2 3 4 5 6 7 8 9 10

Thursday, February 14, 2013

ချစ်သူ ( မောင်စိန်ဝင်း - ပုတီးကုန်း )





မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်..။
အလွန်ဝေးကွာသည့် အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်..။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည်..။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်စေမည့်အရာမှာ ..
ချစ်သူသာ ဖြစ်၏..။

မောင်စိန်ဝင်း ( ပုတီးကုန်း )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>