EII
ဝေဒနာရှင်များမှာ ရောဂါတကယ်ရနေခြင်းကြောင့် မဟုတ်ဘဲ ဒေါသဖြစ်ခြင်း၊
စိုးရိမ်ပူ ပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မနာလို ဝန်တိုခြင်း၊
စိတ်ဓာတ်ကျခြင်း စ သော မကောင်းသော စိတ်ခံစားမှု များ-Unpleasant Emotions
ကြောင့် မကျန်းမမာ ဖြစ်ကြခြင်း ဖြစ်သည်။ ထိုသို့သော စိတ်ခံစား ချက်များကို
ဒေါက်တာ Selye က Emotional Stressor ဟု အမည် ပေးသည်။ ယင်းတို့ကြောင့်
Emotional Stress ဖြစ်သည်။ Emotional Stress နည်းသွားသည်နှင့် အမျှ EII
ဖြစ်တာ နည်းသွားမည်ဟု ဆိုပါသည်။
EII ဝေဒနာ ရနေသူများ သည် ကြုံတွေ့နေရသော
ဘဝ အခြေအနေများကို Emotional Stress နှင့်ပင် ရင်ဆိုင်တတ်ကြ သည်။ Emotional
Stress ကို နား မလည်ကြဟု ဆိုပါသည်။ Emotional Stasisဆို သည်မှာ ဘဝတွင်
ကြုံရသော အနိ ဋ္ဌာရုံ အခြေအနေများကို ဥပေက္ခာ စိတ်ထားတတ်ခြင်း၊ မညည်းညူဘဲ
သည်းခံတတ်ခြင်း၊ ကြောက်ရွံ့စိတ် မထား သတ္တိရှိခြင်း၊ ရွှင်ရွှင်ပျပျ နေ
တတ်ခြင်း၊ စိတ်ခိုင်ခိုင်ထားခြင်း စ သော စိတ်ခံစားချက်ကောင်းများ နှင့်
တုံ့ပြန်ရင်ဆိုင်နိုင်စွမ်းရှိခြင်း ကို ဆိုလိုပါသတဲ့။ ထို့ကြောင့်
ရင့်ကျက် ခြင်းဆိုသည်မှာ Emotional Stasis ရှိခြင်းကို တစ်မျိုးလှည့်ခေါ်
သော ဝေါဟာရပင် ဖြစ်သည်ဟု ဆိုပါသည်။
ရင့်ကျက်မှု (ဝါ) Emotional Stasis
မရှိလျှင် ကြုံလာ သော အနိဋ္ဌအခြေအနေများကို စိုး ရိမ်သောက၊ ကြောက်ရွံ့မှု၊
စိတ် ပျက်မှု၊ စိတ်အားငယ်မှု၊ စိတ်အလို မကျမှု စသော မကောင်းသော
စိတ်ခံစားမှုများနှင့် တုံ့ပြန်ရင်ဆိုင် တတ်သည်ဟု ဆိုပါသည်။ ဤကား ဆေးပညာရှင်
တို့၏ အဆို ဖြစ်ပါသည်။ ကျွန်တော်သည် ဤ ဒေါက်တာ Selye ၏ တွေ့ရှိချက်
များကို အခြေခံ၍ တစ်ခါက ရုပ် ရှင်တေးကဗျာမဂ္ဂဇင်းတွင် စိတ် ကောင်းထားတတ်ပါစေ
ဟူသော ဆောင်းပါးမျိုး ရေးဖူးပါသည်။ စိတ် ကောင်းထားတတ်ခြင်း ဆိုသည်မှာ
ရွှင်ရွှင်လန်းလန်းနေခြင်း၊ သည်းခံ တတ်ခြင်း၊ မုဒိတာစိတ်ဖြစ်ခြင်း၊ စိုး
ရိမ်သောက မဖြစ်ခြင်း၊ သတ္တိရှိ ခြင်း၊ မျှော်လင့်ချက်ကောင်း ထား
တတ်ခြင်းစသော Pleasant Emotion များဖြစ်အောင် နေတတ်ခြင်း ကို
