2 3 4 5 6 7 8 9 10

Saturday, June 23, 2012

မြေလတ်မြို့ တော် မကွေး


မကွေးမြို့  ....


မြန်မာနိုင်ငံမြေပုံမှာ ကြည့်လိုက်မယ်ဆိုရင် အလယ်ပိုင်းဒေသမြို့လေး တစ်မြို့ပါ။ သာယာအေးချမ်းပြီးနေချင့်စဖွယ်ကောင်းတဲ့ မြို့လေးပေါ့၊ စီးပွားရေးလုပ်ရကိုင်ရတာလမ်းပွင့်ပြီး ခောတ်မှီတဲ့မြို့လေး တစ်မြို့ပါပဲ။ စက်မှု့၊လက်မှု့ တိုးတက်ပြီး ကျောင်း၊ တက္ကသိုလ်ပေါင်းစုံရှိတဲ့ ရှိတဲ့မြို့လေးပါ။စေတီကျောင်းကန် ဘုရားပေါင်းမြောက်များစွာရှိတဲ့မြို့ ဆိုလဲ မမှားပါဘူး။ “မကွေးမြို့“ လို့ကြားလိုက်တဲ့လူတိုင်းက မြသလွန်ဘုရား နဲ့ ဧရာဝတီတံတား ကိုတော့တွဲလျှက်မြင်ကြမှာပါ။



နယ်မြို့လေး တစ်မြို့ ဖြစ်ပေမယ့်လည်း နယ်မြို့နဲ့မတန်အောင်ကိုပဲ တိုးတက်မှု့က အရမ်း ခောတ်မှီပါတယ်။
 .မကွေးမြို့မှာ သမိုင်းဝင်ဘုရားပေါင်းမြောက်များစွာ၇ှိပေမယ့်လည်း မြသလွန်ဘုရားက တော့ လူသိများ ထင်ရှားပါတယ်။ မြသလွန်ဘုရားလို့သာအခေါ် အဝေါ် လူသိများကြပေမယ့်အမှန်ကသာသနာ သက္ကရာဇ် (၁၂၈) ခု တပေါင်းလပြည့်နေ့မှာ ဧရာဝတီ မြစ်ရေနှင့် အညီအမျှ တည့်တည့်ချိန်ပြီးတော့ များလှစွာသော စတုလောကပါလ၊ သမ္မာဒ၀၊ ယက္ခ၊ ယက္ခီ၊ဒေ၀ီ၊ ဒေ၀ါ၊ ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ တို့တိုင်ပင်ကြပြီး မကောင်းမိဇ္ဇာရန်တို့ကြောင့် ပျောက်ကွယ်ပျက်စီးခြင်းမ၇ှိနိုင်အောင်ဂေါတမမြတ်စွာဘုရား ကျိန်းစက်တော်မူခဲ့တဲ့ မြသားအတိပြီး မြသလွန်တော်၊ ကသာပမြတ်စွာဘုရား ကျိန်းစက်တော်မူခဲ့တဲ့ ရွှေသားအတိပြီး ရွှေသလွန်တော်
တို့ကိုရတနာအတိပြီးတဲ့ ရွှေလှေကြီးနှစ်စင်းမှာ တင်ဆောင်ပြီးတောာ့ ပဲ့နင်း၊ပဲ့ချိတ် တပ်သား အစုံ ပုံတောင်၊ စည်မောင်း ငြိမ့်ညောင်း သံသာ တူ၇ိယာ တီးမှုတ်တဲ့ လူပုံစံ စီမံ ပြုလုပ် ရွှေရုပ် ခတ်သွင်းပြီး ယန္တယား ခလုတ်၊လက်နက်ကိုင် စက်ရုပ်တွေနဲ့ ပြုလုပ် တီထွင်ပြီးတော့၊ အကာအရံ့ အဖြစ်ကျောက်ဖျာ ကြီးလေးချပ် ကို ဘေးပတ်လည်က ခိုင်ခံ့စွာ ကာရံ အထက်မှလည်းကျောက်ဖျာကြီး တစ်ချပ်ကို ဖုံးအုပ်ပြီး ပကတိမြေသားနှင့် အညီ စီမံဌာပနာခဲ့ပါတယ်။ ဧရာဝတီမြစ်ရေ အတက်၊ အကျကိုလိုက်ပြီး ရွှေလှေကြီးနှစ်စင်း မှာလည်း ရေနဲ့အညီ တက်လိုက် ကျလိုက်ဖြစ်တက်ပါတယ်။
မြတ်စွာဘုရား၇ှင်ရဲ့ သလွန်တော်ကို ကိုးကွယ်ရန် တောင်းပန် ပင့်ဆောင်ခဲ့တဲ့ ဘောကျော်၊ ဘောသော ၊ ဘောသူရ၊ဘောရသဘီလူး ညီနောင်လေးယောက်တို့ လူသားစင်စစ် ဖြစ်သော အခါမှ သာ ဌာပနာထားခဲ့သည်ကိုစေတီ အဖြစ် တည်ထား ကိုးကွယ်တော်မူခဲ့ပါတယ်။ မင်းအဆက်ဆက်ပြုပြင်ကိုးကွယ်မှု့ပေါ်မူတည်ပြီးတော့ ယခုဆိုရင် မြသလွန်စေတီတော်မြတ်ကြီးကိုရွှ သင်္ကန်း အသစ်ကပ်ခြင်း၊ဘုရားရင်ပြင်တော့ချဲ့ခြင်း၊ အောက်ခံကြွေပြားများအသစ်လဲလှယ်ခြင်း တွေနဲ့အတူ ဘုရားဖူး လာရောက်ကြတဲ့ လူအများရဲ့စိတ်ကိုသဒ္ဒါပိုစိတ်ဖြစ်စေရန်လည်းကောင်း၊ ၊ပိုပြီး သက်တောင့်သက်သာ ကျယ်ကျယ်ဝန်းဝန်း ဖူးမျှော်နိုင်ရန်သော်လည်းကောင်း သွားရလာရ ပိုပြီးအဆင်ပြေစေရန်သော်၎င်း အစရှိသဖြင့် အဖတ်ဖတ်မှတက်နိုင်သလောက် အဆင်ပြေစေရန်ပြောင်းလဲပေးထားပါတယ်။



