2 3 4 5 6 7 8 9 10

Tuesday, December 2, 2014

မှော်ရုံတော



ဘယ်ကဝေမျိုးတွေ
သဝေထိုးလို့ 
ဘဝက…
ဒီလောက်ဆိုးနေရတာလဲ။

ဟန်ဆောင်မှုဗရပွနဲ့ 
အပြံုးတုတွေ
တနင့်တပိုး…
တွေ့ တွေ့ နေရတယ် ။

ဈေးကောင်းလွန်းတဲ့
ရိုးသားမှူတွေ
အထပ်ထပ်ထုတ်ရလို့ 
ဘဝက…
နွမ်းဖပ်ဖပ်ဖြစ်နေပြီ ။

ဖေဖေရေ…
ပြန်လာချင်ပြီ
ဒီဇင်ဘာနဲ့ ယာကိုလွမ်းလို့ …
ခေါင်ရည်နဲ့ကြိလှည့်နော်….။


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>