ဆိုလိုခြင်းပါပေ။ တစ်နည်းအားဖြင့် မ ကောင်းသော စိတ်ခံစားချက်များ
ရှိနေသူသည် ရင့်ကျက်မှု- Emotional Stasis မရနိုင်ပါပေ။ ကျွန်တော်တို့
လူအများ စု၌ ရင့်ကျက်မှု နည်းကြသည်မှာ ကျောင်းသင်ပညာရေးနှင့်လည်း
သက်ဆိုင်သည်။
ကျောင်းသင်ရိုး ညွှန်းတမ်းများ၌
စိတ်ကောင်းများ မည်သို့မွေးအပ်ကြောင်း သင်ကြား ပြသပေးသည့် စိတ်ပညာသင်ခန်း
စာများ မပါရှိကြချေ။ ထို့ကြောင့် စိတ်ဆိုးများ-Unpleasant Emotions သည်
ကျန်းမာရေးကို မည် သို့ ထိခိုက်နိုင်ကြောင်း ကျောင်းသားများ
သိခွင့်နည်းကြလေသည်။ ရင့်ကျက်မှု နည်းကြ သည်မှာ မိသားစု ပတ်ဝန်းကျင်၏
သြဇာလွှမ်းမိုးမှုလည်း အကြောင်း တစ်ရပ်ဖြစ်သည်။ မိသားစုအများ အပြားသည်
ဆင်းရဲကြသော မိ သားစုများ ဖြစ်ကြရာ မိမိတို့သာသားသမီးများအား ပညာပေး ပျိုး
ထောင်မှု မပြုနိုင်သည့်အပြင် မိမိ တို့ဘဝကိုယ်နှိုက်က မကျေနပ် စရာတွေက
များနေကြသဖြင့် ကလေးတွေမှာ ငယ်စဉ်ကတည်းက အလိုမကျမှု၊ ဒေါသဖြစ်မှုတို့ဖြင့်
ကြီးလာကြရသည်။ ကျွန်တော် တွဲဖက်ဆရာ ဘဝတုန်းက ၁ဝ တန်းကျောင်း သားတစ်ဦးသည်
ဒူးထောင်ထိုင်နေ ၍ ထိုသို့မထိုင်ရန်ပြောရာ ထောင် ထားသော ညာဒူးကို လှဲချ၍
ဘယ် ဒူးကို ထောင်သည်။ ထိုသို့ မပြုရ ဟု ပြောသော် ယင်းသို့ကား မပြု
တော့သော်လည်း အခြားနည်းဖြင့် မသင့်ရာကို ပြုပြန်လေသည်။
ထို့ ကြောင့် ထိုကျောင်းသားကို
ရိုက်နှက်ဆုံးမ မနေတော့ဘဲ အတန်းထဲမှ မောင်းထုတ်လိုက်မိလေသည်။ နောက်မှ
သူ့မိသားစု ဘဝ အခြေအနေကို စုံစမ်းကြည့်သည့်အခါ ဆင်းရဲသော
မိခင်နှင့်အလိုမကျစွာနေရ၊ ဖခင်ဖြစ်သူကလည်း နောက်မိန်းမယူပြီး သူတို့ ကို
ပစ်သွား၊ သူ့မှာ အဆင်မပြေသော ဘဝကို ရင်ဆိုင်နေရကြောင်း သိရပေသည်။
ထို့ကြောင့် ကျွန်တော်သူ့ကို အထူးတလည် ကြင်နာမှုများကိုပြ၍ မေတ္တာဖြင့်
ဆက်ဆံသည့်အခါ သူကျွန်တော့်ကို များစွာ လေးစားချစ်ခင်သွားပါသည်။ သို့ရာတွင်
ထိုတပည့် သည် ကျွန်တော်နှင့် တွေ့လျှင်သာ ချစ်ခင်ရိုသေသောစိတ်နှင့်
သူတတ်နိုင်သလို ပြုစုဆောင်ရွက်ပေးဖို့ ပျာပျာသလဲ ဖြစ်နေသော် လည်း
လောကကြီးကိုကား ပေါက်ကွဲပြဖို့ အသင့်ဖြစ်နေပေသည်။ ကျွန်တော်
