2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

သူငယ်ချင်းများအတွက် ဟာသလက်ဆောင်

ကမ္ဘာသစ် ရဲ့ တစ်နှစ်ပြည့်မှာ သူငယ်ချင်းအားလုံးမင်္ဂလာပါ...ရေးချင်တဲ့စိတ်ငယ်ထိပ်တက်နေလို့သာရေးရတာ ဘာရေးလို့ရေးရမှန်းမသိတာနဲ့ပဲ ဖတ်ဖူးတဲ့ ဟာသလေးတွေကို သူငယ်ချင်းများအတွက်မျှဝေလိုက်ပါတယ်။

...........ဒါအမတ်လောင်းပဲ..........
လွှတ်တော်အမတ်လောင်း တစ်ယောက်အား "အရွေးခံရရင် ဘာလုပ်ဖို့အစီအစဉ်ဆွဲထားပါသလဲ" ဟုမေးလေရာ အမတ်လောင်းက....
"အရွေးခံရလို့ကတော့ ဘာလုပ်ဖို့စီစဉ်စရာလိုမလဲဗျာ၊ အဲ ကျုပ်စိုးရိမ်ပြီးစဉ်းစားနေမိတာကတော့ အရွေးမခံရရင် ဘာလုပ်မလဲ ဆိုတာပဲလေ" ဟုပြန်ဖြေလိုက်၏။

...........အသက်ရှည်ဆေး...........
လူနာ.........."ဒေါက်တာ အသက် ၁၀၀ အထိ နေသွားနိုင်အောင် ကျုပ်ဘယ်လို လုပ်ရမလဲဗျာ"
ဒေါက်တာ..."ဆေးလိပ်မသောက်နဲ့၊ အရက်မသောက်နဲ့၊ အပျော်အပါး မလိုက်စားနဲ့၊ သား ငါးမစားနဲ့၊ ..."
လူနာ.........."ဒီလိုဆို အသက် ၁၀၀ နေရရောလား၊ ဒေါက်တာရဲ့"
ဒေါက်တာ..."မနေရပါဘူုး၊ ဒါပေမဲ့ အသက် ၁၀၀ အထိ နေနေရတယ်လို့ ခံစားမိမှာတော့ သေချာတယ်ဗျ"

..........ဆရာမနဲ့သူ့ တပည့်များ..........
ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။ မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။
"ဂွတ်မောနင်း တီချာ"
' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက်ကြတော့
ဘူးလား'
ထိုအခါ တပည့်လေးများက
"ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း ဟု "ညီညီညာညာ ရွတ်ပြလိုက်ကြ၏။
'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ'
ခဏကြာတော့ တပည့်လေးများက
"ဂွတ်ဟိုးလ်ဒေး တီချာ"
အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါကစကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ ကဲ စပြီ ၊ လိမ်မာသော...
တပည့်လေးများက မဆိုင်းမတွပင် မိုက်သော ဟု ညီညီညာညာ ပြောလိုက်ကြသည်။
ဆရာမက' မြင့်သော'
တပည့်လေးများက "နိမ့်သော"
'ကျဉ်းသော'
"ကျယ်သော"
'၀သော'
"ပိန်သော"
'ပေါ်ပျူလာဖြစ်သော'
"ပေါ်ပျူလာမဖြစ်သော"
'မဟုတ်ဘူး၊ မှားတယ်'
"ဟုတ်တယ်၊ မှန်တယ်"
'ဟာ၊ အမိုက်အမဲလေးတေ'ွ
"ဟာ၊ အလိမ်မာကြီးတွေ"
'အို၊ ဘုရားသခင်'
"အို၊ ကျေးကျွန်"
'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး'
"ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး"
'အမလေး၊ သေတော့မှာပဲ'
"အမလေး၊ ရှင်တော့မှာပဲ"
'ဟေ့ ရပ်တော့'
"ဟေ့ စတော့"
'တော်ပြှီ၊ သင်တန်းပြီးပြီ'
"တော်သေးဘူး၊ သင်တန်းစပြီ"
'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ'
တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့၏။

