Labels
- ၀တၳဳတို
- Eco
- Video
- ကဗ်ာ
- ကမ ၻာသစ္စာစုမ်ား
- ကမ ၻာ့အေရး
- ကာတွန်း
- ကိုယ်တိုင်ရေးစာစုများ
- ကျန်းမာရေး
- ခရီးသွားစာစု၊ ဆောင်းပါး
- ဆုံးမစာ
- တရားတော်များ
- ဓမ္မစာစု
- ဓမ္မသံစဉ်
- ဓမ္မအတွေး
- ဓမ္မအတွေးကဗျာ
- ဓာတ်ပုံ
- ဖတ်စရာ
- ဖြစ်ရပ်မှန်
- မြန်မာမှု
- မြန်မာ့ရနံ့ကဗျာများ
- ဘာသာပြန်
- ဘာသာရေး
- မဃဒေဝ
- မှတ်စု
- ယဉ်ကျေးမှု
- ရသစာစု
- ရုပ်ပြ
- လင်္ကာ
- သတင်း
- သဘာဝဓမ္မ
- သမိုင်း
- သီချင်း
- သုတ
- ဟာသ
- အချစ်ကဗျာ
- အထ္ထုပတ္တိ
- အမျိုးသားနိုင်ငံရေး
- အားကစား
- အတွေးစာစု
- အတွေးအရေး
- အမေးအဖြေ
- စေတီတော်များ
- ဆောင်းပါး
- ဗေဒင်
- နိုင်ငံရေး
Thursday, May 21, 2015
မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၃ )
ပျော်ကြူးလေဘင်၊ တလွင်လွင်နှင့်၊ လူတွင်ဉာဏ်မဲ့၊ ကျိုးမဟဲ့ဘူး၊ အကဲ့လည်းကောင်း၊ တောမြောက်ပေါင်းတို့၊ ဥက္ခောင်း ခြေလက်၊ မျက်ခွက်မျက်နှာ၊ ပမာတမူ၊ လူနှင့်တူလည်း၊ လူသို့ပညာ၊ မယှိပါ၍၊ အိမ်ရာ တင်းကုပ် ၊ ဆောက်လုပ်သေသတ်၊ မပြုတတ်ကြောင့်၊ မိုးစွတ်နေပူ၊ မဟူစပါ ခံရစွာ၏။ ပညာပြည့်ကြွယ်၊ စာသူငယ်မူ၊ ဆန်းကြယ် ရိပ်မြုံ၊ သိုက် အအုံနှင့်၊ မိုးလုံ နေလွတ်၊ ပူမစွတ်ဘဲ၊ ကြည်ဆွတ်ချမ်းမြ၊ ခိုလုံရ၏၊ ဗာလပဏ္ဍိ၊ ထူး သတ္တိ ကို ၊ နှိုင်းညှိဉာဏ်တွင်၊ သိထင်မြင်လော့၊ တွင်း, ပြင်,နီးဝေး၊ လွန်ရှုပ်ထွေးခဲ့၊ ပြည်ရေး မင်းရေး ၊ ပေါက်နှင့်ကျေး တည့် ၊ ကျေးလည်း စိမ်းစိမ်း၊ ပေါက်စိမ်းစိမ်းသို့၊ မှတ်ထိမ်း ဥပမာ၊ မှုရေးရာကို၊ ပညာယှိမြတ်၊ များ မှူးမတ်နှင့်၊ မပြတ်တိုင်ပင်၊ ညှိဆင်ခြင်လော့၊ အကြင်လူနှိုက်၊ စရိုက် မိုက်ထိုင်း၊ ဇာတိ ရိုင်းကား၊ ဗျိုင်း သူတော်ယောင် ၊ ကြောင် သူတော်တု၊ ကျင့်ပြုတတ်စွ၊ အပေါ်လှလည်း၊ အပ ဈေးသုံး၊ ရွှေရောင် ဖုံးလျက် ၊ ကြေးတုံးပမာ၊ များကြစွာ၏၊ နွယ်လာ အရိုး၊ အမျိုးမတူ၊ အယူမမျှ၊ ၀ါဒညစ်ညမ်း၊ လူစိမ်းရွမ်းကို၊ ကျွမ်းမ၀င်ရာ၊ ကျွမ်းဝင်ပါက၊ ပျက်တတ်လှ၏၊ အန္ဓ အသွင်၊ မမြင်ကျိုးကြောင်း၊ ခြွေရံပေါင်းနှင့်၊ မကောင်းမိတ်ဆွေ၊ တူနေရောထွေး၊ ယခင့်ရှေးက ၊ မြေခွေး ပုတ်သင်၊ ကျွမ်းဝင်သွေးညှိ၊ လိုက်မှားမိ၍၊ ဗောဓိသတ္တ၊ ဘုရာ့အလျာ၊ သမ္ဘာမှည့်ဝင်း၊ သမင်မင်းနှင့်၊ ဖွတ်မင်း ငုံးမင်း၊ ခိုမင်းဂီဝါ၊ ရွှေဟင်္သာက၊ မဟာကပိန္ဒ၊ စသည်ခပင်း လောင်းတော်မင်းတို့ ၊ ကျော့ကွင်းပိုက်မိ၊ ဘေးကြီး ထိ၏၊ မှတ်ဘိမြဲးယုံ၊ ဘ ကြေးမုံလည်း၊ ရေးပုံတမူ၊ မှတ်နည်းယူ၍၊ လူတွင် လူမိုက်၊ မကြိုက်သုစရိ၊ မယှိပညာ၊ သူယုတ်မာကို၊ သဟာကျွမ်းဝင်၊ မပြုချင်နှင့်၊ ဂုဏ်အင်ယုတ်နွမ်း၊ ကျေးကျွန်သွမ်းနှင့်၊ မင်းသွမ်းကျင့်မူ၊ သဘောတူက၊ ပြည်သူအများ၊ မစီးပွားခဲ့၊ ပြည်အားမဲ့စွာ၊ ဖြစ်သောခါလည်း၊ မင်းပါလုံးဓွန်း၊ ပြည်နစ်မွန်း၍ ထီးနန်းကွယ်ပျောက် သုညာတည်း။
❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း
at
Thursday, May 21, 2015
Posted by
မြန်မာ ကမ္ဘာသစ်
Labels:
ဆုံးမစာ,
မဃဒေ၀,
လင်္ကာ,
သုတ,
အမျိုးသားနိုင်ငံရေး
Subscribe to:
Post Comments (Atom)
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
-
►