.......... မြတ်စွာဘုရားရှင်ရဲ့ သလွန်တော်ကို ပင့်ဆောင်ခဲ့ကြတဲ့ဘီလူးညီနောင်တို့ရဲ့ရုပ်တုတွေကို ဘုရားမုဒ် အ၀င်ဝမှာ ဘီလူး ရုပ်တု နှစ်ခု၊ရင်ပြင်တော်အနီးတွင် ဘီလူးရုပ်တု နှစ်ခုကိုကျေးဇူးဆပ် အသိအမှတ်ပြုတဲ့ အနေနဲ့ ထုလုပ်ပူဇော်ထားပါတယ်။ တချို့ကလည်းထိုဘီလူးများကိုပူဇော်ပသခြင်းက လာဘ်လာဘကို တိုးပွားစေတယ် ဆိုတဲ့အယူရှိကြပါတယ်။ မကွေးမြို့ ကို ဘီလူးစောင့်တဲ့ နယ်မြေလို့ လူပြောများကြပါတယ်။ ကြမ်းတမ်းခက်ထန်ပါတယ်လို့ အယူ၇ှိကြတဲ့ဘီလူးများစောင့်သော နယ်မြေ ဖြစ်ပေမယ့်လည်း မကွေးမြို့မှာ ဘယ်သောအခါမှအန္တရာယ် ပြင်းပြင်းထန်ထန် ကျရောက်ခြင်း မရှိခဲ့ဖူးပါဘူး။ မြသလွန်စေတီတော်မှာ ဘီလူးရုပ်နှစ်ဆယ်ကျော်(အတိအကျမသိသောကြောင့်)တလက်ရာတည်း တစ်ပုံတည်း သွန်းလုပ်ထားပါတယ်။
အားလုံးသော ဘီလူးရုပ်များလည်း တစ်လက်ရာတည်း အံ့သြစရာကောင်းလောက်အောင်တူပေမယ်လို့ ဘီလူးရုပ်တစ်ရုပ်ကတော့
ဘယ်လိုထုထု ရယ်တဲ့ပုံပဲ ထွက်လာပါတယ်။ ရယ်နေတဲ့ဘီလူးရုပ်ကြိုမို့ခံ မဟုတ်တဲ့သူတွေ ပြန်ရယ်ပြရင် မကွေးသား/ သူများနဲ့ အိမ်ထောင်ကျတက်တယ်လို့လဲပြောကြပါတယ်) ။ မကွေးမြို့မှာ လ အလိုက် ပွဲတော်ကြီးများလည်းရှိပါတယ်။ ပွဲတော် ကြီး တွေထဲမှာမှ အထင်ရှားဆုံးနဲ့လူသိအများဆုံးပွဲတော်က သီတင်းကျွတ်လမှာကျင်းပတဲ့မြသလွန်ပွဲတော်ပဲ ဖြစ်ပါတယ်။ စည်စည်ကားကား စုံစုံ လင်လင်နဲ့ ခင်းကျင်းပြသရောင်းချ မှု့တွေလည်း ပါ ပါတယ်။