...........နာမည်ပေးကောင်းတဲ့ဘွားဘွား..........
အဘွားက လသား မြေးငယ်လေးကို တွန်းလှည်းပေါ်တင်ပြီးလမ်းမကြီးအောက်ဘက်သို့ တွန်းလာခဲ့သည်။
"အေး အေး အို၊ အိပ်ပါ ဒီပလိုမာ လေးရယ်"
ထိုအခိုက် အဘွား၏မိတ်ဆွေတစ်ယောက်က သူတို့မြေးအဘွားနားရောက်လာ၏။ 'ဘယ်လို နာမည်ကဆန်းလှချေလား
ဘာဖြစ်လို့ ညည်းမြေးကို ဒီပလိုမာ လို့မှည့်ထားတာလဲ'
သည်တော့ အဘွားဖြစ်သူက "ဒီလိုဟေ့ ငါ့သမီးကို ကောလိပ်ပို့လိုက်တယ်၊ အဲ ကောလိပ်ကပြန်လာတော့ ငါ့သမီးယူခဲ့
တာက ဒီကလေးပဲလေ"

..........သူ့အတွေး..........
အမျိုးသမီး အဆောင်မှာ ဟာမင် ဒရ၀မ်အလုပ်ရလေသည်။ အဆောင်မှူးဆရာမက သူ့အားအခန်းတိုင်းကိုဝင်ထွက်
နိုင်ကြောင်း ပြောပြပြီး လစာအကြောင်းရောက်သွားသည်။
"တစ်ပတ်ကို ၁၀ ဒေါ်လာဆိုရင် ဘယ်လိုလဲ"
ဟာမင် ခဏ နှုတ်ဆိတ်သွား၏။ အတော်ကြာမှ 'အင်း၊ ကျွန်တော် ဒီလောက်များများ ပေးနိုင် မပေးနိုင် ဝေခွဲလို့ မရသေးပါဘူး ဆရာမကြီး' ဟု ပြန်ပြောလိုက်၏။

...........သမတ်တို့အချိုး..........
လူငယ်တစ်ယောက်က ရဲရဲတင်းတင်းပင်ပြောပြလိုက်၏။
'ဦးသမီးကို ကျွန်တော်လက်ထပ်ချင်ပါတယ်'
သည်အခါ သမီးရှင် အဘိုးကြီးက မျက်နှာထားတင်းတင်းပြန်မေးသည်။
"မင်း အရက်သောက်တက်လား"
'ကျေးဇူးတင်ပါတယ် ဦး၊ အရေးကြီးတဲ့ အကြောင်းပြောပြီးမှ သောက်ကြတာပေါ့'