ကိုယ့်ဘာသာကိုယ်လည်း ပြန်လည်စစ်ဆေး ကြည့်မိ သည်။ ယခု အသက် ၇ဝ ကျော်
အရွယ်အထိ ကျွန်တော့်မှာ သတိလက်လွတ်သည့်အခါထိန်း မရသော အားနည်းချက်
ရှိနေသည်။ မသင့်မမှန်ဘူးထင်ကဒေါသနှင့် တုံ့ပြန်ပြောဆိုမိခြင်း ဖြစ်သည်။
ကျွန်တော်ဘတ်စ်ကားစီးဖို့ မလိုဘဲအလုပ်ကိုလမ်း လျှောက်
သွားနိုင်သည့်နေရာတွင် နေနေခြင်းမှာ (ယခု ရေကျော်မှာနေသည်။ အလုပ်က
ဗိုလ်အောင်ကျော်လမ်းထိပ်မှာဖြစ်သည်။) ကိုယ့်သား အရွယ်၊ မြေးအရွယ်
ကားစပယ်ယာကလေးတွေကို မကြာခဏ အော်ငေါက်တုံ့ပြန်နေ မိသောကြောင့်တည်း။
ကျွန်တော်သည် ဆင်းရဲသော မိသားစုထဲမှာလည်း
ကြီးလာရ၊ ကိုယ်မကျေနပ်နိုင်သည့် လူမှုရေး၊ နိုင်ငံရေး ပတ်ဝန်းကျင်တွေ ကို
လည်း ဖြတ်သန်းလာခဲ့ရပေရာ ကျွန်တော့်စိတ်သည် ကောင်းစွာ
ယဉ်ကျေးရင့်ကျက်လာခွင့် အခြေအနေ နည်းခဲ့ပေသည်။ ထို့အတူ သူငယ်ချင်း
အပေါင်းအသင်း မိတ်ဆွေပတ်ဝန်း ကျင်၏ သြဇာကလည်း စိတ်ရင့်ကျက်မှုအပေါ်
သက်ရောက်နိုင်သည်။ ဆင်းရဲ ချမ်း သာကွာဟမှုများသော အခြေအနေများတွင် ဆင်းရဲသော
သူကိုချမ်းသာသော သူကနှိမ်၍ ဆက်ဆံမိဖို့များလေသည်။ ထိုအခါမျိုး တွင်
အနှိမ်ခံရ သူတွင် Pleasant Emotion ဖြစ်ခွင့် နည်းပေလိမ့်မည်။ မိတ်ဆွေ
ပတ်ဝန်းကျင်တွင် စာအုပ်စာပေ လူ့မိတ်ဆွေ လည်းပါသည်။ ကျွန်တော်တို့ငယ်စဉ်က
ဖတ်ရသော အချို့စာအုပ်များတွင် မျက်နှာကိုပုဆိုးအထက်စနှင့်သုတ်၊ လက်ကို
အောက်စ နှင့် သုတ်သဖြင့်မျက်နှာသုတ်ပုဝါ လက်သုတ်ပုဝါသီးသန့်မလိုသော
ဇာတ်လိုက်များ၊ ခုံဖိနပ်စီး ဇာတ်လိုက်များ၊ တယောရိုက်ချိုး
သူများပါတတ်ကြပေရာ ထိုအပြုအမူမျိုးကိုပင်လျှင် အကောင်းထင်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် ဗိုလ်ချုပ်အောင် ဆန်း အကြောင်းရေးရာတွင်
ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်း သားဘဝကတောသားစရိုက်များ
ကိုလည်းကောင်း၊ သူ့ဖခင် ၏ Unpolished Manner (မရည်မွန် သော
ပြုမူပြောဆိုပုံ) ကိုလည်းကောင်း အမှန်အတိုင်း သုံးသပ် ဖော်ပြပေသည်။
ဗိုလ်ချုပ်အောင် ဆန်းသည် သူဝတ်နေကျ စစ် အင်္ကျီ ခပ်နွမ်းနွမ်းနှင့်ပင် အင်္ဂလန်
