အတွေးအခေါ်
အယူအဆတစ်ခုဟာ ဘယ်လောက်ပဲရှေ့ နောက် ညီညွှတ်နေပေမယ့် ဟုတ်ပြီ မှန်ပြီလို
့မယူဆ သင့်သေးကြောင်း ကို တွေးခေါ်ပညာရှင်တွေက အထောက်အထားတွေ ၊ဘ၀ဖြစ်ရပ်တွေနဲ့
ဆက်စပ်ဖော်ပြတက်ကြပါတယ်။ ပြီးတော့…အစွဲဥပါဒါန်တွေနဲ့  တွေးခေါ်ကြံဆထားတဲ့ အယူအဆ တစ်ရပ်ဟာ တမင်ဆင်ပြီးလုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်နိုင် တယ်။ ကိုယ့်ဆင်ခြေတွေ ကိုယ်ပေးပြီး ကိုယ်လိုတဲ့ နိဂုံး ကို ရောက်နိုင် တဲ့ ရှေ့နောက်ကိုက်ညီဆီလျော်မှုတွေကို ရှာတတ်တယ် လို့ လည်း ဆိုကြပါတယ်။ သည်သဘောမျိုးကို အောက်ပါဖြစ်ရပ်က ဖော်ညွှန်းနေပါတယ်။
များမကြာခင်မှာပဲ ဆရာဝန်ဟာလိုက်လာပါတယ်။ ဟိုရောက်တော့ သူညွှန်ကြားလိုက်တာနဲ့ ပါမောက္ခကြီး လုပ်နေတာတွေက တစ်ခြားစီဖြစ်နေတာကို တွေ့ ရပါတယ်။ ဘယ်လိုလည်းဆိုတော့ ပါမောက္ခကြီးဟာ ဒိန်ခဲ ကို ဘေးမှာချပြီး ငါးကြော်တစ်ကောင်ကိုကြိုးချည်ပြီး သူ့ ဇနီးရဲ့ ပါးစပ်ရှေ့ မှာ ပြနေတာကို တွေ့ ရလို့ ပါပဲ။ ဆရာဝန်က
ဆရာဝန်က.. “ပါမောက္ခကြီးရဲ့ တွေးခေါ်ပုံဟာ ရှေ့နောက်ဆီလျော်ညီညွှတ်ပြီး သဘာဝကျပါပေတယ်..” လို့ ပြောရင်း ရပ်ကြည့်နေပါတယ်။
မကြာခင်မှာပဲ ကြောင်ဟာ ငါးကြော်နံ့ရပြီး ထွက်လာပါတယ်။တစ်ချိန်တည်းမှာပဲ ဆွဲပြထားတဲ့ ငါးကြောင်ကို ဖျတ်ခနဲ ဖမ်းယူကိုက်ချီပြီး ပြေးထွက်သွားပါတယ်။
ပါမောက္ခကြီးဟာ ဒိန်ခဲကိုကြိုးနဲ့ချည်ပြီး ဇနီးရဲ့ပါးစပ်ရှေ့မှာ ပြပြန်တယ်။မကြာခင် ဒိန်ခဲနံ့ရတဲ့ကြွက်ငယ်ဟာ ထွက်လာပါတယ်။ ဒါပေမယ့် ကြောင်ရဲ့ အဖိကိုခံထားရတဲ့အတွက် ကြွက်ငယ်ဟာ အပြင်ကိုရောက်တဲ့အခါမှာ အတော်ကိုနာကျင်ပင်ပန်းနေပါတယ်။ ဒိန်ခဲကိုတောင် မစားနိုင်ပဲ ငြိမ်ကုပ်နေပါတယ်။မကြာခင်မှာပဲ ပါမောက္ခကြီးရဲ့ဇနီးက အိပ်ပျော်နေရာက လန့်နိုးလာပါတယ်၊ ဇနီးဖြစ်သူဟာ ပါမောက္ခကြီး၊ ကြိုးတန်းလန်းနဲ့
