2 3 4 5 6 7 8 9 10

Thursday, March 12, 2015

လေညင်းကလေး


လေညင်းကလေး..
မင်းဟာ အေးမြအောင်လည်း လုပ်ပေးတယ်။
ငါတို့  ခံစားရတယ်။
နှလုံးသားက တစ်ဆင့်ပေါ့။
မင်းဟာ အဆင်းလည်းရှိတယ်။
ငါတို့  မြင်ရတယ်။
တိမ်စိုင်ကလေးတွေက တဆင့်ပေါ့။
မင်းဟာ စကားလည်းပြောတတ်တယ်။
ငါတို့  ကြားရတယ်။
သစ်ရွက်ကလေးတွေက တဆင့်ပေါ့။
ဒါပေမယ့်
မင်းရဲ့  မျက်နှာကိုတော့
ဘယ်တော့မှ မပြဘူး။
ငါတို့ ရဲ့  မေတ္တာတရားကို
မုန်းတီးလို့ လားကွယ်။

 မောင်ဒီ ( လုပ်သားကောလိပ် )


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>