သို့ အောင်ဆန်းအက်တလီစာချုပ် ချုပ်ဖို့ သွားရန် ပြင်လာသည်ကို နေရူးက
မသင့်တော်မှန်းသိ၍ ညတွင်းချင်း ဝတ်စုံချုပ်ပေးလိုက်ရသူ ဖြစ်သည်။
ကျွန်တော်တို့သည် ငယ်စဉ်က ထိုကဲ့သော
စာအုပ်စာပေ လူ့မိတ်ဆွေတွေထဲမှ သူ့ကိုမိန့်ခွန်းပြောဖို့ ဖိတ်ထားသော ပွဲသို့
တက် ရောက်စဉ် ဧည့်ခံစားပွဲ တောင် မရောက်သေးဘဲ ဖြတ်သွားရာလမ်းအနီး၌တွေ့သော
ဗန်းထဲမှ ဘယာကြော်ကို ကောက် ယူစား သွားခြင်းမျိုးကို
အားကျကြည်ညိုဖြစ်ခဲ့သည်။ တကယ်တော့ ဗိုလ်ချုပ်၏အပြုအမူမှာ
ဒေါ်အောင်ဆန်းစုကြည် ပြောသည့် Unpolished Mannaer ပင် ဖြစ်ပါသည်။
ထို့ကြောင့် အပြည့်အဝ ရင့်ကျက်မှုရှိသူမရှိနိုင်ဟု ပညာရှင်တို့က ဆိုကြသည်။
တစ်ခါတစ်ရံ လူကြီးက လည်း အခြေအနေတစ်ရပ်ကိုကလေးတစ်ယောက်သဖွယ် တုံ့ပြန်
တာမျိုး တွေ့နိုင်သည်။ တစ်ခါက လူကြီးတစ်ဦး၏ သတင်းစာရှင်း လင်းပွဲတွင်
သတင်းထောက်တစ်ဦးက ၅ဝဝဝ ကျပ်တန် ငွေစက္ကူ ထွက်မည်ဟုသာ ကောလာဟလတွေ ထွက်နေသည်။
ယင်း သတင်း မှန်ပါသလော ဟူသော သဘောမျိုး မေးရာ ထိုလူကြီးက ရှူးရှူးရှားရှား
နှင့် ခင်ဗျားကို ဘယ်သူပြောသလဲ၊ ခင်ဗျားတို့က တစ်သောင်းတန်
ထုတ်လိမ့်မယ်ဆိုတာမျိုးတောင် ပြောကြဦးမယ်ဟူသော အဓိပ္ပာယ် မျိုး ပေါက်သည့်
စကားမျိုးဖြင့် ကလေးချင်း ရန်ဖြစ်သည့်အခါ တုံ့ ပြန်ပုံမျိုးဖြင့်
တုံ့ပြန်ပါသည်။ (ထို စဉ်က ထိုဝန်ကြီး ဝန်မခံခဲ့သော် လည်း နောက်တော့
ငါးထောင်တန်သာမက တစ်သောင်းတန်ကိုပါ ထုတ်၍ ကျွန်တော်တို့ ယခု သုံး
နေကြရပါပြီ။) ရင့်ကျက်မှုသည် ဒေါက် တာ Selye ပြောသည့် Emotional Stasis
နှင့် ဆိုင်သည်ဟု ဆိုရပါ မည်။ မကျေနပ်ဖွယ် အခြေအနေကိုလည်း
အေးဆေးတည်ငြိမ်စွာ တုံ့ပြန်တတ်ဖို့ လိုပါသည်။ အေးဆေးတည်ငြိမ်စွာ
တုံ့ပြန်တတ်ပုံအကြောင်းကို ကျွန် တော့်ဘထွေးတစ်ဦး၏ တုံ့ပြန်ပုံနမူနာ
သာဓကကလေးဖြင့် တင်ပြ လို သည်။ ကျွန်တော့်ဖခင်အထက်တွင် အစ်ကိုတစ်ယောက်၊
အောက်တွင် ညီသုံးယောက်ရှိရာဖခင့်ညီ အငယ်ဆုံး ကျွန်တော့် ဘထွေး အိမ် သို့
တစ်ခါတွင် ကျွန်တော် ညအိပ် သွားသည်။
သူသည် ရွာအရှေ့ဖျားတွင် နေသည်။
ရွာ့အရှေ့ဘက် တလင်းဘေး၌ ကောက်ရိုးပုံကြီးပုံထားသည်။ ကောက်ရိုးပုံဟူသည်
