ငါ့ညီပြောင်ဝင်း၊
မောင်သစ်ဆင်း
မင်းက
မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊
စိတ်စက် မကောင်း
စိတ်ထောင်း
ကိုယ်ကြေ၊ တခွေခွေသည်
နေထိ
ကြွေမည့် ပန်းယဉ်အိ..။
လှိုင်း၏အယောင်
ဆောင်ပြိုင်
သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊
စပယ်ထပ်နှင့်
ပန်းကပ်
ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက
မျှော်မှန်း၊ မင်း ယော်ယမ်းသည်
ပန်းအိ
နေထိ ကြွေတော့မည့်..။
မကောင်း
မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ်
ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊
မင်း တက်ဖာပေါ့
အကာ
အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊
မင်းဆက်ပြင်ပေါ့
အခွင်
အနဲ့၊ အရွဲ့အစောင်း
မကောင်း
မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း
သစ်စေမင်း..။ ။
ဇော်ဂျီ
( ၁၉၆၈ )
No comments:
Post a Comment