2 3 4 5 6 7 8 9 10

Monday, May 20, 2013

မြတ်စွာဘုရားတို့ သက်တမ်းနှင့် အသင်္ချေအကြောင်း ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
    မြတ်စွာဘုရားတို့၏ သက်တမ်းသည် အမြဲတမ်း တစ်သိန်းတန်းတွင် ပွင့်ကြပါသည်။ နောင်ပွင့်မည့် အရိမေတ္တယျ မြတ်စွာဘုရား လည်း တစ်သိန်းတန်းတွင် ပွင့်မည်ဟု သိရပါသည်။ ဂေါတမမြတ်စွာဘုရား တစ်ဆူတည်းသာ အသက်တစ်ရာ တန်းမှာ ပွင့်တာ ဘာကြောင့်ပါလဲဆိုတာ သိလိုပါသည်ဘုရား။ ထို့ပြင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း စသော အရေအတွက် များကို ယခုခေတ် ကွန်ပျူတာစနစ်နှင့် အတိအကျ တွက်ချက်၍ ရနိုင်၊ မရနိုင်သိလိုပါသည်။                                          

ဖြေ။    ။ ပထမ ကကုသန်မြတ်စွာဘုရားသည် လေးသောင်းတန်းတွင် ပွင့်တော်မူသည်။ ကောဏဂုံ မြတ်စွာဘုရား သည် သုံးသောင်းတန်းတွင် ပွင့်တော်မူသည်။ ကဿပ မြတ်စွာဘုရားရှင်သည် နှစ်သောင်းတန်းတွင် ပွင့်တော် မူသည်။ ဂေါတမ မြတ်စွာဘုရားသည် အစဉ်အတိုင်းဆိုက တစ်သောင်းတန်းတွင် ပွင့်ရမည် ဖြစ်သည်။ သို့သော် လူတို့ အနှစ် တစ်သောင်းတန်း အခါ၌ ဂေါတမမြတ်စွာဘုရားအလောင်းတော်မှာ ပါရမီပြည့်ရန် လိုသေး၍ မပွင့်နိုင်ဘဲ ရှိခဲ့သည်။ ထို့နောက် နှစ်တစ်ရာတန်းကျမှ ပွင့်တော်မူသည်ဟု ဆိုပါသည်။
     နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်မှာ အနှစ် ရှစ်သောင်းတန်းတွင် ပွင့်ပါမည်။ မြတ်စွာဘုရားတို့သည် အာယုဝေ မတ္တ ( အသက် အတိုအရှည်ကွာခြားမှု ) ရှိသဖြင့် သက်တမ်း မတူကြပါ။ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း စသည်မှာ မြတ်စွာဘုရားတို့၏ သဗ္ဗညုတ ဉာဏ်အရာသာ ဖြစ်ပါသည်။ အရှင် သာရိပုတ္တရာ စသည် တို့ပင် တစ်သင်္ချေမျှသာ မြင်နိုင်ပြီး အရှင်အနုရုဒ္ဓါ စသော သာဝကတို့ပင် ကမ္ဘာ တစ်သိန်းသာ မြင်နိုင်သည်။ ထို့ကြောင့် အသင်္ချေ ဆိုသည်ကို မည်သည့် ကွန်ပျူတာနှင့်မျှ တွက်ချက်၍ ရနိုင်ဖွယ် မရှိပါ။

ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>