2 3 4 5 6 7 8 9 10

Friday, April 26, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၄ )



မရေမရာ၊ ပညာမရှု၊ မင်းတို့မှုကို၊ ဂရုမစိုက်၊ ထုံးမလိုက်လင့်၊ ဘေးရိုက် ဘ,ရာ၊ နွယ်လိုက်ဖြာလျက်၊
မဟာသမ္မတ၊ ကမ္ဘာစ က ၊ ဗြဟ္မာ့မျိုးရင်း၊ မင်းတို့တန္တီ၊ ပဝေဏီနှင့်၊ ညီစေအစဉ်၊ နတ်လမ်းယှဉ်၍၊ ဓမ္မဉ္စရ၊ ဟောပြတတ်သူ၊ ညွတ်ကြည်ဖြူလော့၊ လူ မဟုတ်သေး၊ သမင် ခွေးနှင့်၊ ကျေးသား ဆက်ရက်၊ ခင်ပုပ်ငှက်က၊ ဆတ် ၀က် ဥဒေါင်း၊ ဗောဓိလောင်းတို့၊ ကျင့်ကောင်းဟောရာ၊ မြတ်နိုးစွာဖြင့်၊
လိုက်နာမချို့၊ နှစ်လိုမြှောက်ခြီး၊ နန်းနှင့်ထီးပါ၊ ပြည်ကြီးပူဇော်၊ နတ်ပြည်ကျော်သည်၊ သူတော်တကာ၊ များရာဇာတို့၊ နတ်ရွာဆုယူ၊ မှတ်တည်မူလော့၊ လူတို့သဘော၊ မနောစင်ဖြူ၊ ကောင်းသောသူနှင့် ၊ ပေါင်းဘက်သင့်က ၊ ကောင်းကျင့်ကောင်းမူ၊ မကောင်းသူနှင့်၊ အတူပေါင်းမှု၊ မကောင်းတုကို၊ လိုက်ပြုတတ်စွ၊ ဤလောကနှိုက်၊ တံငါ့အိမ်ပါး၊ တံငါလားဟု၊ ဆိုငြားမှန်ဘိ၊ ယွင်းမယှိတည့်၊ တမိဝမ်းအောင်း၊ ရသေ့ကျောင်းနှင့်၊ ဆိုးတောင်းယုတ်မာ၊ ခိုးသူ့ရွာသို့၊ ရောက်ရှာကုန်ကြ၊ သူဝနှစ်ကောင်၊ ကျေးညီနောင်တို့၊ တကောင်မှာသော်၊ သူတော်အလေ့၊ သိမ်မွေ့လိမ္မာ၊
တကောင်မှာမူ၊ ၀ါစာဖရုသ်၊ ကြမ်းကြုတ်စရိုက်၊ ရုန့်ရင်းမိုက်ရှင့်၊ မှတ်ပိုက်တဖြာ ၊ ရှေးသော့ခါနှိုက်၊
မဟိလာ မုခ၊ ပြောင်မုန်လှနှင့်၊ ပဏ္ဍ၀ မည်လျှင်း၊ စီးတော်မြင်းလည်း၊ နီးရင်းနေသူ၊ စောင့်ထိန်းလူကို၊ အတူသင်နိုး၊ တုလိုက်ခိုး၍၊ နင်းချိုးသတ်ပုတ်၊ လွန်ကြမ်းကြုတ်နှင့်၊ ခုတ်ခုတ်ခြေသံ၊ နာခံမကောင်း၊ အသွားပြောင်း၍၊ နှောင်းမှပြုပြင်၊ သွန်သင်သဖြင့်၊အသင့်ဖြစ်ပြန်၊  တိရစ္ဆာန်မျိုး၊ ကောင်း,ဆိုး ရိုင်း,ယဉ်၊ ဂုဏ်ထူးယှဉ်၏၊ ၀ိညာဉ်မဲ့ဘိ၊ စိတ်ယှိသတ္တ၀ါ၊  မဟုတ်စွာသေး၊ တမာ ခွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဘက်၍၊ သရက်ချိုမြ၊ ဘန္တရလျက်၊ ကွယ်ပအပြီး၊ အခါးသီး၏၊
မနီး စကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူနှီးနှော၊ဖျက်တက်သောကြောင့်၊
သဘောမကြည်၊ ဆိပ်မျိုးရည်နှင့်။ မြား ကျည် ငါးပုပ်ပမာတည်း။

မန်လည်ဆရာတော်ဘုရားကြီး
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>