
လပြည့်ဝန်း
ချစ်စရာ နောင်တစ်နေ့တွင်ဖြင့်
တွေ့ဦးမည် ရည်ကာရော်လို့
မျှော်တိုင်းသာ ယော်ကာယမ်းမိရဲ့ 
ဝန်းလပြည့် ရွှန်းစိုစို..။
ဖြူလို့ဖွေးပါဘိ
ငွေသွေး ငွေစန္ဒော်က
ရွေရံတော် ကြယ်ကလေ့တွေနဲ့
အာကာပြင် ကျယ်သရွေ့မှာလ
သိမ်မွေ့စွာ ညီလာခံတော့
သူ့တမန် ရောင်ခြည်အေးဆီက
တေးစိမ့်၍ယို..။
သူ့စက်တွင်း
ခြေရင်းမှာ ယုန်ဖြူဆွတ်ကယ်နဲ့
ဆန်ဖွယ်သည့် အဖိုးအိုငယ်
ဆိုလေရော့သလား..။
ငိုင်လို့ငေးမိရဲ့ 
သည်တေး အသံသာလှချည့်
တို့ဆေး အမှန်ပါရော့ထင့်
ဈာန်သမာ ထေရ်ရဟန်းကဲ့သို့
လေဖျန်းရာ ဇော်ဖေပျံ၍
ဘော်ငွေလျှံ ချိုချိုသောက်ကာပါ့
ရောက်ချင်ရာ နယ်တ၀န်းဆီသို့
ယွန်းခဲ့ပြီတကား…။
ဇော်ဂျီ
ဝံသယုဝ မဂ္ဂဇင်း၊ ၁၉၃၃ ။
No comments:
Post a Comment