အားလုံးဟာသံသရာ ခရီးသည်တွေဆိုတာ
သမီးနားလည်ပါတယ်
ဒါပေမယ့်မေမေရယ် .......
သမီးကိုထားပြီးမသွားပါနှင့်လား
မနက်မနက်အမေနှိုးရင်
စောင်ခေါင်းမြီးခြုံပေကတ်အိပ်တဲ့
အကျင့်ကိုလည်းပြင်ပါ့မယ်...။
ညနက်သန်းခေါင်မအိပ်ပဲ
စာအုပ်တွေဖတ် ကဗျာခိုးရေး
တွေးဆွေးနေတာတွေလည်းပြင်ပါ့မယ်....။
လိုချင်တာများမရခဲ့ရင်
ရှိတာမရှိတာ အရေးမပါ
ဒုန်းဒိုင်းခြေဆောင့်
စိတ်ကောက်တတ်တာလေးလည်းပြင်ပါ့မယ်နော်...။
ဂျစ်ကန်ကန်ပေကတ်ကတ်ပြန်ပြောပြီး
လုပ်ချင်ရာလုပ်တဲ့
မေ့သမီးအတွက်
ပူပန်သောကများစွာနှင့်
အမေနေမကောင်းဖြစ်မှာ
တကယ်စိုးရိမ်မိပါတယ်
အသက်ကြီးလာတာနှင့်အမျှ
အမေဟာ သမီးဘ၀အတွက်
အရာအားလုံးထက်ပိုလိုအပ်မှန်း
သဘောပေါက်တွေးကြောက်တတ်ခဲ့ပြီ....။
မျက်လုံးမှိတ်လိုက်တိုင်း
မြင်နေရတဲ့ မျက်ခွံပမာ
အနီးဆုံးအရာကို မမြင်သလိုပါ..
တရက်ကူညီဖူးသူ
သူငယ်ချင်းတွေကိုဘဲ ကျေးဇူးတင်လို့မဆုံး
တစ်ဘ၀လုံးအနစ်နာခံ
ပေးဆပ်ရရှာတဲ့မေမေ့ကိုတော့
ကျေးဇူးဆပ်ဖို့မေ့နေခဲ့တာမို့
သမီးမိုက်ကို ခွင့်လွတ်ပါနော်.....။
လိမ္မာပါ့မယ် မေမေရယ်..
ဒါပေမယ့်
အရာရာကို စိတ်ချလို့
လောကအလယ်အပြောကြွယ်သူတွေကြား
တယောက်တည်းထားမသွားပါနဲ့ နော်….။
Posted by နွေးနွေးဝိုင်
ဆယ်ကျော်သက်အရွယ်တုန်းက အပျိုစင် မဂ္ဂဇင်းမှ ကဗျာလေးပါ..
No comments:
Post a Comment