2 3 4 5 6 7 8 9 10

Saturday, June 6, 2015

တစ်နေ့ သောအိမ်ပြန်ချိန်..


အိမ်ကိုလူတိုင်းကခင်တွယ်တတ်ကြပါတယ်..
အိမ်နဲ့ ခွဲနေရင်လွမ်းတတ်ကြပါတယ်..အိမ်နဲ့ အဝေးကြီးမှာပဲဖြစ်ဖြစ်အနီးလေးမှာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်အိမ်မဟုတ်ရင်ကိုနွေးထွေးမှုကမတူတော့ပါဘူး..
အိမ်နဲ့ ခွဲနေရတာကိုကြိုက်တယ်ဆိုတဲ့လူမတွေ့ ဖူးပါ.ရှိမယ်လဲမထင်ပါ..
အခြေအနေအရသာခွဲနေကြရတာ..လူတိုင်းကအချိန်တန်ရင်အိမ်ပြန်ချင်ကြတာပါပဲ..
ခရီးသွားဝါသနာပါတဲ့ သူတွေတော့ရှိပါတယ်..ခရီးထွက်နေရရင်ပျော်နေတတ်သူတွေပေါ့.
သူတို့ တွေကလည်းအချိန်တန်ရင်အိမ်ပြန်ချိန်ကိုသတိရကြတာပါပဲ..
ခရီးထွက်တဲ့ သူတွေအတွက်အိမ်လွမ်းရတဲ့ အလွမ်းကအတော်ပေါ့ပါးပါတယ်.
သူတို့ ကသွားနေရရင်ကိုပျော်နေတတ်တာကိုး..ပြီးတော့သူတို့ ပြန်ချင်တဲ့ အချိန်ပြန်လို့ ရတဲ့ 
အခြေအနေ..
သူတို့ ရဲ့ စိတ်ထဲမှာပြန်ရမယ်ဆိုတာသေချာပြီးသားပါ..
အခြေအနေအရခွဲနေရသူတွေအတွက်တော့ဒီလိုမဟုတ်ပါ..
အခြေအနေအရဆိုတာအမျိုးမျိုးဖြစ်နိုင်ပါတယ်..ပညာရေးအတွက်၊စီပွားရေးအတွက်.အခြားသော
အခြေအနေတွေအတွက်..
ဒီနေ့ ခေတ်မှာအိမ်နဲ့ ခွဲနေရတဲ့ လူတွေဟာတော်တော်များလာပါတယ်..


