အကယ်၍သာ မြတ်ဗုဒ္ဓသည်၊
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ
များလှ အပြစ်တွေ...။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖေါ်သွန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ
များလှကျေးဇူးပေ...။
ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို
ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ၊ သာသနာ၏
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း
ကြိုးပမ်းကြပါလေ...။
အရှင်ဇနကာဘိဝံသ
No comments:
Post a Comment