်ပြန်လေရူး
တိုက်ခတ်မြူးသည့်
ဆောင်းဦးတစ်ဖန်သစ်ခဲ့ပြီ။

တစ်နေ့တစ်ရက်
တစ်မနက်နှင့်
စက္ကန့်နာရီ
အလီလီပြောင်း
အဟောင်းအသစ်
ပြောင်းလဲခေတ်မှာ
ဖြစ်ပျက်သမျှ
သင်္ခါရထဲ
ဝဲလည်ရစ်ထပ်
ချားရဟတ်သို့
လှည့်ပတ်သံသရာ
လူတို့ရွာဝယ်
မေတ္တာလွှမ်းခြုံ
ကိုယ်စီလုံမှ
လူ့ဘုံခန်းဝါ
ဤကမ္ဘာသည်
သာယာငြိမ်းချမ်းလိမ့်တကား...။

မျိုးဝင်းအောင်(မြင်းမူ )



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>