2 3 4 5 6 7 8 9 10

Wednesday, March 13, 2013

နောက်ဆုံးကောက်ရိုးတစ်မျှင်ရဲ့တန်ဖိုး



    
ကုလားအုတ်ရဲ့ခါးကိုချိုးပစ်လိုက်တဲ့သူဟာနောက်ဆုံးကောက်ရိုးတစ်မျှင်ပဲဖြစ်တယ်ဆိုတဲ့စကားကို ကြားဖူးပါတယ်။ အင်မတန်လည်း သဘောကျပါတယ်။ အဆုံးအဖြတ်ကဏ္ဍမှာ ပါဝင်လှုပ် ရှားခဲ့တဲ့ ကောက်ရိုးတစ်မျှင်ရဲ့ တန် ဖိုးကိုလည်း လေးစားမိတာ အမှန် ပါ။ ကုလားအုတ်ရဲ့ ခါးပေါ်မှာသာ သူမရောက်ခဲ့ရင် ကုလားအုတ် ခါး ကျိုးဖို့ ခက်ကောင်းခက်နေဦးမှာ သေချာပါတယ်။ အခုတော့ သူ့ ကြောင့်၊ ကောက်ရိုးတစ်မျှင်ကြောင့် ကုလားအုတ်ကြီးခမျာ ခါးသွင်သွင် ကျိုးခဲ့ရှာပေါ့။ ဘယ်လောက်လေး စားစရာကောင်းတဲ့ ကောက်ရိုးတစ် မျှင်လဲ။

