2 3 4 5 6 7 8 9 10

Monday, September 10, 2012

မိရိုးဖလာ ဗုဒ္ဓဘာသာ ( ဘာသာရေး အမေးအဖြေ )




မေး။     ။ အရှင်ဘုရား မိရိုးဖလာ သဘောထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်သည် ဆိုရာ၌
( ၁ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်နည်း။
( ၂ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုသည် အဆင့်အတန်း နိမ့်ကျပါသလား။
( ၃ ) သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုဟူသည် အဘယ်ပါနည်း။
ဖြေကြားပေးတော်မူပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။





ဖြေ။

( ၁ ) ရိုးရိုးမိဘတို့ ကိုးကွယ်မှု ထုံးစံအတိုင်း သရဏဂုံသီလ ခံယူ၍ ကျောင်းကန်ဘုရား သွားလာလှူဒါန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ ရှင်ပြု၊ ရဟန်းခံခြင်းတို့ထက် မပိုသော ကိုးကွယ်မှုကို မိရိုးဖလာကိုးကွယ်မှုဟု ဆိုပါသည်။
( ၂ ) ထိုမိရိုးဖလာ ကိုးကွယ်မှုကို မပျက်မကွက် မှန်မှန်ကန်ကန် အသိရှိရှိဖြင့် ကိုးကွယ်သူအဖို့ အပါယ်လေးပါး မလားရေးတို့၌ အတော်အတန် စိတ်ချရ၍ အဆင့်အတန်း နိမ့်ကျသည်ဟု မဆိုနိုင်။
( ၃ ) ထိုမိရိုးဖလာကိုးကွယ်မှုကို အားမရ၍ ပညာရှင် ဆရာတော်၊ သံဃာတော်များထံ ချဉ်းကပ်၍ နက်နဲသော ဘာသာရေးတရားများကို လေ့လာခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများကို အားထုတ်ခြင်း၊ မဂ်တရားး၊ ဖိုလ်တရားများကို ရအောင်ကြိုးစားခြင်း စသည့် ပြုလုပ်မှုကို မိရိုးဖလာထက် သာလွန်၍ သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်သူဟု ဆိုရပါသည်။


ရဝေထွန်း ( မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ )  


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>