............၀က်အူချောင်းမေ့ဆေး..........
အမူးသမားတစ်ယောက်သည် ဈေးဝယ်ပြန်လာခဲ့သော အမျိုးသမီးတစ်ယောက်၏ နောက်မှလိုက်လာရာ တစ်နေရာ
တွင် အမျိုးသမီး၏ဈေးဝယ်အိတ်ထဲမှ အထုပ်တစ်ထုပ်ထွက်ကျသည်ကို သတိပြုမိလိုက်၏။ အမျိုးသမီးခပ်ဝေးဝေး
ရောက်သွားသောအခါ အမူးသမားက အထုပ်ကိုကောက်ယူပြီး ဖြည်ကြည့်လိုက်၏။ အား ဟား ၀က်အူချောင်းတွေပါ
လား၊ နိပ်ဟ...
ဘေးလူတွေမသိအောင် သူက ဘောင်းဘီဇစ်ကိုဖြုတ် ခပ်မြန်မြန် ထည့်လိုက်၏။ ထို့နောက် သူ ဘက်စ်ကားမှတ်တိုင်
ဘက် လျှောက်သွားလေသည်။
ဘတ်စ်ကားပေါ် ရောက်သည့်အခါ ထမင်းဆာလာသဖြင့် ဇစ်ကိုဖြုတ်၊ ပါလာသော ဓားလေးဖြင့် ၀က်အူချောင်းကို
နည်းနည်းဖြတ်ယူစားလိုက်သည်။ ထိုအခါ သူနှင့်မျက်နှာချင်းဆိုင် ထိုင်နေသော အမျိုးသမီး မူးမေ့သွားသည်။
မကြာခင် ထပ်ဆာလာပြန်၏။ ထို့ကြောင့် ယခင်နည်းအတိုင်းဝင်အူချောင်း နည်းနည်းဖြတ်စားပြန်သည်။ ထိုအခါ မျက်နှာချင်းဆိုင်က ဒုတိယ အမျိုးသမီး မူးမေ့သွားပြန်သည်။
မကြာခင် ထပ်ဆာလာပြန်သည်တွင် ဇစ်ကိုဖြုတ်၊ ဓားကိုထုတ်ပြီး ဖြတ်စားလိုက်ပြန်သည်။ သည်တစ်ခါတော့ သူကိုယ်
တိုင်ပင် မူးမေ့သွားလေတော့သည်။ ။

..........ဆရာကြီများဟာသ...........
ဝင်စတန်ချာချီနှင့် အေဘရာဟန်လင်ကွန်း နှစ်ဦးလုံးသည် အသိဥာဏ်ကြီးရာတွင်လည်းကောင်း၊ အဆင့်မြင့် ဟာသ
ဓာတ်ခံရှိရာတွင်လည်းကောင်း နာမည်ကြီးကြ၏။
တစ်ခါတော့ သူတို့နှစ်ယောက်သည် နှစ်ယောက်ယှဉ်လျှောက်နိုင်လောက်အောင်မကျယ်သော လှေခါးပေါ်မှာ ရင်ဆိုင်
တိုးကြပါလေရော။ ချာချီက လှေခါးအလယ်မှာရပ်ပြီး လင်ကွန်းကိုပြောလိုက်သည်။
"ကျုပ်က အရူးတစ်ယောက်ကို ဘယ်တော့မှ လမ်းမဖယ်ပေးဘူး"
သည်တွင်လင်ကွန်းက ချာချီသွားနိုင်အောင် တစ်ဖက်သို့ ခပ်ရို့ရို့ကပ်လိုက်ပြီး....
"ကျွန်တော်ကတော့ အရူးတစ်ယောက်ကို အမြဲတမ်း လမ်းဖယ်ပေးတက်တယ်ခင်ဗျ" ဟုပြောလိုက်လေသည်။ ။

............ငြိမ်းချမ်းဘ၀...........
'ငါ့ဦးလေးတော့ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ငြိမ်းချမ်းတဲ့ ဘ၀ ကိုရသွားပြီလေ'
"ဟ မင်းဦးလေး ဆုံးသွားတာငါတောင်မသိလိုက်ပါလား"
'ငါ့ဦးလေး မဆုံးပါဘူး၊ ငါ့အဒေါ်ဆုံးသွားတာပါ'

...........ကြီးမားလွန်းတဲ့ သူ့ရည်ရွယ်ချက်..........
"ငါ့အကို လွန်ခဲ့တဲ့ လေးနှစ်က လွှတ်တော်အမတ်ရွေးပွဲ ၀င်တယ်လေ"
'ခု သူ ဘာတွေလုပ်နေသလဲ'
"ဘာမှမလုပ်ဘူး၊ သူ အရွေးခံလိုက်ရတယ်လေကွာ"

ကမ္ဘာသစ် သူငယ်ချင်းအားလုံးကို ခင်မင်လျက်

ကြည်မျိုးခိုင် ( မကွေး )

Posted by KyiMyoKhaing on June 6, 2010 at 2:51pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>