    အဲဒီလိုမျိုး ကောက်ရိုး တစ်မျှင်ဟာ တကယ့်ကို အားကျ အတုယူစရာ ကောင်းတယ်လို့ဆို ရင် အစွန်းရောက်သွားတယ်လို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ အချိန် အခါနဲ့ အခြေအနေပေါင်းစုံအရ ပေါ်ပေါက်လာတတ်တဲ့ ကောက်ရိုး မျှင်လေးတွေဟာ ကြီးမားတဲ့ အပြောင်းအလွဲတွေကို ဖြစ်ပေါ်စေ တတ်ပါတယ်။ တရုတ်ပြည်ဟာ မန်ချူးတွေရဲ့အုပ်စိုးမှုကို နှစ်ပေါင်း များစွာ ခံခဲ့ရပါတယ်။ မန်ချူးတွေ ရဲ့ တောင့်တင်းတဲ့ စစ်ရေး၊ နိုင်ငံ ရေး၊ အုပ်ချုပ်ရေးတွေဟာ တရုတ် လူမျိုးတွေကို တင်းတင်းကြပ်ကြပ် ပဲ ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါပေ မယ့် ကောက်ရိုးတစ်မျှင်နဲ့တူတဲ့ 'ဒေါက်တာဆွန်ယက်ဆင်' ရဲ့ ကြိုး ပမ်းမှုကြောင့် တရုတ်နိုင်ငံမှာ ပ ဒေသရာဇ်စနစ် ပြိုကွဲသွားရုံမက လွတ်လပ်တဲ့ သမ္မတနိုင်ငံဆိုတာ ပေါ်ပေါက်ခဲ့ရပါတယ်။
   တချို့ပုဂ္ဂိုလ်တွေဟာ ကြည့်လိုက်ရင် သာမန်မထင်မရှား နဲ့ အထင်ကြီးစရာ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေပါ။ သူတို့ရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေကိုလည်း ကာလ တစ်ခု ဖုံးကွယ်ထားတတ်တဲ့အတွက် သူတို့ ဘယ်လိုလူဆိုတာ သိရခက် ပါတယ်။ ဒါပေမယ့် အဲဒီလို လူ တစ်ယောက်ကြောင့် အခြေအနေ တွေ ပြောင်းလဲသွားရသလို သူ့ တိုင်းပြည်၊ သူ့နိုင်ငံ၊ သူ့ပတ်ဝန်း ကျင်ပါ အကျိုးခံစား ရလေ့ ရှိပါ တယ်။
   မြန်မာပညာရှိတစ်ဦးဖြစ် တဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီး က အများကောင်းကျိုးကို လုပ် တတ်တဲ့ လူတော်လူကောင်းတွေ ဟာ နံ့သာပင်နဲ့တူတယ်။ အဲဒီ နံ့သာပင် ပေါက်ရောက်နေတဲ့ တစ်တောလုံး တစ်တောင်လုံးဟာ သူ့ကြောင့် အားလုံး မွှေးကြိုင်သင်း ပျံ့နေတတ်တယ်ဆိုတဲ့ အကြောင်း ကို ''ရနံ့ကြိုင်လွင် သစ်တစ်ပင်၊ တောတွင်ရှိလေရာ၊ တောလုံးအနှံ့ အပျံ့ပျံ့၊ ရနံ့ကြိုင်လို့ဖြာ၊ ထိုသူ တစ်ဦး မျိုးသားထူး၊ ပွားလူးပေ သောခါ၊ တစ်မျိုးလုံးပင် အေးကြည် လင်၊ ဂုဏ်အင်တိုးလိမ့်မှာ'' လို့ စပ်ဆိုသီကုံးဖူးပါတယ်။ လူကောင်း တစ်ယောက် လူတော်တစ်ယောက် ကြောင့် တစ်မျိုးသားလုံး ဂုဏ်အင် တိုးတက်လာတာကို ဖော်ပြတာပါ။
   ကိုလိုနီစနစ်ဆိုးကြောင့် ကျွန်ဖြစ်ခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံ အသီး သီးမှာလည်း အဲဒီလို လူတော်တစ် ယောက်ရဲ့ အစွမ်းအစကြောင့် တစ်တိုင်းပြည်လုံးလွတ်လပ်ရေးရရှိသွားကြတာတွေ၊ တိုးတက်ဖွံ့ဖြိုး သွားတာကိုလည်း မဝေးလှသေးတဲ့ အတိတ်သမိုင်း မှာ တွေ့နိုင် ပါသေး တယ်။
   ဆရာကြီးက ပါဠိ-မြန် မာနှစ်ဘာသာနဲ့ 'သုဂိန္ဓနာ- ကြိုင် လှိုင်နေသော ရနံ့ဖြင့်၊ ပုပ္ပိတေန- ပွင့်လျက်ရှိသော၊ ဧကေနာပိ - တစ် ပင်တည်းသာဖြစ်သော၊ သုရုက္ခ နေ - ကံ့ကော်၊ ချယား၊ စကား၊သရ ဖီစသော သစ်ပင်ကောင်းဖြင့်၊ တံ ဝနံသဗ္ဗ - ထိုသစ်ပင်ကောင်း ရှိ သော တောတစ်တောလုံးကို၊ ဝါသိ ယံတတာ - ကြိုင်လှိုင်လေသကဲ့ သို့၊ တထာ - ထို့အတူ၊ သုပုတ္တေ န - အမျိုးသားကောင်း တစ် ယောက်အတွက်ကြောင့်၊ ကုလံ- တစ်မျိုးတစ်နွယ်လုံး၊ ဝိရောစမာန - တင့်တယ်လျက်၊ သုခံ- ချမ်းချမ်း သာသာ၊ ဝဋတိ - ကြီးပွားရလေ သည်' လို့လည်း ရေးသားခဲ့ပါ သေးတယ်။