ဒိန်ခဲ၊ ရပ်ကြည့်နေတဲ့ဆရာဝန်တို့ ကို ကြည့်ရင်း ဘာတွေဖြစ်နေလည်းဆိုတာ နားမလည်နိုင်ပဲရှိနေပါတယ်။
အဲဒီ့အခိုက်မှာပဲ ကြွက်အဘိုးအိုတစ်ဦးရောက်လာပြီး နာကျင်ချိနဲ့ နေတဲ့ ကြွက်ငယ်ကို ဖေးမတွဲယူ
ခေါ်ဆောာင်သွားပါတယ်။
အဲဒါမှ သည်ကောင်လာရင် လာမှန်းသိပြီး ပြေးချိန်ရမှာဗျ…”
ပါမောက္ခကြီးတစ်ဦးဟာ
လူ့အသိဥာဏ်နဲ့ သက်ဆိုင်တဲ့ အလွန်လေးနက်တဲ့ ကျမ်းကြီးတစ်ကြမ်းကို
ပြုစုနေ ပါတယ်။ သူ့ကိုလေးစားမြတ်နိုး အထင်ကြီးတဲ့ ဇနီးက
သူ့လက်ရေး မူကြမ်းတွေကို အချောကူးပေးပါတယ်။
ပါမောက္ခကြီးရဲ
့ ဇနီးဟာ နေ့ မအား ညမအား စာမူတွေကို အချော ကူးပေးနေရတော့
အိမ်ထောင်ထိန်းသိမ်းမှုတွေ လစ်ဟစ်နေပါတယ်။ တစ်အိမ်လုံး အမှိုက်သရိုက်တွေကလည်း
ရှုပ်ပွပြီး ကြွက်တွေကလည်း သောင်းကြမ်းနေ ပါတယ်။
တစ်ခုသောနေ
့လည်ခင်းမှာ စာကူးပေးနေရင်းက ကျောညောင်းတာနဲ့ ပါမောက္ခကြီးရဲ့  ဇနီးဟာ
ကြမ်းပေါ်မှာ ပက်လက်လှန်ပြီး ခေတ္တအနားယူတယ်။ ပင်ပန်းလွန်းနေတဲ့အတွက်
ချက်ချင်းပဲ အိပ်ပျော်သွားရှာပါတယ်။ သူမဟာ ပါးစပ်ဟပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်မှာပဲကြောင်တစ်ကောင်ရဲ့ အလိုက်ကို ခံရတဲ့ ကြွက်ငယ် တစ်ကောင် ဟာ အသက်လုပြီး ပြေးလာရင်းက ဟလျက်သားရှိနေတဲ့ သူမရဲ့ပါးစပ်ထဲကို တဟုန်ထိုးပြေးဝင် သွားတယ်။ နောက်က အားကုန်သွန်ပြီး လိုက်လာတဲ့ကြောင်ကလည်း ကြွက်နောက်က ပြေးဝင်လိုက် သွားတယ်။
သည်အဖြစ်အပျက်ကို
မြင်လိုက်ရတဲ့ ပါမောက္ခကြီးဟာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။
ရှိသမျှ ဥာဏ်တွေ လက်ကုန်ဆန့် ကြည့်ပေမယ့် ဘာလုပ်ရမှန်းမသိတဲ့အတွက် လမ်းထိပ်က
ဆရာဝန်ဆီပြေးပါတယ်။ ဆရာဝန်ဆီရောက်တဲ့အခါ သူ့ ဇနီးရဲ့ ပါးစပ်ထဲ
ကြွက်ရောကြောင်ပါ ၀င်နေတဲ့ အကြောင်း ပြောပြပြီး ကြွက်နဲ့ ကြောင်းကိုထုတ်ယူဖို့  လိုက်ခဲ့ပါရန်ခေါ်ပါတယ်။
ဆရာဝန်က အရေးကြီးလှတဲ့ လူနာကို စမ်းသပ်နေဆဲဖြစ်လို့  ပါမောက္ခကြီးကို ..
