2 3 4 5 6 7 8 9 10

Thursday, September 13, 2012

မြတ်ရွှေတိဂုံ


မြတ်ရွှေတိဂုံ၊ လက်ကြာငုံဖြင့်
ဂုဏ်တော်ဗုဒ္ဓ၊ ရည်မှန်းဆ၍
ဦးချရွှင်လန်း၊ ကန်တော့ခန်းမှာ
ဆွမ်းပန်းရေလှူ၊ သစ်သီးလှူလျက်
မွှေးနံ့သာလှူ၊ ဆီမီးလှူလျက်
အဖြူစင်ဆုံး၊ ကိုယ်စိတ်နှလုံးကို
ကျင့်သုံးအလှ၊ စောင့်သီလနှင့်
ဗုဒ္ဓဘာသာ၊ မျိုးမြန်မာဟု
အခါကောင်းခြင်း၊ မင်္ဂလာအဆင်းဖြင့်
လာခြင်းကောင်းခဲ့သည်တကား...။

မြေလတ်မောင်မြင့်သူ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>