2 3 4 5 6 7 8 9 10

Thursday, August 30, 2012

နံနက်သဘင်

 

နံနက်ခင်းဝယ်
မိုးမင်းဗျူဟာ၊ ဆုတ်တုံ့ခွာသော်
ရာဇာပီပီ၊ နေနီနီသည်
နေခြည်သရေ၊ ဖြန့်လွှတ်ဝေ၏။

တေးတျာချိုနု၊ ငှက်ဆွေစုသည်
ညုတုံ နွဲ့တုံ၊ ၀ိုင်းတော်ချုံမှ
တီးဗုံ ပတ်သာ၊ နှဲတံမြွာသို့
ညံစာကြွေးရင့်၊ တင့်လည်းတင့်၏။

ဝင်းဝင့်ပြိုးပြောင်၊ ဤ ပညောင်၌
နေရောင်ပြေးလျှပ်၊ ငွေရောင်ခတ်သော်
မိုးနတ်သူဇာ၊ ဤအခါဝယ်
ဘုံသာဆောင်မှ၊ ဆင်းလာကြွ၍
သီက နေမည် ထင်မိ၏။

ဇော်ဂျီ ( ၁၉၃၂ )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>