“အိမ်ကိုမြန်မြန်
ပြန်နှင့်ပါ..၊လမ်းထိပ်မှာ ဒိန်ခဲတစ်ခု ၀ယ်သွားပါ..၊ အိမ်ကိုရောက်ရင်
ခင်ဗျားဇနီးရဲ့  ပါးစပ်ရှေ့ မှာ ဒိန်ခဲကို ကြိုးနဲ့ ချည်ဆွဲပြီးပြထား..၊
ဒါဆို ကြွက်ဟာ ဒိန်ခဲနံ့ရပြီးပြန်ထွက်လာလိမ့်မယ်.. ၊ ကျုပ် ခဏနေကြာရင် လိုက်ခဲ့မယ်….” လို့  မှာကြားလိုက်ပါတယ်။ ပါမောက္ခကြီးဟာ အလျင်အမြန် ပြန်ထွက်သွားပါတယ်။ဆရာဝန်က အရေးကြီးလှတဲ့ လူနာကို စမ်းသပ်နေဆဲဖြစ်လို့  ပါမောက္ခကြီးကို ..
များမကြာခင်မှာပဲ ဆရာဝန်ဟာလိုက်လာပါတယ်။ ဟိုရောက်တော့ သူညွှန်ကြားလိုက်တာနဲ့ ပါမောက္ခကြီး လုပ်နေတာတွေက တစ်ခြားစီဖြစ်နေတာကို တွေ့ ရပါတယ်။ ဘယ်လိုလည်းဆိုတော့ ပါမောက္ခကြီးဟာ ဒိန်ခဲ ကို ဘေးမှာချပြီး ငါးကြော်တစ်ကောင်ကိုကြိုးချည်ပြီး သူ့ ဇနီးရဲ့ ပါးစပ်ရှေ့ မှာ ပြနေတာကို တွေ့ ရလို့ ပါပဲ။ ဆရာဝန်က
“..ဘာ့ကြောင့်ဒိန်ခဲမပြတာလည်း..”မေးတော့ ပါမောက္ခကြီးက..
“ရှေ
့က၀င်သွားတာကကြွက်..၊နောက်က လိုက်ဝင်သွားတာက ကြောင်..၊ ကြွက်ပေါ်မှာ
ကြောင်ရှိနေတယ် ..၊ကြောင်ထွက်ပြီးမှသာ ကြွက်ကထွက်လာနိုင်မှာ..ဒီတော့
ကြောင်ထွက်လာနိုင်အောင် အရင် လုပ်ရဦးမယ်လို့  တွေးမိလို.. ခုလိုငါးကြော်ကို ပြနေတာပါ..” လို့  ရှင်းပြတယ် ။ဆရာဝန်က.. “ပါမောက္ခကြီးရဲ့ တွေးခေါ်ပုံဟာ ရှေ့နောက်ဆီလျော်ညီညွှတ်ပြီး သဘာဝကျပါပေတယ်..” လို့ ပြောရင်း ရပ်ကြည့်နေပါတယ်။
မကြာခင်မှာပဲ ကြောင်ဟာ ငါးကြော်နံ့ရပြီး ထွက်လာပါတယ်။တစ်ချိန်တည်းမှာပဲ ဆွဲပြထားတဲ့ ငါးကြောင်ကို ဖျတ်ခနဲ ဖမ်းယူကိုက်ချီပြီး ပြေးထွက်သွားပါတယ်။
ပါမောက္ခကြီးဟာ ဒိန်ခဲကိုကြိုးနဲ့ချည်ပြီး ဇနီးရဲ့ပါးစပ်ရှေ့မှာ ပြပြန်တယ်။မကြာခင် ဒိန်ခဲနံ့ရတဲ့ကြွက်ငယ်ဟာ ထွက်လာပါတယ်။ ဒါပေမယ့် ကြောင်ရဲ့ အဖိကိုခံထားရတဲ့အတွက် ကြွက်ငယ်ဟာ အပြင်ကိုရောက်တဲ့အခါမှာ အတော်ကိုနာကျင်ပင်ပန်းနေပါတယ်။ ဒိန်ခဲကိုတောင် မစားနိုင်ပဲ ငြိမ်ကုပ်နေပါတယ်။မကြာခင်မှာပဲ ပါမောက္ခကြီးရဲ့ဇနီးက အိပ်ပျော်နေရာက လန့်နိုးလာပါတယ်၊ ဇနီးဖြစ်သူဟာ ပါမောက္ခကြီး၊ ကြိုးတန်းလန်းနဲ့
ဒိန်ခဲ၊ ရပ်ကြည့်နေတဲ့ဆရာဝန်တို့ ကို ကြည့်ရင်း ဘာတွေဖြစ်နေလည်းဆိုတာ နားမလည်နိုင်ပဲရှိနေပါတယ်။
အဲဒီ့အခိုက်မှာပဲ ကြွက်အဘိုးအိုတစ်ဦးရောက်လာပြီး နာကျင်ချိနဲ့ နေတဲ့ ကြွက်ငယ်ကို ဖေးမတွဲယူ
ခေါ်ဆောာင်သွားပါတယ်။
ကြွက်အဘိုးအိုရဲ့ အိမ်ကိုရောက်လို့  ထိုင်မိကြတဲ့အခါမှာ ကြွက်ငယ်က..