အများစုကတော့စီးပွားရေးအခြေအနေအရအဝေးမှာအလုပ်လုပ်နေကြရတဲ့ သူတွေများပါတယ်.
ပညာရေးအတွက်ခွဲနေရသူတွေလည်းရှိပါရဲ့ ..အများစုကနယ်ကနေရန်ကုန်လောက်ပါပဲ..
နီးသေးတယ်ပေါ့လေ..ကိုယ့် မြေကိုယ့် ရေမှာပဲရှိနေတာဆိုတော့တော်ပါသေးတယ်.
နိုင်ငံခြားထိပညာသင်နိုင်တဲ့ သူတွေတော့လူနည်းစုလောက်ပါပဲ..
ဘာပဲဖြစ်ဖြစ်ဒါကလည်းအိမ်နဲ့ ခွဲနေရခြင်းတစ်မျိုးပေါ့လေ..
ဒီနေ့ မှာတော်တော်များများကစီးပွားရေးအတွက်အဝေးမှာအလုပ်လုပ်ကြရတဲ့ သူတွေများလာပါတယ်..
နိုင်ငံခြားထွက်အလုပ်လုပ်ကြတဲ့ လူငယ်တွေများလာပါတယ်..
လူငယ်တွေရဲ့ စိတ်ထဲမှာကျောင်းပြီးရင်သင်တန်းမျိုးစုံတက်ရမယ်.နိုင်ငံခြားထွက်ရမယ်ဆိုတဲ့ စိတ်က
အလိုလိုနေရာယူထားပြီးသားဖြစ်နေပါတယ်..ဘာလို့ လဲ???
သူတို့ တွေကနိုင်ငံခြားမှအထင်ကြီးကြတာလား?
နိုင်ငံခြားသွားမှလူအထင်ကြီးမှာမို့ လို့ သွားချင်ကြတာလား..
ကိုယ့် နိုင်ငံ၊ကိုယ့် လူမျိုး၊ကိုယ့် ယဉ်ကျေးမှုကိုတန်ဖိုးမထားလို့ လား..
ကျွန်မတော့ဒီလိုမထင်မိပါ..ကျွန်မကိုယ်တိုင်ကလည်းအခြေအနေအရအပြင် ထွက်အလုပ်လုပ်နေရတာလေ..လူတိုင်းကကိုယ့် အိမ်၊ကိုယ့် မြေ၊ကိုယ့် ရနံ့ ကိုချစ်မြတ်နိုးကြမှာပါ..
ဒါဆိုဘာလို့ နိုင်ငံခြားထွက်ဖို့ သာအာရုံထဲမှာရှိနေကြရတာလဲ.ဒါကလည်းရှင်းပါတယ်..
အခြေအနေကြောင့် ပါ..
လူတိုင်းကကိုယ့် အနာဂတ်အတွက်သေချာတဲ့ အခြေအနေတစ်ခုကိုလိုချင်ကြမှာပဲလေ..
ဒီနေရာမှာလဲအငြင်းပွားစရာရှိပါတယ်..ကိုယ့်နိုင်ငံထဲမှာပဲနေရင်အနာဂတ်ဟာမသေချာတော့ဘူးလား..
စုတ်ပြတ်သတ်နေတော့မှာလား..ဒီနိုင်ငံမှာနေပြီးချမ်းသာနေတဲ့ လူတွေတစ်ပုံကြီးလို့ ပြောစရာရှိပါတယ်..
ဒါပေမဲ့ သေချာတွက်စစ်ကြည့်ရင်ဒီနိုင်ငံမှာချမ်းသာနေတဲ့ လူဦးရေကလူနည်းစုပဲရှိပါတယ်..
သူတို့ တွေကိုလေ့ လာကြည့် ရင်လည်းသူတို့ ရဲ့ နောက်ခံအခြေအနေကတောင့် တင်းပြီးသား၊
ဘိုးဘွားမိဘတွေကလမ်းခင်းပေးပြီးသားတွေများပါတယ်။
ကိုယ့်ဒူးကိုယ်ချွန်ကြီးပွားလာကြတဲ့ လူတွေဆိုတာရေတွက်လို့ ရပါတယ်..
ဒီတော့အဲဒီနည်းပါးလှတဲ့ လူဦးရေထဲမှာကိုယ်ပါဝင်နိုင်ဖို့ ဆိုတာမလွယ်လှတဲ့ ကိစ္စဖြစ်နေပါတယ်..
ဒါကြောင့် လူတွေတော်တော်များများကနိုင်ငံခြားထွက်အလုပ်လုပ်ဖို့ ပဲကြိုးစားလာကြပါတယ်..