..........မကွေးမြို့မှာရှိတဲ့ လူအများအတွက် ဧရာဝတီမြစ်ကိုကန့်လန့်ဖြတ်ပြီး မားမားမတ်မတ် လမ်းပန်း ဆက်သွယ်ရေးအတွက် ကူညီပေးနေတာ“ဧရာဝတီတံတား“ကြီးပါ။ နံနက်ခင်းတံတားလျှောက်လမ်းမှာ ကျန်းမာရေးလိုက်စားသူတွေက ပြေးလိုက် လမ်းလျှောက်လိုက်နှင့် အဆင်ပြေရုံမကဘဲ ၊ညနေဆည်းဆာ နေ၀င်ချိန်မှာ တံတားပေါ်လေညှင်းခံရင်း ဘေးဘီဝဲယာ သဘာဝ အလှတရား များကို ငေးကြည့်ရတဲ့အရသာကလည်း အရမ်းကိုသာယာကြည်နူးဖို့ကောင်းပါတယ်။ တံတားအောက် ညနေခင်း မုန့်ဆိုင်တန်းတွေမှာကြိုက်တဲ့ဆိုင်ဝင်ပြီး ကြိုက်တဲ့ အစားအစာမှာစားရင်း ဧရာဝတီမြစ်ကို အရသာ ကြည့်နေရတဲ့ အရသာ ကလည်းကြည့်နူးစရာပါပဲ။ နေ၀င်ချိန်မှာ ဧရာဝတီမြစ်ကိုအောက်ခံထား ကြက်ဥနှစ်ရောင် နေလုံးကြီး ကို နောက်ခံထားပြီး ရွက်လွင့် ထားတဲ့လှေလေးတွေကို ကြည့်နေရတာဟာ အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကား တစ်ချပ်ကိုကြည့်နေရသလိုပါပဲ။ စသည်ဖြင့်စသည်ဖြင့်ပေါ့နော်...မကွေးရဲ့ အလှ အပ တွေကိုပြောရရင်တော့ စာစီလို့တောင်ကုန်နိုင်ဖွယ်မရှိပါဘူး။

မြို့ ပြင်တစ်နေရာ

..........ဒီလိုမြတ်စွာဘုရားနှစ်ဆူရဲ့ ကိုးကွယ်ရာ အစစ် သလွန်တော်နှစ်ခုနဲ့အတူ လှပမှု့အများအပြား စုဝေးထားတဲ့ သဘာဝရေမြေ ရှု့ခင်းတွေနဲ့သာယာလှပတဲ့ မကွေးမှာ မွေးဖွား ကြီးပျင်းခဲ့ရတာ ကျွန်မကိုယ် ကျွန်မ ဂုဏ်ယူပါတယ်။ဒီလိုသာယာလှပတဲ့ မကွေးမြို့ကြီး ကိုဘုရားဖူးရင်း လိပ်ဥတူး ..အဲ..သဘာဝအလှတရားမှာကို လာရောက်ခံစားကြဖို့ အလည်လာခဲ့ပါလို့ ကမ္ဘာသစ်က
ညီအကိုမောင်နှမ အားလုံးကို ဒီပို့စ် မှ ဖိတ်ခေါ်လိုက်ရပါတယ်။
ဆွေးနွေးခန်းမှာ ဖော်ပြခဲ့ဖူးပါတယ် ခု blog post အနေနဲ့ ပြန်လည်တင်လိုက်တာပါ

ကြည်မျိုးခိုင်( မကွေးမြို့ )
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>