အကယ်၍သာ၊ ငါ့သည်းညှာသည်
များစွာဖိုးထား၊ ပတ္တမြားသို့
ကျောက်သားမြုတေ၊ ဖြစ်ပါလေမူ
ထုချေရိုက်ခွဲ၊ ပိုင်းပိုင်းထဲမှ
တွဲရွဲညာညီ၊ တစ်လုံးစီကို
ကုံးသီရွရွ၊ ပိုးကြိုးစနှင့်
နှမလည်တွင်၊ ငါဆွဲဆင်အံ့..။
အကယ်၍သာ၊ င့ါသည်းညှာသည်
ချပ်လွှာသေးသေး၊ ရနံ့မွှေးသည့်
ငုံကွေးမာလာ၊ ပန်းဖြစ်ပါမူ
ရိုးညှာကိုဖြတ်၊ ငါချူဆွတ်၍
လှထွတ်မေညာ၊ မင့် ကေသာဝယ်
ပန်ပါစေချင်၊ ငါလျှင်ဆင်အံ့...။
ရာဘင်ဒြာနတ်တဂိုး
No comments:
Post a Comment