ချမ်းသာကြွဝဖို့မသေချာပေမဲ့ ဒါကထွက်ပေါက်တစ်ခုတော့ဖြစ်နိုင်ကောင်းတယ်ဆိုပြီးပေါ့လေ.
ကျွန်မတို့ တွေမမှားဘူးလို့ ထင်ပါတယ်..ဘာလို လဲဆိုတော့အနာဂတ်အတွက်ဆိုပေမဲ့ 
လောလောဆယ်ကိုယ့် မိသားစုအတွက်ကိုယ့်မြေကိုယ့်ဒေသကိုစွန့် ခွာပြီးအလုပ်လုပ်ဖို့ ကြိုးစားကြတာပါ..
မစဉ်းစားပဲနေမလား..ဘာသာမတူ၊လူမျိုးမတူ၊အယူအဆတွေမတူကြတဲ့ လူတွေကြားထဲမှာနေရမဲ့ ဒုက္ခကို.
တချို့ ဆိုရင်ဟိုမှာဘာလုပ်ရမလဲတောင်မသိပဲနဲ့ ထွက်သွားရတဲ့ လူတွေ..
သူတို့ ရင်ဆိုင်ရမဲ့ ဒုက္ခတွေကိုစဉ်းစားသာကြည့်ပါတော့..
ဒါပေမဲ့ သူတို့ တွေရင်ဆိုင်နေကြတယ်..ငါ့ မိသားစုအတွက်၊ငါ့ အဖေ၊ငါ့အမေအတွက်..
ကျောင်းမပြီးသေးတဲ့ ညီ၊ညီမတွေအတွက်ဆိုပြီးတော့အားတင်းနေကြတယ်..
ကိုယ်ရဲ့ အလုပ်မှာအဆင်ပြေအောင်ကြိုးစားရင်းမိဘတွေကိုလည်းနှစ်သိမ့် ဖို ကြိုးစားကြရတယ်..
ကိုယ်ဘယ်လိုပဲဒုက္ခရောက်နေနေအဆင်ပြေပါတယ်အဖေ.အဆင်ပြေပါတယ်အမေ
..တော်တော်လေးကိုအဆင်ပြေတာဆိုတာကိုတွင်တွင်ပြောရင်းဘ၀ကိုရင်ဆိုင်နေကြတဲ့
သူတွေဘယ်လောက်များနေပြီလဲ..တချို့ လဲမခံစားနိုင်လို့ ပြန်ချင်ပေမဲ့ သူတို့ ရဲ့ လက်ရှိ
အခြေအနေကပြန်ဖို့ မဖြစ်နိုင်သေးဘူး..တချို့ ဆိုစိတ်ပင်ပန်းလူပင်ပန်းတဲ့ ဒဏ်တွေနဲ့ ချုံးချုံးကျလို့ .
စိတ်ဓာတ်ကျတဲ့ သူကကျ..စိတ်ဓာတ်ပျက်စီးတဲ့ သူကပျက်စီးနဲ့ ..
တချို့ မိန်းကလေးတွေဆိုဘ၀တောင်ပျက်ရတဲ့ အထိ..ကိုယ့် မြေနဲ့ အဝေးမှာဖြစ်ပျက်နေတာတွေ..
ကြားရရုံနဲ့ တောင်တော်တော်ရင်နာဖို့ ကောင်းပါတယ်..
တချို့ ဆိုလဲပြန်လာချင်တာတောင်မိဘတွေကတစ်နှစ်လောက်တော့နေပါဦး.
အငယ်ကောင်ကျောင်းပြီးတဲ့ အထိ..ဆိုင်လေးတစ်ဆိုင်လောက်တော့ဖွင့် နိုင်တဲ့ အထိ
စုပါဦးဆိုတာမျိုးတွေ..
ကဲ..ကိုယ့် သားသမီးက ကိုယ့် အရိပ်ကိုပြန်ချင်တာကို ပြန်မလာပါနဲ့ လို့ 
တားရတဲ့ မိဘတွေရဲ့ ရင်ထဲမှာရော..ဘယ်လိုနေမလဲ ?နာကျင်နေမှာသေချာပါတယ်..
မိဘတွေကလည်းမိသားစုစုံညီတဲ့ ထမင်းဝိုင်းကိုမြင်ချင်ကြသလို.အဝေးရောက်
သားသမီးတွေကလည်းအမေ့ အိမ်ကထမင်းဟင်းကိုနေ့ စဉ်နဲ့ အမျှတမ်းတမိကြမှာပါ..
ကျွန်မကိုယ်တိုင်လဲဒီလိုပါပဲ..ဖြစ်နိုင်ရင်အိမ်မှာပဲနေပြီးမိသားစုနဲ့ အတူသာအားလုံးကို
