2 3 4 5 6 7 8 9 10

Thursday, April 16, 2015

ရိုးသားမှု


‘ လူတွေအတွက်အရေးကြီးဆုံးက
ချမ်းသာခြင်းလား
အောင်မြင်ခြင်းလား
ရိုးသားခြင်းလား ‘ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆွေးနွေးချက်လေးကို စိတ်ဝင်စားမိလို့ ဒီ Post ကိုရေးဖြစ်ပါတယ် ..ဆွေးနွေးချက်ကို ပြန်ကြားပေးတဲ့ Reply အနေနဲ့ ပါသဘောထားပြီး ဖတ်ကြည့်ပါဦး

ရိုးသားတာကိုပို အလေးထားတဲ့ သူငယ်ချင်းတွေ ရဲ့ ပြန်ကြားချက်ကိုလည်း ဖတ်ရပါတယ် ။ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်လည်း ရိုးသားခြင်းကို ဦးစားပေးမှာပါပဲ ။ မမှန်ကန်တဲ့ ၊မသင့်တော်တဲ့ နည်းလမ်းနဲ့ ရရှိလာတဲ့
ချမ်းသာခြင်း၊အောင်မြင်ခြင်းတွေဟာလည်း တကယ့်ချမ်းသာခြင်းအစစ်၊အောင်မြင်ခြင်း အစစ်မဟုတ်ပါဘူး။
လူတွေအတွက် အရေးကြီးဆုံးဟာ ဒီသုံးခုထဲက ဘာလို့ ဆိုရင် ဒီမေးခွန်းကို စဉ်းစားမိတဲ့ သူတစ်ယောက်အတွက် သူရဲ့  အမြင်၊ခံယူချက်၊အတွေးအခေါ်အသိဥာဏ် အဆင့်အတန်းအလိုက်၊သူ့ နေရာအလိုက် တန်ဘိုးထားပုံခြင်း၊အမြင်ချင်း မတူကြပါဘူး။ အမျိုးမျိုးကွဲပြားနေမှာပါပဲ ။ဆင်းရဲတဲ့ လူအများစုက ချမ်းသာချင်တယ်။ပုံမှန်နေရာကနေ ကျော်ကြားလိုကြတဲ့သူတွေက အောင်မြင်ချင်ကြတယ်။ စာပေအသိနဲ့ ဘာသာတရား အဆုံးအမအသိတွေနဲ့ ကိုယ့်ဘ၀ ကိုထိန်းကျောင်းပြီး ရပ်တည်နေကြတဲ့ လူတွေအတွက် ရိုးသားခြင်းကို တန်ဘိုးထားကြပါတယ် ။လူတွေ ဆိုတာလည်း ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ကာလာ အမျိုးမျိုး၊မိသားစု ပတ်ဝန်းကျင်၊ စတာတွေရဲ့  လွှမ်းမိုးမှုတွေကြောင့် ခံယူချက်ခြင်း၊စိတ်နေသဘောခြင်း၊အတွေးအခေါ်ခြင်းမတူကြပါဘူး။ အဲဒီတော့ ခုနကမေးတဲ့ မေးခွန်းမှာ လူတွေအတွက် အရေးအကြီးဆုံး ဆိုတဲ့ ခံယူချက်ဟာလည်း အမျိုးမျိုးကွဲပြားနေမှာပါပဲ။
ရိုးသားတာကို တစ်ချို့ က အတယ် နုံတယ်လို့ သက်မှတ်တတ်ကြပါတယ် ။ ရိုးသားခြင်းဆိုသည်ကို အသည် နုံသည်ဟု အဓိပ္ပါယ်ဖွင့် ဆို၍ မရပါ ။ရိုးသားခြင်းဆိုတာ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေသဘော၊ စာရိတ္တပိုင်းရော၊ ကိုယ်ကျင့်တရားပိုင်းမှာပါ စောင့်ထိန်းရတဲ့ ၊အသိတရားနဲ့ ယှဉ်တဲ့ စိတ်ထားမျိုးပါ ။
လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် ၀န်းကျင်က ဆရာ အောင်သင်း စာပေဟောပြောပွဲတစ်ခုမှာ ပြောခဲ့ဖူးတယ် ။ အကြောင်းအရာလေးက -
" ..ခါးပိုက်နှိုက် ၂ ယောက်အလုပ်အတူတူလုပ်ကြတယ်။ တစ်ယောက်ကကားပေါ်ကနေ နှိုက်ပြီးအရင် ဆင်းသွားတယ် ။တကယ်ရတာ ၅၀၀၀ ။ နောက်မှ ဆင်းလိုက်လာတဲ့ သူ့ အဖော်ကို သူရတဲ့ ၅၀၀၀ အထဲက ၂၅၀၀ ( တစ်ဝက် ) ပေးရမယ်။ ဒါကို သူကမပေးချင်တော့ သူရတာ ၃၀၀၀ ပါ ဆိုပြီး ၁၅၀၀ ပဲပေးတယ် ။ ဒါကို ၁၅၀၀ ပဲရတဲ့ ခါးပိုက်နှုက်က ဒါလိမ်နေတာ မရိုးသားဘူး ဆိုတာ သူသိတယ်..။ အဲဒီတော့ သူ ခုနက သူ့ အပေါ်မရိုးသားတဲ့တစ်ယောက်နဲ့ ရှေ့ ဆက်ပြီး အလုပ်တွဲမလုပ်တော့ဘူးတဲ့ .. ။ '
အဲဒီမှာ ဆရာပြောလိုက်တာက
‘……..မင်းတို့ မှတ်ထားရမှာက လောက မှာအဲလို မကောင်းမှု ဒုစရိုက်နဲ့အသက်မွေးပြီး လူ့ လောကကို နင်းနေ ခိုးနေ ၀ှက်နေတဲ့ လူမျိုးတွေ တောင် ရိုးသားမှု ကိုတန်ဘိုးထားကြတယ်၊
လေးစားကြတယ် …လိုချင်ကြတယ်….. “ တဲ့ ။

ကျွန်တော်တို့ လည်း ရိုးသားမှုကို လိုချင်ကြပါတယ်၊ပေါင်းသင်းဆက်ဆံရေးလူမှုရေးတွေမှာ၊ လုပ်ငန်းခွင်တွေမှာ၊ မိသားစုတွင်းမှာ၊ ချစ်သူခင်သူတွေ ကြားမှာပါ၊နောက်ဆုံး မိမိရဲ့ ကိုယ်စိတ်နှလုံးသား အတွင်းမှာပါ ရိုးသားမှုဟာ လိုအပ်လှပါတယ် ။ဒါဟာ ခုနက အထက်မှာ ဖော်ပြခဲ့တဲ့ လူတွေအတွက် အရေးအကြီးဆုံးဟာ
.....ချမ်းသာခြင်းလား၊အောင်မြင်ခြင်းလား၊ရိုးသားခြင်းလား ...' ဆိုတဲ့ မေးခွန်းပေါ်မှာ ကျွန်တော့်ရဲ့  အမြင်၊ကျွန်တော့်အတွေးနဲ့ ခံ ယူချက်ကို ရေးသားတင်ပြလိုက်ပါတယ် ။


ခင်မင်မှုများစွာဖြင့် ..
နန္ဒ 


  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>