2 3 4 5 6 7 8 9 10

Monday, May 2, 2016

မြတ်စွာဘုရား ၏ ကိုယ်ရည်ကိုယ်သွေးသတ်မှတ်ချက်


 မြတ်စွာဘုရားသည် လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးအတွက် လူမှုရေး၊ 
စီးပွားရေး၊ ဘာသာရေး ပါမကျန် ဟောကြား ညွှန်ကြားပေးတော်မူခဲ့သည်။ 
စိတ်နေစိတ်ထား မြင့်မားရေးသာမက လူနေမှု ဘ၀မြင့်မားစေရန်အတွက်ပါ 
ဟောကြားတော်မူခဲ့သည်။ မိဘနှင့် သားသမီး ဆက်ဆံရေး၊ အလုပ်ရှင်
အလုပ်သမား ဆက်ဆံရေး၊ အိမ်ထောင်ရှင်များ၏ ဆက်ဆံရေးပါမကျန်
 ဟောကြားဆုံးမပေးခဲ့သည်။ အနာဂါတ်တွင် သာယာ ငြိမ်းချမ်းတိုးတက်သော
ဘ၀ များကို တည်ဆောက်နိုင်ရန် လူငယ်လူရွယ်များတွင် ကိုယ်ရည်ကိုယ်သွေး
 ပြည့်ဝဖို့ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဒ၏ ကိုယ်ရည်ကိုယ်သွေး
သတ်မှတ်ချက်များမှ မှတ်သားမိသည်များအား မျှဝေလိုက်ပါသည်။


၁။ ဆုံးမလွယ်သူဖြစ်ခြင်းဆိုတဲ့ အရည်အချင်းတစ်ရပ် 
( သူ့ရဲ့ ဆန့်ကျင်ဘတ် ဆုံးမခက်ခဲသူဖြစ်ခြင်း သဘောကိုပါ နားလည်ရမယ်)
၂။ အဆွေခင်ပွန်းကောင်း ရှိသူဖြစ်ခြင်း
၃။အကြောင်းဟုတ်သည် မဟုတ်သည်ကို လိမ္မာသောသူဖြစ်ခြင်း
၎။ဖြောင့်မတ်သောသူဖြစ်ခြင်း
၅။နူးညံ့ပြေပြစ်သောသူဖြစ်ခြင်း
၆။သည်းခံနိုင်သူဖြစ်ခြင်း
၇။ကောင်းသောအမှု၌ မွေ့လျော်သူဖြစ်ခြင်း
၈။ချစ်ခင်ပြေပြစ်သော စကားကို ပြောဆိုတတ်သူဖြစ်ခြင်း
၉။ပျူငှာ ဖော်ရွေသူဖြစ်ခြင်း
၁၀။မျက်စိက္ကနြေ္ဒကို စောင့်ထိန်းတတ်သူ ဖြစ်ခြင်း
၁၁။စားဖွယ် (ဘောဇဉ်) ၌အတိုင်းအရှည်ကို သိသူဖြစ်ခြင်း
၁၂။သတိမမေ့လျော့သူ ဖြစ်ခြင်း
၁၃။သမ္ဗဇဉ် (ဆင်ခြင်) ၊ဥာဏ်ကောင်းသူ ဖြစ်ခြင်း (မတုန်မလှုပ် ဆင်ခြင်နိုင်ခြင်းရှိသူ ဖြစ်ခြင်း)

 မြတ်ဗုဒ္ဓရဲ့ ကိုယ်ရည်ကိုယ်သွေး သတ်မှတ်ချတ်များနှင့် ပြည့်စုံပြီး အနာဂါတ်နိုင်ငံတော်အတွက် အားကိုးအားထားရသော နိုင်ငံသားကောင်းသမီးကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

 Posted by khaingsukyi 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>