2 3 4 5 6 7 8 9 10

Tuesday, September 11, 2012

စစ်ကိုင်းမြို့တွင် ရှေးဟောင်းဘုရားများ ရောင်ခြည်တော်ကွန့်မြူးခြင်း




စစ်ကိုင်း၊ စက်တင်ဘာ ၉




        စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ရှေးဟောင်းသုခ၀ဟ ပေါ်တော်မူ စေတီများမှ ရောင်ခြည်တော်ကွန့်မြူးသည် ဟူသော သတင်းကြောင့် ဘုရားဖူးပရိသတ်များ နေ့ညမပြတ် စည်ကားလျက်ရှိကြောင်း သိရသည်။ ရှေးဟောင်း သုခ၀ဟ ပေါ်တော်မူ စေတီတော်ဘုရားစုအတွင်းရှိ စက်တော်ရာပါဒစေတီတော်မှ ၀ါခေါင်လပြည့်နေ့ညတွင် ရောင်ခြည်တော် စတင်ကွန့်မြူးခဲ့သည်ကို သတိပြုမိပြီး ဓာတ်ပုံရိုက်ကူးမှတ်တမ်းတင်ခဲ့ကြောင်း ဆရာတော်ဦးဣန္ဒက မှ မိန့်ကြားသည်။ စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီ ၄၉ မိနစ်ခန့်တွင် သပိတ်ပိုက် ဘောဇန၀ိဟာရစေတီစိန်ဖူးတော်မှ ရောင်ခြည်တော်ထပ်မံ ကွန့်မြူးကာ စက်တော်ရာပါဒစေတီ၊ အလိုတော်ပြည့်စေတီ၊ လေးမျက်နှာစေတီတော်များသို့ ကူးယှက်ကာ နှစ်နာရီခန့် ရောင်ခြည်တော်များ ထပ်မံကွန့်မြူးခဲ့ကြောင်း လူအများအပြား လာရောက်ဖူးမြော်ကြကြောင်း စိန်ဖူးတော်များမှ အ၀ါရောင်၊ အနီရောင်၊ အပြာရောင်များ လင်းလက်တောက်ပခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ရွှေမင်းဝံရပ်ကွက်ရှိ ရှေးဟောင်းသုခ၀ဟ ပေါ်တော်မူဘုရားများသည် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်ဦး လက်ရာများဟု ယူဆရပြီး ရှေးဟောင်းနံရံဆေးရေးပန်းချီလက်ရာမွန်များ တည်ရှိကာ ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဘောဇန၀ိဟာရစေတီ လှိုဏ်အတွင်းတွင် ရှားပါးတွေ့မြင်ရခဲသည့် သပိတ်ပိုက်ဆွမ်းဘုဉ်းပေးနေတော်မူဟန် ပတ္တမုဒြာ ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာ ရုပ်တုလေးဆူကို ဖူးတွေ့ရသည်။.

စက်တင်ဘာ ၁၀ ရက်၊ ကြေးမုံသတင်းစာ။


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>