2 3 4 5 6 7 8 9 10

Wednesday, March 4, 2015

နွေကြိုရနံ့



ငုဝါပိတောက်၊ လမ်းပျောက်တဲ့နှင်း
ချွတ်နင်းတေးသံ၊ နာခံငေးရင်း
သင်း.. ခြေရာဖျောက်၊ နွေရောက်တော့မည်..။

ချစ်ဆွေမျှော်တွေး၊ လွမ်းရေးမရှက်
သည်ငှက်ကြောင့်လေ၊ နွေရောက်တော့မည်..။

မြလွှာရင်ဝတ်၊ လျှောကျွတ်မတက်
ရွှေခပ်ပွင့်ဖူး၊ သီကျူးရဲစွ
အလှဖွင့်လို၊ အပျိုစင်စိတ်
တရိပ်ရိပ်ဝေ၊ နွေရောက်တော့မည်..။

ဘယ်တိမ်းညာကြွ၊၊ ယိမ်းကကျင့်ဟန်
ဒိုးသံလွင့်ဖိတ်၊ တို့ဆိတ်မြှူနှောက်
နွေရောက်တော့မည်..။
တရော်ကင်ပွန်း၊ မွှေးလွန်းနံ့သာ
လှူစရာကြိုစု၊ ပန်းငုခူးပြန်
ပူညံဆူညံ၊ ရယ်သံသောဖောက်
နွေရောက်တော့မည်..။

နွေကြိုရနံ့၊ ဆွတ်ပျံ့ လက်တို့
တူးပို့သီချင်း၊ ရင်တွင်းမှာခုန်
ငယ်ဂုဏ်မှန်းဆ၊ နွမ်းလျလိပ်ပြာ
မတားသာပြီ ..
“မြနန္ဒာ.. နေညိုညို ရစ်ကာသန်းတော့” …။

ပြင်စည်အောင်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>