2 3 4 5 6 7 8 9 10

Thursday, June 18, 2015

အိမ်အလှ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း..။

အိမ်ရှေ့ပန်းခင်း၊ ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော၊ ဆိုဖာချောနှင့်
အံ့သြ ရင်မ၊ ဗန်းပြ လှလည်း
စိတ်က မောဟ၊ လက်က လောဘ
နှုတ်က မာန၊ ထားတတ်ကြမူ
အတ္တ ကိုယ်ကျိုး ထိုအိမ်မျိုး..။

အိမ်နောက် စိုက်ခင်း၊ စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်၊ လေ နေ ၀င်နှင့်
အားအင်မျှတ၊ ဗန်းမလှလည်း
စိတ်က မေတ္တာ၊ လက်မှာ စာဂ
နှုတ်က ဖြောင့်ရိုး၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး…။

ဇော်ဂျီ
၁၉၆၅


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>