2 3 4 5 6 7 8 9 10

Saturday, October 10, 2015

တန်ဖိုးထက်မြင့်သော




နွမ်းရင့်ရော်ရွက်၊
မြေမှာသက်ဖွဖွ၊
သူ့ အလှနဲ့ သဘာဝ၊
မြေဆီကိုအလွှာထပ်လို့ ၊
ဆက်မပြတ်အကျိုးပြုတယ်၊
တန်ဘိုးရယ်ဘယ်မရှိလည်း၊
အမြင်ထည်စူပါမားကတ်ထဲက၊
မြောက်ကြွကြွ အပျံစားပလပ်စတစ်အိတ်ထက်၊
လောကကိုအကျိုးပြု၊
ဆိုးမှုတွေသူမပေး ၊
ငွေကြေးနဲ့ သူမစက်ပဲ၊
ငွေထက်ကဂုဏ်အလွှာမှာ၊
သူကသာတင့်တယ်လှသေး။

Posted by Ye Htut  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>