2 3 4 5 6 7 8 9 10

Thursday, May 2, 2013

ဆည်းလည်း ဆွဲလဲ ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      စေတီတော်တို့၏ ထီးတော်အောက်ဆုံးအဆင့် သံခွေ၌ ချိတ်ဆွဲပူဇော်ထားသော အသံသာယာစွာ မြည်တတ်သည့် အရာဝတ္ထုများကို အချို့က ခေါင်းလောင်း၊ အချို့က ဆွဲလဲဟု အငြင်းပွားလျက် ရှိကြပါသည်။ သို့ အတွက်ကြောင့် အမည်နာမ အမှန်ကို အငြင်းပွားသူတို့ စိတ်နှလုံးအေးလောက်အောင် ဖြေကြားပေးတော်မူပါဘုရား။

                                                         ဒကာတော်များ၊ အင်းမမြို့၊ မကွေးတိုင်း။




ဖြေ။    ။ “ခေါင်းလောင်းသံညည်း၊ ရွှေဆည်းလည်း၊ ချည်းချည်းသံလွင်လွင်” ဆိုသည့် အတိုင်း ခေါင်းလောင်းနှင့် ဆည်းလည်း ( ဆွဲလဲ ) သည် ပုံစံတူဖြစ်လျက် အကြီးအသေးသာ ကွာခြားပါသည်။ စေတီတော်တို့၏ ထီးတော်၌ ဆွဲထားသော ခေါင်းလောင်းငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်း ဟုသာ ခေါ်ပါသည်။ တွဲလဲဆွဲသည် ဟူသော မြန်မာဝေါဟာရ စကားသံအတိုင်း အများအားဖြင့် ဆွဲလဲဟု ခေါ်ကြပါ၏။ မြန်မာ အဘိဓာန်တွင် “ဆည်းလည်း - န/ဆွဲလဲ/ ၁။ လေတိုက်လျှင် လှုပ်ခတ်ရန် ညောင်ရွက်ဆွဲ အဆန်ထည့်ထားသည့် ခေါင်းလောင်း ငယ် ( စေတီထီးတော်တွင် ဆွဲတပ်လေ့ရှိသည် ) “လေညင်းလာက၊ ပဉ္စင်္ဂလည်း၊ မြမြချည်းချည်း ၊ ရွှေဆည်းလည်းနှင့် ၊ နုရည်း မြူးကွန့်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် စေတီတော်တို့၌ ဆွဲထားသည့် ခေါင်းလောင်းငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်း ( စကားသံဖြင့် ဆွဲလဲ ) ဟု ခေါ်ကြောင်း မှတ်သားထားသင့်ပါသည်။
ဆရာတော်  ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>