  ''သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့'' ဆိုသလို နံ့သာပင်နဲ့တူတဲ့ ပုဂ္ဂိုလ်များဟာ သူနဲ့ ပတ်သက်ရာ တစ်တောလုံး တစ်တောင်လုံးကို မွှေးကြိုင်စေမှာ ဖြစ်သလို ကောက်ရိုးတစ်မျှင်လို လည်း ကုလားအုတ်ကြီးရဲ့ ခါးကို သွင်သွင် ကျိုးအောင် ဖန်တီးပစ်နိုင် စွမ်း ရှိကြပါတယ်။ အိန္ဒိယက ဂန္ဒီ ကြီးလို၊ ပါကစ္စတန်က နေရူးလို၊ မြန်မာနိုင်ငံက ဗိုလ်ချုပ်အောင် ဆန်း တို့လို လူတွေဟာ နယ်ချဲ့ ကုလားအုတ်ကြီးရဲ့ ခါးကို ကျိုးသွား အောင် လုပ်နိုင်စွမ်းရှိတဲ့ ကောက် ရိုးမျှင်တွေပါ။
  လူအတော်များများဟာ အခက်အခဲ အကြပ်အတည်းတွေ  တွေ့ကြုံရတဲ့အခါ ကိုယ့်ရဲ့ ကိုယ် စွမ်းကိုယ်စ လုပ်ရည်ကိုင်ရည်တွေ ကို လျစ်လျူရှုပြီး ကယ်တင်ရှင်တွေ ကို မျှော်တတ်ကြတယ်။ ဒီလူကပဲ ကယ်တော့မယောင်။ ဟိုပုဂ္ဂိုလ်က ပဲ အခက်အခဲတွေ ကို ဖြေ ရှင်းပေး တော့မယောင် မျှော်တော်ဇောနဲ့ မောတတ်ကြတာတွေ ရှိပါတယ်။ သူများ နှာခေါင်းပေါက်နဲ့ အသက် ရှူချင်ကြတယ်။ တကယ်တော့ သူ တို့ဟာ သူတို့ဘဝရဲ့ ကယ်တင်ရှင် အစစ်တွေဆိုတာ မေ့နေတတ် ကြတယ်။
   ကိုယ်ကိုယ်တိုင်ပဲ 'သား ကောင်းတစ်ယောက် ကျောက် ကောင်းတစ်စေ့' မဖြစ်နိုင်ဘူးလား။ ကြိုးစားတည်ဆောက်ရင် မရနိုင် ပေဘူးလား။ ကောက်ရိုးတစ်မျှင်လို ဘာမှအရေးပါ အရာရောက်မှု မရှိ ဘူးလို့ ကိုယ့်ကိုယ်ကို ထင်မှတ် ထားပေမယ့် အခြေ အနေ အချိန် အခါနဲ့ အချက်အလက်သာ ရှိလာ ခဲ့ရင် ကိုယ်တိုင်ပဲ ကုလားအုတ်ရဲ့ ခါးကို ချိုးပစ်နိုင်တဲ့ သံမဏိကောက် ရိုးမျှင် တစ်မျှင် ဖြစ်သွားမယ်ဆိုတာ ကို သူတို့မေ့နေကြဟန် တူပါ တယ်။
   လူတော်လူကောင်း ဒါမှ မဟုတ် လူစွမ်းကောင်းဆိုတာ နတ် ဘုရားတွေ၊ တန်ခိုးရှင်တွေက ဖန် တီးပေးနေတာ မဟုတ်ဘူး။ လူသား မိခင်စစ်စစ်က မွေးဖွားလာပြီး လူ့ လောကထဲမှာ ကျင်လည်ရင်း လူ့  ဘဝထဲမှာ သင်ကြားဆည်းပူး တည်ဆောက် ယူရတာပါ။ ကိုယ် တိုင်က အများနဲ့ ရောနှောနီးကပ် စွာ နေထိုင်ကြသူတွေ ဖြစ်နေလေ တော့ လူတွေဟာ ဘာတွေကို မနှစ်မြို့ ဘူးလဲ၊ ဘယ်လို မျှော်လင့် ချက်တွေ ထားကြသလဲ။ သူတို့ရဲ့ လိုအပ်ဆန္ဒတွေက ဘာလဲဆိုတာ လူထဲကလူ ဖြစ်နေတဲ့သူတွေက သိ ထားကြတယ်။ လူတွေရဲ့ ဆန္ဒတွေ ပြည့်ဝအောင်လည်း သူတို့ဘဝ တွေကို တည်ဆောက်ကြ၊ လျှောက် လှမ်းကြ၊ စတေးခဲ့ ကြလိမ့်မယ်။ ဒီအထဲကနေ ထူးခြားစွာပဲ ကုလားအုတ်ရဲ့ခါးကို သွင်သွင်ကျိုးအောင် ချိုးပစ်မယ့် သံမဏိကောက်ရိုး မျှင်တွေ ပေါ် လာတတ်ပါတယ်။ ဒါဟာ နိယာမတရားတစ်ခုမို့ ဘယ်သူမှ ရှောင်လွှဲလို့တော့ ရနိုင်လိမ့်မယ် မထင်ဘူး။
   တကယ်တော့ ကိုယ့် ဘဝကို အလောင်ကျွမ်းခံပြီး ပတ် ဝန်းကျင်ကို အလင်းရောင် ပေး တတ်တဲ့ ဖယောင်းတိုင်လို လူစား မျိုးတွေ၊ ကိုယ့်ဘဝကို အပွန်းအပဲ့ ခံ၊ ပွန်းတီးခံပြီး မွှေးကြိုင်သင်းပျံ့ တဲ့ ရနံ့တွေကို ပေးဝေတတ်တဲ့ သနပ်ခါးနံ့သာတုံးလို လူစားမျိုး တွေ၊ ကိုယ့်ဘဝကို အဆုံးရှုံးခံပြီး အသွားထက်ထက် ဓားကောင်း တစ်လက် ဖြစ်စေဖို့ ပေးဆပ်သွား တဲ့ ဓားသွေးကျောက်လို ပုဂ္ဂိုလ်တွေ ဟာ အများအပြား ရှိခဲ့ဖူးပါတယ်။
   ဒီတော့ ကုလားအုတ်ရဲ့ ခါးကို ကျိုးသွားတဲ့အထိ ကြိုးပမ်း ကြရာမှာ ခင်ဗျားဟာ နောက်ဆုံး ကောက်ရိုးတစ်မျှင် အနေနဲ့ ပူး ပေါင်းပါဝင်ဖို့ မကြိုးစားသင့်ပေ ဘူးလား။ စဉ်းစားကြည့်စေလိုပါ တယ်။
   တကယ်ပါ။ ကောက် ရိုးတစ်မျှင်မှာလည်း သူ့တန်ဖိုးနဲ့ သူ ရှိနေပါတယ်။ အကြောင်းတိုက် ဆိုင်မှုသာ ရှိခဲ့လို့ကတော့ နောက် ဆုံး ကောက်ရိုးတစ်မျှင်ဟာ ခင်ဗျား ကိုယ်တိုင်ပဲ ဖြစ်သင့်တာပေါ့။ ကုလားအုတ်ကြီးရဲ့ခါးကို ကျိုးသွား အောင် ဖန်တီး ပစ်မယ့် နောက်ဆုံး ကောက်ရိုးတစ်မျှင်ဟာ ခင်ဗျား လေ။ ဒါကို ယုံကြည်လက်ခံလိုက် စမ်းပါ။ ကြိုးစားကြည့်လိုက်စမ်းပါ။

ထက်ကျော်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>