2012
(173)
- ► January 15 (1)
- ► September 2 (1)
- ► September 9 (4)
- ► September 23 (2)
- ► September 30 (3)
- ► November 18 (1)
-
►
2013
(177)
- ► January 13 (1)
- ► February 10 (16)
- ► February 17 (13)
- ► February 24 (8)
- ► September 1 (3)
- ► September 22 (1)
- ► September 29 (4)
- ► October 27 (1)
- ► November 17 (1)
- ► December 1 (1)
- ► December 15 (1)
- ► December 29 (1)
-
►
2014
(31)
- ► February 9 (1)
- ► September 28 (2)
- ► November 2 (2)
- ► November 9 (8)
- ► November 16 (1)
- ► November 23 (2)
- ► November 30 (4)
- ► December 28 (2)
-
▼
2015
(136)
- ► January 18 (4)
- ► January 25 (1)
- ► February 8 (2)
- ► September 6 (4)
- ► September 13 (1)
- ► September 20 (1)
- ► September 27 (2)
- ► October 11 (3)
- ► October 18 (1)
- ► November 1 (3)
- ► November 8 (1)
- ► November 29 (3)
- ► December 6 (2)
- ► December 13 (1)
-
►
2016
(31)
- ► January 17 (1)
- ► January 31 (1)
- ► February 7 (1)
- ► February 14 (1)
- ► October 16 (1)
- ► October 23 (1)
- ► November 6 (1)
- ► December 4 (1)
-
►
2017
(14)
- ► January 15 (3)
-
►
2019
(11)
- ► January 20 (1)
- ► January 27 (4)
- ► February 3 (1)
Popular Posts
-
ဆန်းစခါနွေ ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။ နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊ ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။ ခါနွေဦးသို့တည်....။ ...
-
"ကာမဘောင် ရှုပ်အထွေးကိုလ ပျိုလေးမယ်မခင်လို့၊ ရုန်းချင်ပြီ" ဆုပန်ကြားရဲ့ တားမြစ်ဖို့ ခွင့်မသာ။ နှစ်ကိုယ်တူတွဲကာပ သည်ဝဲသံသရာက၊...
-
မရေမရာ၊ ပညာမရှု၊ မင်းတို့မှုကို၊ ဂရုမစိုက်၊ ထုံးမလိုက်လင့်၊ ဘေးရိုက် ဘ,ရာ၊ နွယ်လိုက်ဖြာလျက်၊ မဟာသမ္မတ၊ ကမ္ဘာစ က ၊ ဗြဟ္မာ့မျိုးရင်း၊ မင်းတု...
-
...(၁၉၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်နေ့၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့တွင် ဖွ...
-
ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။ မဗေဒါ ပြာနွဲ့နှောင်းငဲ့ ချောင်းတန်တန် ရေငန်ရပ်မှာ၊ စွဲတတ်နိုင်အား။ သူ့စိတ်နဲ့ သူ့ကိုယ်။ ချောင်းတစ်...
-
အလှထူးပါဘိ မြဖူးပြာအငုံနှင့် လွှာရုံမှာ ညှာစုံကျင်းရော့ထင် ဖြူဝင်း ငွေမှုန်လွှာတို့ လေယူရာ ရနံ့ညင်း သင်းပျံ့ခဲ သူ့ခြံမှာ။ ငြါ့...
-
စိတ်ကောင်းနှင့်ယှဉ် အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှု...
-
၁။ကင်မရာဝယ်ပါ ကန်ပေါင်တွင်ထိုင်ကာ ပန်ချီဆရာတစ်ဦး ရှုမျော်ခင်းပုံဆွဲနေသည်၊ ကင်မရာတစ်လုံးနှင့် သားအဖနှစ်ယောက် ပန်းချီဆရာအနားရောက်လ...
-
စကားအရာမှာ ကြွယ်ဝလိမ်မာစွာ ပြောတတ်ဆိုတတ်တဲ့၊ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ပျော်တော်ဝန်အမတ်ကြီး ဦးပေါ်ဦးရဲ့ လိုရင်းရောက်အောင် ဒိုးဒိုးဒေါက်...

No comments:
Post a Comment