ရှင်မတောင်
နံ့သာမွှေး
ပေးခဲ့တဲ့
ဘွားအမွေ
သင်းပျံ့ဝေေ၀..
မွှေးကြူစေ
ဆော်လေက
အသွေး..
သို့လည်းလေ
အမြင်ထိတ်ပါဘိ
စိတ်ဓာတ်မှာ
အတုမှားဝင်လို့
မိတ်ကပ်သာ
အုထားချင်သတဲ့
နုပါးပြင်
လွှမ်းကာခြယ်တော့
ခန်းသာလယ်
နံ့သာမွှေးမှာဖြင့်
ဘွားဒွေးရယ်..
သွေးလက်နဲ့ဝေး..။
ပြင်စည်အောင်
No comments:
Post a Comment