တောင်သူ လယ်သမားများအဖို့ ဖလှယ်ရည် ငွေကြေးတန်ဖိုးသာမက တစ်နှစ်လုံး
သုံးရမည့် အသုံးဝင်၊ တန်ဖိုးလည်း ကြီးမားသောအရာ မျိုး ဖြစ်ပါသည်။ ထို ည ၁၁
နာရီလောက်တွင် ထိုကောက်ရိုးပုံ မီးလောင်ရာ မြင်ရာလူတွေက နှိုးဆော်၍
တစ်ရွာလုံး ရေပုံးကိုယ်စီဖြင့် ဝိုင်း ဝန်း၍ မီးငြှိမ်းသတ်ရန်
ကြိုးစားကြပါသည်။ အိမ်ရှေ့လမ်းပေါ်၌ လူးလာဆန်ခတ် ပြေးလွှားရေသယ်ဖြင့်
ဆူဆူညံနေပါသည်။ ထိုအသံ များကြောင့် ဘထွေးနှင့်ကျွန်တော်တို့လည်း
နိုးကြပါသည်။ ဘထွေးမိသားစုထဲမှ ကျန်လူများလည်း မီးလောင်ရာသို့ ပြေးရောက်
သွားကြပါပြီ။ ဘထွေးသည် အိပ်ရာမှထ၍ ခုတင်စွန်းတွင် တင်ပလွဲထိုင်ကာ
ဆေးပေါ့လိပ်မီးညှိ၍ အေးေaဆးစွာပင် ဆေးလိပ်ဖွာ သောက် နေလေသည်။
''မြောက်ပိုင်းက ဟိုကောင်နှစ်ယောက် (နာမည်နှင့် ပြောပါသည်။)
ရှို့တာနေမှာပေါ့ ကွာ'' ဟူ၍သာ ပြောလေ၏။ တုပ်တုပ် မလှုပ်။
နှမြောစရာကောင်းလှသည့် ကောက်ရိုးပုံကြီးသည် မီးကိုလည်းငြှိမ်းသက်၍ မရကြ၍
အားလုံးပြာကျ သွားပါသည်။ ကျွန် တော့်ဘထွေးသည် ဆေးလိပ်သောက်၍ အာသာပြေသောအခါ
နှစ်ခြိုက်စွာပင် ပြန်အိပ်လေသည်။
အနိဋ္ဌာအာရုံတွေကို ကျွန်တော့်ဘထွေးလို
ရင်ဆိုင်တတ် မည်ဆိုသော် ကျွန်တော်တို့သည် အတော်ပင် ကျန်းမာနေဖို့အ ကြောင်း
ရှိလေသည်။ ပြဿနာတစ်ခုကြုံလျှင် ကျွန်တော်တို့သည် ပူဖို့သာ
အရင်စိတ်ရောက်လေသည်။ ပြဿနာ၏ အဖြေကို ခေါင်းအေး အေးထား၍ မရှာတတ် ကြပေ။
တကယ်တော့ ပူပန်ခြင်းသည် အဖြေမဟုတ်ပါ။ ရင့်ကျက်မှုဖြင့် တုံ့ပြန်နိုင်မှလည်း
အဖြေ ကို တွေ့ တတ်လေသည်။ နေ့စဉ်ဘဝတွင် မကျေနပ်ဖွယ်တွေ တွေ့နိုင်ပါသည်။
ကိုယ့်စိတ်အလိုနှင့် ဆန့်ကျင်သော်လည်း ဒေါသဟူသော Unpleasant Emotionမျိုး
အဝင်မခံဘဲ အေးဆေးတည်ငြိမ်စွာဖြင့်သာ တုံ့ ပြန်သင့်ပေသည်။ သို့မှသာ
ရင့်ကျက်မှု ရှိသည်ဟု ဆိုနိုင် သည်။ ရင့်ကျက်မှုရအောင်၊ Emotional Stasis
ရအောင် ကျွန်တော်တို့သည် စိတ်ကောင်းတွေ Pleasant Emotionတွေ မွေးမြူ
တတ်ရမည် ဖြစ်ပါသည်။ ရင့်ကျက်မှုသည် ဘဝတွင် အလွန်အရေးပါ ပေသည်။
ဦးတင်ဦး ( ကျူရှင် )
myanmar market
No comments:
Post a Comment