မေလ၏ နေ့လယ်ခင်းသည် ဆုံးစမထင် ပူပြင်းလှချေ၏။ အပူလှိုင်းကြောင့် မြေပြင်သည် ခြောက်လျက်၊
သွေ့လျက်၊ ပတ်ကြားအက်လျက်။
ကျွန်ုပ်သည် မြစ်ကမ်းပါးတစ်ဖက်မှ အသံတစ်သံကြားလိုက်သည်။
“အချစ်ရေ လာပါ၊ လာပါ”
ထို့ကြောင့် စာအုပ်ကို ပိတ်ပြီးလျှင် ပြတင်းပေါက်ကို ဖွင့်လျက် အပြင်သို့ ငေးမျှော်ကြည့်လိုက်၏။
မြစ်ထဲသို့ ဒူးဆစ်အထိ ဆင်းနေသော လူငယ်တစ်ဦးသည် မြစ်ကမ်းစပ်တွင် ပေကပ်ကပ်ရပ်နေသော ရွှံ့များ လူးနေသည့် ကျွဲကြီးတစ်ကောင်ကို ရေချိုးပေးရန်အတွက် ခေါ်ငင်နေသည့် အဖြစ်ကို တွေ့လိုက်၏။
ကျွန်ုပ်သည် အားပါးတရ ပြုံးလိုက်မိ၏။ ရင်တွင်း၌ကား ပီတိများ ဖြာဝေမိ၏။
ရာဘင်ဒြာနတ်တဂိုး
No comments:
Post a Comment