2 3 4 5 6 7 8 9 10

Thursday, February 13, 2014

General Aung San


လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ် .. ။ 
အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု  (Love of truth) ရယ် ..ဒါပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောရဲတဲ့ သတ္တိလဲရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း 

Saturday, January 4, 2014

သခင်အောင်ဆန်းတရား



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏ သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့ 
မင့်သား သိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။
ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့ အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊
ခေါင်းဆောင်သဘော မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ..။ ။

ဇော်ဂျီ ( ၁၅.၇.၁၉၆၆ )


Sunday, December 15, 2013

ဘောလုံး၊ နိုင်ငံရေးနှင့် စံကွန့်





     စံကွန့်က လူကသာ ဘာမှမဟုတ်တယ်။ အားကစားတော့ စိတ်အ၀င်စားသား။  ဘောလုံးကန်တယ်၊ ကြက်တောင်ရိုက်တယ်၊ ပိန်ပေါင်ကစားတယ်၊ ဘတ်စကက်ဘောလည်း ကြိုက်တယ်၊ ဂေါ့ဖ်တောင် နည်းနည်း ပါးပါး ရိုက်ဖူးသေးတယ်။ ပိုက်ဆံမတတ်နိုင်လို့။ ကနေ့ - စစ်အစိုးရက မျက်စိကျလို့ ဂွင် လေး ဘာလေးများ မိလို့ကတော့ Golf ပြန်ရိုက်ဦးမှာ။
အဲသည်လို ဟိုစပ်စပ် သည်စပ်စပ် ရှိလှတဲ့ စံကွန့် သူငယ်ချင်းထဲမှာ ထူးထူးချွန်ချွန် ဖြစ်သွားတဲ့ ဘောလုံး သမား တယောာက်ရှိတယ်။ နဂိုကတော့ စံကွန့်တို့လိုပါပဲ။ နောက်တော့ ဒီကောင်က ဘောလုံးမှာ ပါရမီလေးကပါတော့ အတော်လေး ထူးချွန်လာတယ်။ မြို့နယ်၊ ခရိုင်အဆင့်ကနေ နောက်ဆုံး တိုင်း လက်ရွေးစင် ဖြစ်သွားတယ်။ တိုင်းနှင့်ပြည်နယ်ပွဲတွေမှာ ၂ နှစ် ၃ နှစ်လောက်လည်း ကန်ပြီးရော ရန်ကုန် ပထမတန်းအသင်းကြီးတခုက သူ့ကိုခေါ်လို့ ကန်ရင်းနဲ့ မြန်မာ့လက်ရွေးစင်တောင် ဖြစ်သွားပါတယ်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>