2 3 4 5 6 7 8 9 10

Sunday, March 23, 2014

သင်သေသွားသော် ( ဇော်ဂျီ )




ဪ..... လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေဦးမည်၊ မှန်ပေသည်တည်း။


သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတိုးမြင့်၊
ကျန်ကောင်းသင့်၏။

သင် ... ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်သည်
ပြောင်လျက်၊ ဝင်းလျက်
ကျန်စေသတည်း။


ဇော်ဂျီ ။


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>