အေးအတူ..ပူအမျှ
ကောင်းအတူ..ဆိုးအတူရယ်လို့
မတိုင်ပင်ထားပါပဲနဲ့
ဖြူစင်တဲ့စိတ်ဓာတ်လေးတွေကိုယ်စီနဲ့
တယောက်ကိုတယောက်ဖေးမလို့
ဘ၀ရဲ့အစိတ်အပိုင်းတချို့ကို
အပူပင်ကင်းကင်းနဲ့
ကျော်ဖြတ်ခဲ့ဖူးပါတယ်..
ဘ၀တဆစ်အချိုးအကွေ့မှာ
ရည်ရွယ်ရာဘ၀ချင်းမတူလို့
တယောက်တကွဲစီ
လမ်းခွဲနှုတ်ဆက်လို့ကျောခိုင်းခဲ့ရတယ်နော်....
ဘယ်လောက်ဘဲဝေးဝေး
ဘယ်နေရာဘဲရောက်နေရောက်နေ
တယောက်ကိုတယောက်
မမေ့ကြေး...သတိရကြေး
ကတိကိုယ်စီပေးလို့
အလွမ်းတွေအမှတ်တယတွေကို
ရင်ထဲသိမ်းဆည်းလို့
ဘ၀ဆိုတဲ့ဇာတ်ခုံပေါ်မှာ
အရှုံးနဲ့ရင်မဆိုင်ရအောင်
သတ္တိမွေးပြီးရှေ့ဆက်ဖို့ပြင်ဆင်ခဲ့ရတယ်..
မာယာများလှတဲ့လောကကြီးထဲမှာ
တယောက်ထဲရပ်တည်နိုင်အောင်
ကြိုးစားရင်း
ပြန်မရနိုင်တော့တဲ့စာသင်ခန်းထဲက
အဖြူရောင်ငယ်ဘ၀လေးကို
အရမ်းသတိရမိပါရဲ့...
အားလုံးကိုယ်စီကိုယ်စီတာဝန်တွေနဲ့
လျှောက်လှမ်းနေကြတဲ့ဘ၀ခရီးမှာ
အလွယ်တကူပြန်ဆုံဖို့ဆိုတာ
မဖြစ်နိုင်တော့ဘူးလား..
လောကကြီးရဲ့တထောင့်တနေရာမှာ
တနေ့နေ့တချိန်ချိန်ပြန်တွေ့တဲ့အခါ
စာသင်ခန်းထဲက
အဖြူရောင်စိတ်ဓာတ်လေးတွေကို
အရောင်မဆိုးခဲ့ပါနဲ့.. ..သူငယ်ချင်း
စာသင်ခန်းထဲမှာ
ထားခဲ့ဖူးတဲ့ကတိတွေကို
မမေ့လိုက်ပါနဲ့... သူငယ်ချင်း
ဘယ်လောက်ပဲဝေးကွာခဲ့ပါစေ
ထာဝရဖြူစင်တဲ့
အဖြူရောင်သူငယ်ချင်းပဲဖြစ်ပါရစေ..။
Blackroze
No comments:
Post a Comment