2 3 4 5 6 7 8 9 10

Friday, March 27, 2015

ပျဉ်းမငုတ်တို



ပျဉ်းမငုတ်တို
ဖုထစ်ရွတ်တွ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း…။
ခွဆုံအကွေး သစ်ကိုင်းဆွေးလည်း
အဖေးတက်လာ  အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်…။
ကုန်းမိုးကမ်းပါး မြေပတ်ကြားတွင်
စစ်သားခမောက် ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း…။

ထိုပင်ငုတ်တို ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင်ယောက်ျား ကောင်းတကား။    ။
                                 မင်းသုဝဏ်


…………………..
ပျဉ်းမငုတ်တို ကဗျာသည် The Worlds Great living Poets အမည်ရှိ အမေရိကန်နိုင်ငံထုတ်
ကမ္ဘာ့သက်ရှိကဗျာဆရာကြီးများ ကဗျာစာအုပ်တွင် ပါဝင်ခဲ့သည်။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>