2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဓမ္မစကား (၁) - ပါရဂူ

အရပ်စကား နှင့် ဓမ္မစကား
ဓမ္မစကားသည် နေ့စဉ်သုံးစကားနှင့် မတူသော၊ ကွဲပြားခြားနားသော စကားတစ်ခုဖြစ်သည်ဆိုသည့်
အကြောင်းကို စိတ်ထဲတွင် မြဲမြဲမှတ်ထားသင့်ပေသည်။နေ့စဉ်သုံးအရပ်စကားနှင့်
ဓမ္မစကားသည် တစ်ခုနှင့် တစ်ခု အသုံးအနှုန်းမတူပေ။ကွဲပြားခြားနားသည်။
နေ့စဉ်သုံးစကားသည် အရပ်စကားဖြစ်သည်။ လောကီစကားဖြစ်သည်။ဓမ္မစကားကို
နားလည်သဘောပေါက်ခြင်းမရှိသော လူတို့၏ စကားဖြစ်သည်။ဓမ္မစကားမှာမူ
သစ္စာတရားကို ၊ ဓမ္မကို ထွင်းဖောက်မြင်သည့် လူတို့ပြောဆို သုံးစွဲသော
စကားဖြစ်သည်။ဓမ္မကို သိမြင်
သဘောပေါက်သည်ဖြစ်၍ သူတို့သည် မိမိတို့၏ အတွေ့အကြူံ နှင့် ကိုက်ညီသည့် စကားလုံးများကို ပြောဆိုကြသည်။ ထို့ကြောင့်
ဓမ္မ စကား ပေါ်ပေါက်လာခြင်းဖြစ်သည်။ယင်းထူးခြားသော အသုံးအနှုန်းသည်
ကျွန်ုပ်တို့ ဓမ္မစကားဟုခေါ်သောအရာ ဖြစ်သည်။
ယင်းစကားသည် ရိုးရိုးနေ့စဉ်သုံးစကားနှင့် လုံးဝကွဲပြားခြားနားသော စကားဖြစ်သည်။
ဗုဒ္ဖ၏ ဒေသနာတော်ကို ဓမ္မစကားကို ဝေါဟာရဖြင့်လည်းကောင်း၊ နေ့စဉ်သုံးစကားဝေါဟာရဖြင့်လည်းကောင်း အနက်အဓိပ္ဖါယ်ပြန်ဆို
ရန် အစဉ်မပြတ်လိုအပ်ပေသည်။အနက် အဓိပ္ဖါယ် နှစ်မျိုးလုံးကို စဉ်းစားဆင်ခြင်ရပေလိမ့်မည်။
၁- အနက်အဓိပ္ဖါယ် နှစ်မျိုးလုံးကို သိရှိနားလည်သောသူသည် ပညာရှိ မည်၏ ။
၂- အနက် အဓိပ္ဖါယ် အမျိုးမျိုးကို သိရှိနားလည်သူုသည် ပညာရှိ မည်၏ ။

အသိအလိမ္မာရှိသော ပုဂ္ဂိုလ်သည် အနက်အဓိပ္ဖါယ်နှစ်မျိုးလုံးကို (သို့မဟုတ်) ပြောပုံပြောနည်း နှစ်မျိုးလုံးကို စဉ်းစားဆင်ခြင်ရမည်။
နှစ်မျိုးထဲက တစ်မျိုးကိုသာ ကွက်ပြီး စဉ်းစားခြင်းမပြုရပေ။ အကယ်၍ ပုဂ္ဂိုလ်တစ်ဦးသည်
ရိုးရိုးနေ့စဉ်သုံး အနက်အဓိပ္ဖါယ်လောက်ကိုသာ ဆင်ခြင်စဉ်စားပြီး
အခြားအနက်အဓိပ္ဖါယ်ကို ( ဓမ္မ ဝေါဟာရ ၏ အနက်အဓိပ္ဖါယ် ) ကို လျစ်လျူရှုထားမည်
ဆိုလျှင် ထိုပုဂ္ဂိုလ်သည် ပညာရှိ (သို့မဟုတ်) အသိအလိမ္မာနှင့် ပြည့်စုံသော
ပုဂ္ဂိုလ်ဟုမခေါ်ထိုက်ပေ။
ဗုဒ္ဖ ဟောကြားတော် မူသည့်အတိုင်း အသိအလိမ္မာနှင့် ပြည်စုံသူသည် ပြောပုံပြောနည်းနှစ်မျိုးလုံးကို သို့မဟုတ် အနက်အဓိပ္ဖါယ်
နှစ်မျိုးလုံးကို ဆင်ခြင်စဉ်းစားသူဖြစ်လေသည်။
ယင်းအချက်သည် ကျွန်ုပ်တို့အား အနက်အဓိပ္ဖါယ်နှစ်မျိုးကို ၊ နေ့စဉ်သုံးစကားဝေါဟာရအရ ကောက်ယူရသော အနက်အဓိပ္ဖါယ်
နှင့် ဓမ္မစကားဝေါဟာရအရ ကောက်ယူရသော အနက်အဓိပ္ဖါယ်ကို စဉ်စားဆင်ခြင်နိုင်အောင် သတိပေးနေလေသည်။