ရင်ဆိုင်ချင်ပါတယ်..ဒါပေမဲ့ .ဒါကစိတ်ထဲကဖြစ်ချင်တဲ့ ဆန္ဒပဲဖြစ်ပါတယ်.
တကယ့် တကယ်မှာတော့ကျွန်မအဝေးကြီးမှာနေတာကကျွန်မမိသားစုအတွက်
ပိုအဆင်ပြေတာလေ..အတော်လေးမြှင့် တက်လာတဲ့ အငယ်တွေရဲ့ကျောင်းစရိတ်..
အချိန်နဲ့ အမျှတက်လာနေတဲ့ ကုန်ဈေးနှုန်း.အသက်ကြီးလာတာနဲ့ အမျှချို့ ယွင်းလာမယ့်
မိဘတွေရဲ့ ကျန်းမာရေးအခြေအနေတွေ.
ကျွန်မဘယ်လိုအိမ်ပြန်နိုင်ပါ့ မလဲ..???
ဒီလိုပြောလို့ ..ကျွန်မကိုမရောင့် ရဲနိုင်သူလို့ ထင်နိုင်ပါတယ်..
တကယ်တော့အပြင်မှာလုပ်တဲ့ ဝင်ငွေရဲ့ တ၀က်လောက်သာရနိုင်မယ်ဆိုရင်ကျွန်မ.
ကိုယ်ချစ်တဲ့ မြန်မာပြည်မှာ ကျွန်မချစ်တဲ့ မိသားစုနဲ့ သာနေပြီး..ဒီတ၀က်ထဲသော
ဝင်ငွေကိုလောက်အောင်သုံးနိုင်ပါတယ်..
အပြင်မှာလုပ်တဲ့ အလုပ်ချိန်အတိုင်းလုပ်ပြီးတော့.ကိုယ့် မိသားစုကိုစောင့် ရှောက်နိုင်မယ်ဆိုရင်
ကျွန်မအပြင်ကိုမထွက်ပါဘူး..ကိုယ့် မြေပေါ်မှာပဲနေမှာပေါ့..
အပြင်ကလူတော်တော်များများကလည်းဒီလိုပဲဖြစ်မှာပါ..လူတိုင်းကအခြေအနေအရသာ
အိမ်နဲ့ ခွဲခွာပြီးအဝေးမှာနေကြရတာပါ..
တကယ်တော့..ကိုယ့် ရေကိုယ့် မြေကိုတမ်းတကြတာပါပဲ.
ကိုယ့်ဘာသာသာသနာ၊ကိုယ့် ယဉ်ကျေးမှုအကျင့် စရိုက်တွေနဲ့ သာနေသားတကျ
ရှိနေချင်ကြပါတယ်..
တကယ်လို့ များ..
ကိုယ့် မိသားစုအတွက်လုံလောက်တဲ့ စောင့်ရှောက်မှုကိုပေးနိုင်မယ့်
ကိုယ့် အနာဂတ်အတွက်ရေရာတဲ့ မျှော်လင့် ချက်တွေထားနိုင်မယ့်
အခြေအနေ၊အနေအထားတစ်ခုသာမြန်မာနိုင်ငံရဲ့ ကောင်းကင်အောက်မှာပေါ်ပေါက်လာမယ်ဆိုရင်..
ချစ်သောအမိမြေပေါ်မှ..အသိုက်အမြုံဆီကိုပျော်ရွှင်စွာပြန်လည်ခိုဝင်လာကြမယ့်
အဝေးရောက်သားသမီးများနဲ့ မိဘတွေရဲ့ ပျော်ရွှင်ပီတိအပြုံးတွေကြောင့် 
မြန်မာပြည်ရဲ့ ကောင်းကင်မှာအရောင်တွေလင်းလက်တောက်ပသွားမယ်ထင်ပါတယ်..
နှင်းမှုန်ရည်
  

3 comments:

Unknown said...

ဆက်​လက်​ဖတ်​ရှုပါရန်​က ဖတ်​ရှုလို့မရပါ post တိုင်းအဲ့ဒီလိုပါပဲ

Unknown said...
This comment has been removed by a blog administrator.
မြန်မာ ကမ္ဘာသစ် said...

ဖတ်လို့ရနေပါတယ် တခြားပိုစ့်တွေ ဖတ်ကြည့်ပါဦး

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>