“..ကံကောင်းလို
့ ကျွန်တော်မသေတာ အဘရာ.. ကြောင်ကြီးက ကျွန်တော့်နောက်မှာ
ဘယ်အချိန်ရောက်လာမှန်း မသိလိုက်ဘူး.. ကျွန်တော့်အပေါင်းအသင်း ရောင်းရင်းတွေ
အကြံပေးသလို ကြောင်ကိုချူဆွဲထားရင် သိပ်ကောင်းမှာပဲ..၊အဲဒါမှ သည်ကောင်လာရင် လာမှန်းသိပြီး ပြေးချိန်ရမှာဗျ…”
“ဘာလဲ..လာပြန်ပြီလား
ကြောင်ကို ကိစ္စ၊ ဟိုနေ့ က ကြွက်တွေ အန္တရာယ် ကင်းရေး အတွက်
ကြောင်ကို ချူဆွဲပေးထားရမယ်.. ၊ချူဆွဲရေး အယူအဆသည်သာ မှန်ကန်သောအယူအဆ
ဖြစ်တယ်လို့  အများက သဘောတူဆုံးဖြတ်ကြတယ်.. ငါက သူတို့ ကို..မင်းတို့ အယူအဆကကောင်းတော့ ကောင်းပါတယ်..၊ ဒါပေမယ့် ကြောင်ကို ဘယ်သူ ချူဆွဲမှာလဲ..၊ ဘယ်သူက သွားဆွဲမှာလဲလို့မေးတော့.. ချူဆွဲမယ့်ကောင် တစ်ကောင်မှ ထွက်မလာဘူး.. ဒီမယ် ငါပြောမယ်.. တစ်နဲ့တစ် ပေါင်းရင် နှစ်ရတာ ဟုတ်ပေမယ့် ရေ တစ်စက် နဲ့တစ်စက် ပေါင်းတဲ့အခါမှာတော့..နှစ်စက်မရဘူး..။ အယူအဆတစ်ခုဟာရှေ့နောက် ဆီလျော် ညီညွှတ်နေပေမယ့် လက်တွေ့မှာ မမှန်နိုင်တာ၊ မဖြစ်နိုင်တာမျိုး ရှိတတ်တယ်ကွယ့်..၊
ကဲ..ကဲ.. စားစရာရှိတာစားပြီး မင်းအနားယူချေဦး…” ။
ကဲ..ကဲ.. စားစရာရှိတာစားပြီး မင်းအနားယူချေဦး…” ။
ကြွက်ငယ်လေး ထွက်သွားတဲ့အခါ ကြွက်အဘိုးအိုဟာ “..တစ်ကိုတစ်ပေါင်း တစ်ရကြောင်း..” ကို ဆက်လက်စဉ်းစားနေပါတော့တယ်…။
နန္ဒာသိန်းဇံ
No comments:
Post a Comment