2 3 4 5 6 7 8 9 10

Friday, August 17, 2012

ဘယ်လိုပြောပြော..မေတ္တာ.မပျက်အောင်နေ


        လူ့လောက..အလယ်အသက်ရှင်နေသူတွေအတွက်တော့နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်   ပြောကြ ဆိုကြရတာပါ…။ တစ်ခါတရံ “ပြောသူ..”..က“ပြောပြီးရင် ပြီးရော..”..ဖြစ်သွားပေမယ့် ခံရတဲ့ သူ ဘက်ကစိတ်မသက်မသာ ဖြစ်ကြရပါတယ်..။ တစ်ခါတစ်ရံ ကိုယ်က ဒီအတိုင်း အေးအေးဆေးဆေးနေပေ မယ့် “မျက်စိစုံမှိတ် အထင်လွဲပြီးတုန့်ပြန်မှုမျိုးစုံ..”..ကို ပေးတတ်ပြန်ပါတယ်။
“ကကစူပမသုတ်..”..မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်…ဟောပြတော်မူတာကတော့..


“လူတချို့ကစကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိမပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်.”
“လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်..” (သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့.)
“လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း..”
“တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်.” (လိုရင်တမျိုး မလိုရင်တမျိုး)
“လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို”..
 တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်…”
“လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့်
တချို့ကတော့မလိုမုန်းတီးတဲ့စိတ်တွေနဲ့ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့..”
“ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ

ဒီ.(၅)…မျိုး.ထဲက
 တစ်ခုခုနဲ့ စကားပြောလာတဲ့အခါကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ …ချိုချိုသာသာပြောလို့လည်း စိတ်ကတမျိုးမဖြစ်ပါနဲ့..ကိုယ့်ကိုမလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲစိတ်ကို ဘာမှ မဖြစ်စေ ပါနဲ့၊ သူတို့ဘာပြောပြောကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့ စကားကိုလဲ မပြောမိစေနဲ့ (သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့) ပြောချင်သလိုသာ ပြောကြပါတော့ ကိုယ်ကတော့ မေတ္တာ မပျက်နေနိုင်ရမယ်…။
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ..။ရန်လိုမှု…မုန်းတီးမှု..မကျေနပ်မှု…မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါ အားလုံးပေါ်မှာ ဖြစ်နေစေရမယ်”…တဲ့။

ဒါကတော့“ဗုဒ္ဓမြတ်စွာဘုရားရှင်”လမ်းညွှန်ပြတဲ့ တရားတော်ပါ၊ လူဆိုတာခံစားချက်ရယ် တကိုယ်တော် အတွေးရယ်ပေါ်မှာ မူတည်ပြီးမှားတာ မှန်တာ မခွဲခြားနိုင်ဘဲလိုရင် လိုသလိုမလိုရင် မလိုသလို ပြောတတ် ဆိုတတ်ကြပါတယ်..။
ဒါကိုသိတော်မူတဲ့….“ဗုဒ္ဓမြတ်စွာဘုရားရှင်”က …
“သူတို့……ဘာတွေပြောပြောဘယ်လိုတွေ…..အထင်လွဲလွဲ သင့်ဖက်က စပြီး …..မကျေမနပ် မဖြစ်လိုက် ပါနဲ့…”..လို့
 ဟောတော်မူတာပါ။အပေါ်ယံဟန်ရေးပြပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက
 (တချို့က အုံ့ပုန်း..တချို့က ပွင့်ပွင့်လင်းလင်း…အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောက မှာ “သင်တို့ဖက်က …စပြီးဒေါသ အာဃာတမဖြစ်ပါစေနဲ့…..”လို့လဲ မိန့်တော်မူလိုတာဖြစ်ပါတယ်။

ကိုယ့်ပေါ်ကို မကျေနပ်သူ အထင်အမြင်လွဲသူ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီးမေတ္တာစိတ်တွေ များများ ပို့လွှတ်ပေးနိုင်ရင်ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ..။ ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာသူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊ မကျေမနပ်ဖြစ်ချိန်မှာရော…မကျေနပ်တဲ့အတွက်ကြောင့်..စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော
အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင်ဘာမှမဖြစ်ပါဘူး…ခံယူမိလို့သာ..ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ..။

“ဗုဒ္ဓမြတ်စွာဘုရားရှင်”ကိုတောင်မှ“တိတ္ထိ..”..တွေက…“ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟော တယ်… သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး..သူတို့ကိုတော့ နည်းနည်း ပဲ ဟော တယ်…”လို့ပြောဆိုစွပ်စွဲခံရဖူးပါတယ်..။
အလှမာန်ရစ်နေတဲ့ “မာဂဏ္ဍိ”ဆိုတဲ့ အမျိုးသမီးကို….“နင်လို မစင်တွေနဲ့ ပြည့်နေတဲ့ အပုပ်ကောင်ကို …ခြေဖျားနဲ့တောင် မထိချင်ဘူး…”..လို့….ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန် ခဲ့ဖူးတယ်.။

တကယ်တော့“စိတ်အရည်အသွေးပြည့်ဝသူ”“စိတ်သဘောထားကြီးမြတ်သူ…”ဆိုတာကောင်းတာဖြစ်စေဆိုးတာဖြစ်စေမတုန်မလှုပ်ရှိနိုင်ရမှာပါ…။
ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြောပြောသူအပေါ်မှာမေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာ …နေပျော်စရာ …ကျေနပ် စရာတွေဖြစ်နေပါလိမ့်မယ်..။ တဆင့်တက်ပြီးသာသနာနဲ့ကြုံတုန်းအကောင်းဆုံးတွေ များများယူပြီး လက်ကျန်အချိန်တွေမှာ
 သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ..။
 ချမ်းသာကြပါစေ…၊အေးငြိမ်းကြပါစေ…၊
 သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
 ဘ၀တုသဗ္ဗမင်္ဂလာ..
(ည.ည.တ)
 Posted by ကိုညီညီတင် on June 27, 2012

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>