2 3 4 5 6 7 8 9 10

Monday, May 27, 2013

ရင်ခုန်သံလမ်းဆုံးအလွန်



ရင်ခုန်သံလမ်းဆုံးအလွန် ..

မင်းသိနိုင်ဦးမလား ...
နိုးတစ်ဝက်နဲ့
တစ်ပိုင်းတစ်စမက်ခဲ့တဲ့အိပ်မက်ဟာ
မင်းအငွေ့အသက်တွေနဲ့
ဆက်လက်ရှင်သန်နေတဲ့အကြောင်း ... ။
မင်းသိနိုင်ဦးမလား ...
ကြိုးပြတ်သွားတဲ့ဂစ်တာတစ်လက်မှာ
နှလုံးသားနှင့်သာနားဆင်နိုင်တဲ့
အလွမ်းသံစဉ်တွေရစ်ဖွဲ့နေတဲ့အကြောင်း ... ။
မင်းသိနိုင်ဦးမလား ...
အဆုံးမသတ်ဖြစ်တော့တဲ့
ရေးလက်စကဗျာတစ်ပုဒ်ဟာ
ပိုင်ရှင်မဲ့ပြယုဂ်တစ်ခုအဖြစ်
အထီးကျန်စွာငိုရှိုက်နေတဲ့အကြောင်း ... ။
မင်းသိနိုင်ဦးမလား ...
လမ်းလွဲသွားတဲ့နားလည်မှုတွေနဲ့
နိဂုံးမဲ့အလွမ်းညတွေဟာ
ငါ့မျက်ရည်စတွေနဲ့ အနားသတ်ထားတဲ့အကြောင်း ... ။
မင်းသိနိုင်ဦးမလား ...
စကားလုံးတွေဆိတ်သုဉ်းလို့
အဆုံးဆိုတာသေချာခဲ့ရင်တောင်
ပြောင်းလဲခြင်းမရှိတဲ့နှလုံးသားက
ထာဝရသတိရနေမယ့်အကြောင်း ... ။

kaungmalay 13

 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>