2 3 4 5 6 7 8 9 10

Sunday, June 24, 2012

မောင်ကောင်းထိုက်ဟာသများ

၁။ကင်မရာဝယ်ပါ


ကန်ပေါင်တွင်ထိုင်ကာ ပန်ချီဆရာတစ်ဦး ရှုမျော်ခင်းပုံဆွဲနေသည်၊ ကင်မရာတစ်လုံးနှင့် သားအဖနှစ်ယောက် ပန်းချီဆရာအနားရောက်လာကြသည်၊ အဖေကသားကိုပြောသည်။

“တွေ့တယ်မဟုတ်လား၊ ကင်မရာမရှိုတဲ့လူဟာ အင်မတန်ပင်ပန်းတယ်”

၂။ငွေရတု


ပြင်သစ်ကုမ္မဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ၀န်းထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်း ပြောသည်။

“လာမယ့် ရက်အနည်းငယ်တွင်းမှာ ကျွန်တော်တို့ရဲ့ကုမ္မဏီ ဟာ၂၅-နှစ်ပြည့်တော့မယ်၊ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်တယ်၊ ဒါကြောင့် ဘယ်လို ကျင်းပရင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးအကြံဥာဏ်ပေးကြစေချင်ပါတယ်၊ ဒါပေမယ့် ဒီငွေရတုပွဲဟာ ပိုက်ဆံအကုန်ကျများလို့ မဖြစ်ဘူး၊ တစ်နိုင်ငံလုံးကလဲ ကုမ္မဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်၊ ၀န်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ်စေရမယ်၊ ကိုင်း…အကြံဥာဏ်ပေးကြပါ”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့် တစ်နေရာမှ ၀န်ထမ်းတစ်ဦးနေရာ မှထသည်။

“ကျွန်တော့်ဆီမှာ အကြံတစ်ခုပေါ်လာတယ”်

“ပြောပါ”

“အီဖယ်မျှော်စင်ကနေ
အုပ်ချုပ်ရေးမှုးကြီး ခုန်ချပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲ ကုန်ပါမယ်၊
ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္မဏီ အကြောင်းပြောကြမှာသေချာတယ်၊
အဲဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှ မဖော်ပြတတ်အောင်ပါပဲ”

၃။လာကြတော့မည်


ညနှစ်နာရီအချိန်တွင်ဖြစ်သည်၊ အပေါ်ထပ်က

အိမ်နီးချင်းကို ဂျွန်ကဖုန်းဆက်သည်။

“ဟေ့လူ၊ ခင်ဗျားရဲ့ ကက်ဆက်ကို ပိတ်လိုက်ပါ၊ ကျွန်တော့်အိမ်မှာ ဧည့်သည့်တွေရောက်နေတယ်”

အပေါ်ထက်ကလူက ရွဲ့ပြီးပြောသည်။

“ဘာလဲ၊ ခင်ဗျားတို့အိပ်တော့မလို့လား

အရှုးး၊ ကဖို့ဆိုပြီး ခင်ဗျားဆီတက်လာကြမလို့တဲ့”


၎။ဘာမှထူးမှာမဟုတ်ဘူး။



ဆင်းရဲသားတစ်ဦး၏အိမ်သို့ ညအချိန်မတော် သူခိုးဝင်သည်။ အိမ်ရှင်အဖိုးကြီး နိုးသွားသည်။ မွေနှောက်ရှာဖေနေသော သူခိုးဘက် လှမ်းအော်ပြောသည်။ “အမှောင်ထဲမှာ မောင်ရင်တို့ ဘာတွေ ရှာတွေ့မလဲ မပြောတတ်ဘူး။ ငါကတော့ နေခင်းကြောင်တောင်တောင်
အဖိုးတန်တာဆိုလို့ ဘာမှရှာမတွေ့ဘူး”


၅။မစပ်စုပါနဲ့


ရထားဘူတာ၏ လက်မှတ်အရောင်းဌာနသို့ လူတစ်ယောက် အူယားဖားယား ပြေးလာပြီး လက်မှတ်ရောင်းသူကိုပြောသည်။

“လက်မှတ်တစ်စောင်ပေးပါ”

“ဘယ်သွားမှာလဲ”

“ဘယ်သွားသွားပေါ့၊လက်မှတ်သာမြန်မြန်ပေးစမ်းပါ၊ဟိုမှာထားထွက်တော့

မယ်”


၆။မဖွင့်ဘူးဗျာ


“တံခါးဖွင့်ပါ”

“အိမ်မှာ ဘယ်သူမှာ မရှိဘူး”

“အခု ဘယ်သူပြောနေတာလဲ”

“ဘယ်သူမှ မပြောဘူး၊ ခင်ဗျားနားကြားမှားလို့”


၇။မခံနိုင်တော့ဘူး


ညည့်နက်အချိန်တွင် တယ်လီဖုန်းသံ မြည်လာသည်။

“ခင်ဗျားရဲ့ ကက်ဆက်ကို အခုချက်ချင်း မပိတ်ပစ်ရင်

ကျုပ်ရဲကို တိုင်ရလိမ့်မယ်”

“သီချင်းသံကို နားမခံနိုင်ရင်လည်း တခြားလမ်းကိုပြောင်းနေပေါ့”

“ကျုပ် ဘယ်ကဆက်နေတယ်ထင်လို့လဲ၊
တစ်လမ်းကျော်ကဗျ
"




၈။လက်မအားလို့ပါ


“တပ်သားမောင်မြ၊ မင်းဆီမှာ လက်နက်အပြည့်အစုံရှိနေရဲ့နဲ့ ဘာဖြစ်လို့ တိုက်ပွဲဖြစ်တဲ့နေရာက ထွက်ပြေးရတာလဲ”

“လက်တစ်ဖက်မှာ ရိုင်ဖယ်ရှိတယ်၊ နောက်တစ်ဖက်မှာ လက်ပစ်ဗုံးကို ကိုင်ထားရတယ်၊ ဒါကြောင့် လက်နှစ်ဖက်စလုံး မအားဘူး၊ ဘာလဲ ရန်သုကို ကျွန်တော် သွားနဲ့ ကိုက်ရမှာလား” :D



၉။ကောင်းလာပါပြီ


ဆရာဝန်ကလူနာကိုမေးသည်။

“ဘယ့်နှယ့်လဲ၊ ခင်ဗျားရဲ့ မှတ်ဥာဏ်ပြန်ကောင်းလာပြီလား”

“အင်းကောင်းလာပါပြီ၊ ဒါနဲ့ ခင်ဗျားကဘယ်သူလဲဗျ၊ ကျွန်တော့်ကိုသိလို့လား”



:D
ကမ္ဘာသစ် သူငယ်ချင်းများအားလုံးပျော်ရွှင်ပါစေ
Posted by errorrsoe on November 27, 2010 at 11:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>