အရပ်သုံးစကား ထဲ က ဗုဒ္ဒ
ကျွန်ုပ်ဆိုလိုသည့်အချက်၏ သက်သေသာဓက အချို့ကို စဉ်းစားကြည့်ကြစို့။
ပထမ သက်သေသာဓကမှာ ဗုဒ္ဒ ဟူသောစကားလုံးဖြစ်သည်။ အများသိရှိကြသည့်အတိုင်း ဗုဒ္ဒဟူသောစကားလုံးသည် နေ့စဉ်သုံး
စကား၌ သမိုင်းအရ ပွင့်တော်မူခဲ့သော ဂေါတမ ဗုဒ္ဒ ကို ရည်ညွန်းလေသည်။ နှစ်ပေါင်း နှစ်ထောင်အလွန်က အိန္ဒိယ၌ ဖွားတော်မူ
ခဲ့သော ၊ ပရိနိဗ္ဖာန်စံတော်မူခဲ့သော ၊ တေဇောဓါတ်လောင်ကျွမ်တော်မူခဲ့သော အသွေး ၊ အသား၊ အရိုးရှိသည့် မနုဿလူသား
ပုဂ္ဂိုလ်မြတ်ကို ရည်ညွန်းလေသည်။ ယင်းကား နေ့စဉ်သုံးစကား၏ ဝေါဟာရအရ အနက်အဓိပ္ဖါယ်ထွက်သော ဗုဒ္ဒဟူသော စကား
လုံး၏ အနက်အဓိပ္ဖါယ်ဖြစ်လေသည်။
ဓမ္မစကား ထဲက ဗုဒ္ဒ
ဓမ္မစကား၏ ဝေါဟာရအရ စဉ်းစားဆင်ခြင်ကြည့်သောအခါ ဗုဒ္ဒဟူသော စကားလုံးသည် သမိုင်းဝင်
ဗုဒ္ဒသိမြင်တော်မူခဲ့သော သစ္စာတရားကို ၊ ဓမ္မကို ရည်ညွန်းကြောင်း သိရှိရပေသည်။
ဗုဒ္ဒက ဤသို့ ဟောကြားတော်မူသည်။
"ဓမ္မကို သိမြင်သူသည် ဗုဒ္ဒကို သိမြင်သူဖြစ်သည်။
ဗုဒ္ဒ္ဒကို သိမြင်သူသည် ဓမ္မကို သိမြင်သူဖြစ်သည်။
ဓမ္မက်ု မသိမြင်သောသူသည် ဗုဒ္ဒ၏သင်္ကန်းကို ဆွဲကိုင်ထားသောလည်း ဗုဒ္ဒကို သိမြင်သူဟု မဆိုနိုင်ပေ။"

ဓမ္မဟူသည်ကား ဆုပ်၍ ကိုင်၍ မရသော အထည်ဒြပ်မရှိသောအရာ ဖြစ်သည်။ ရုပ်ဝတ္ထု ရှိသောအရာမဟုတ်ပေ။ အရိုးအသား
ရှိသောအရာ မဟုတ်ပေ။သို့သော်လည်း ဓမ္မ နှင့် ဗုဒ္ဒတစ်ခုတည်း ဖြစ်ကြောင်းကို ဓမ္မကိုသိမြင်သူသည် ဗုဒ္ဒကို သိမြင်သူမည်၏
ဟူ၍ ဗုဒ္ဒက ဟောကြားတော်မူသည်။ဓမ္မကို မသိမြင်သူအား ဗုဒ္ဒကိုသိမြင်သူဟူ၍ မခေါ်နိုင်ပေ။ ထို့ကြောင့် ဓမ္မစကား၌ ဗုဒ္ဒသည်
သိဒ္ဖတ္ထမင်းသားအား ဗုဒ္ဒအဖြစ်သို့ ရောက်စေသည့် သစ္စာတရားနှင့် တစ်ခုတည်း တစ်မျိုးတည်းဖြစ်လေသည်။ထိုသစ္စာတရားကို
သိမြင်သူအား စစ်မှန်သော ဗုဒ္ဒကို သိမြင်သူဟူ၍ ခေါ်ဆိုနိုင်လေသည်။ ဗုဒ္ဒ၏ ကိုယ်ကာယတော်ကိုသာ သိမြင်ခြင်းသည် ဗုဒ္ဖကို သိ
မြင်ခြင်းမမည်ပေ။ ထိုပြင် စစ်မှန်သော အ့ကျိုးကိုလည်း မဖြစ်ထွန်းနိုင်ပေ။
ဗုဒ္ဒလက်ထက်တော်အခါက လူများစုမှာ ဗုဒ္ဒအား မလိုမုန်းထားရှိကြလေသည်။ သူတို့သည် ဗုဒ္ဒအား ကဲ့ရဲ့ရှုပ်ချကြလေသည်။
ကိုယ်ထိလက်ရောက်ပင် ထိပါးကြလေသည်။ သူတို့သည် ဗုဒ္ဒအား နားလည်ကြသု များမဟုတ်ပေ။ အကြောင်းမူအား သူတို့တွေ့မြင်ရသော အရာမှာ ဗုဒ္ဒ၏ ကိုယ်ကာယတော်သာလျှင် ဖြစ်သည်။ ဗဟိဒ္ဒ
အကာသာလျှင် ဖြစ်သည်။နေ့စဉ်သုံးစကားထဲ

က ဗုဒ္ဒသာလျှင်ဖြစ်သည်။ စစ်မှန်သော ဗုဒ္ဒမှာ ၊ ဓမ္မစကားထဲက ဗုဒ္ဒ မှာ သူ၏စိတ်နှလုံးထဲတွင် ရှိနေသော သစ္စာတရားသာ လျှင်ဖြစ်သည်။ ထိုသစ္စာတရားကို သိမြင်ပြီးမှသာလျှင် ဗုဒ္ဒအဖြစ်ရောက်ရခြင်းဖြစ်လေ၏။
"သစ္စာတရားကို သိမြင်သူသည် ငါ့ကိုသိမြင်သူမည်၏ ။
ငါ့ကို သိမြင်သူသည် သစ္စာတရားကို သိမြင်သူမည်၏ " ဟုဟောကြားသည့်အခါ ဗုဒ္ဒသည် ဓမ္မစကားကို ပြောကြားနေတော်မူခြင်း
ဖြစ်လေသည်။

ဗုဒ္ဒက ဤသို့လည်း ဟောတော်မူပြန်သည်။
"ငါဟောကြားထားခဲ့သည့် ဓမ္မ နှင့် ၀ိနယ (၀ိနည်း) သည် ငါ ပရိနိပ္ဖာန် စံသည့်အခါ၌ သင်တို့၏ ဆရာအဖြစ်နှင့် တည်ရှိနေလိမ့်
မည်။"
ထို့ကြောင့် ဗုဒ္ဖ အစစ်အမှန်မှာ ချုပ်ငြိမ်းမသွားပေ။ ကွယ်လွန်မသွားပေ။ ချုပ်ငြိမ်းသွားသော၊ ကွယ်လွန်သွားသော အရာမှာ ကိုယ်
ကာယတော်သာလျှင် ဖြစ်သည်။ စစ်မှန်သောဆရာ အရှင်မှာ - ဓမ္မ နှင့် ၀ိနယ မှာ ကျွန်ုပ်တို့ နှင့် အတူရှိနေသည်။
ဤသည်ကား ဓမ္မ၏ စကား၌ ရှိသော ဗုဒ္ဒဟူသော စကားလုံး၏ အနက်အဓိပ္ဖါယ်ဖြစ်လေသည်။
"နေ့စဉ်သုံးစကားထဲက ဗုဒ္ဒသည် ကိုယ်ခန္ဒာဆောင်ထားသော ပုဂ္ဂိုလ်ဖြစ်သည်။
ဓမ္မစကားထဲက ဗုဒ္ဒမှာမူ သိဒ္ဒတ္ထမင်းသားအား ဗုဒ္ဒအဖြစ်သို့ ရောက်စေသည့် ဓမ္မဖြစ်လေသည်။"

(ဆက်လက်ဖော်ပြပါအုံးမည်။)


Posted by khaingsukyi on March 4, 2010 at 9:30am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>