2 3 4 5 6 7 8 9 10

Tuesday, April 23, 2013

မဃဒေ၀လင်္ကာ အဆုံးအမများ ( ၁ )


အနေက ဇာ၊ သံသရာက၊ ၀ါသနာသိမ်မွေ့၊ ကံမျိုးစေ့ကြောင့်၊ ကောင်းလေ့ကောင်းနည်း၊ နိဿရည်းကို၊ ခမည်းဆုံးမ၊ သြ၀ါဒတိုင်း၊ မချနားဝယ်၊ နာစလွယ်၍၊ မပယ်မသွေ၊ ခံသောထွေဖြင့်၊ ကောင်းနေ ကောင်းစံ ၊ ကောင်းကြံ ကောင်းပြော၊ ကောင်းသဘောနှင့်၊ တင့်မောဆင်းဝါ၊ လမင်းသာသို့၊ မျက်နှာရွှေဥ၊ ချစ်ဘွယ်စုသည့်၊ နန်းသူ့မျက်ချယ်၊ ဘသက်လယ်။ နားဝယ်နှစ်သိမ့်၊၊ သားချစ်စိမ့်လော့၊ ရွှေအိမ့်သခင်၊ နန်းကြီးရှင်တို့၊ လူတွင်လူနတ်၊ လူမြတ်ထွတ်ဖျား၊ လူဘုရားတည့်၊ မမှားဓမ္မ၊ နေ့နေ့ညဖြင့်၊ လုံ့လမချွတ်၊ ကင်းမလွတ်ဘဲ၊ မင်းဝတ်ပြည်ရေး၊ မြော်ရှုတွေးလျက်၊ ရှေးဥပဒေ၊ ထုံးပဝေကို၊ ဖျက်သွယ်ပယ်ရှောင်း၊ လိုရာပြောင်း၍၊ ထပ်လောင်း သစ်ဆင်၊ ထူးမပြင်လင့်၊ ပြည့်ရှင်မင်းမြတ်၊ အမတ်တပါး၊ အခြား နန်းနေ၊ ချစ်မိတ်ဆွေက ၊ ရွှေငွေကျီကြ၊ တိုင်းရဋ္ဌနှင့်၊ မြို့ပြခဲခက်၊ ရဲမက်ဗိုလ်ပါ၊ သင်္ချာခုနစ်အင်၊ ဤရဇ္ဇင်လည်း၊ စုံလင် ဘယ်ခါ၊ မချို့ရာဘူး၊ သည်းချာမှတ်စိမ့်၊ နားနှစ်သိမ့်လော့၊ ပျော်ချိမ့်မြူးချိမ့်၊ ယစ်မူးပိမ့်ဟု၊ ခြိမ့်ခြိမ့်သဲသဲ၊ သောက်စားပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကြူးမရွှင်လင့်၊ တိုင်ပင်မန္တ၊ ဥဿာဟကား၊ လုံ့လရဲခြင်း၊ ဆင်မြင်းသေနာ၊ ဗိုလ်ပါဗလ၊ ပ ဘာဝဟု၊ ရာဇသတ္တိ၊ သုံးပါးယှိ၏။ နှိုင်းညှိဆင်ခြင်၊ ပြည့်စုံလင်လျက်၊ တွင်းပြင်နီးဝေး၊ တိုင်းပြည်ရေးနှင့်၊ မင်းရေးဆန်းကြယ်၊ ဤနှစ်သွယ်ကို၊ လွဲပယ်မမေ့၊ မငြီးငွေ့ဘဲ၊ ကြံစေ့လုံ့လ၊ မပျင်းရဘူး၊ ရာဇဗျူဟာ၊ မင့်မာယာနှိုက်၊ လိမ္မာရေးကျံ၊ ကြေးမုံအလား၊ မြဲရှုစားတည့်၊ အားထုတ်ထိုက်စွာ၊ အရာရာကို၊ မထောင်းတာမှု၊ ဖျက်ဆီးပြု၏၊ ရှေးသူ့စကား၊ မောင်မှတ်သားလော့၊ နဂါးတသုန်၊ ဂဋ္ဌုန်တတန်၊ ကုမ္ဘဏ်တတိုက်၊ ရက္ခိုသ်တထပ်၊ ဂန္ဓဗိတသင်း၊ ငါးတန်ကင်းနှင့်၊ တောင်မင်းထိပ်ချာ၊ ၀တိံသာသို့၊ သူရာစစ်အင်၊ တက်စီးဝင်ခဲ့၊ သို့လျှင်ထို့ကြောင့်၊ ဘကောင်းသားချစ်၊ ဉာဏ်ဖြင့်စစ်လျက်၊ မဖြစ်စရိုး၊ မမှတ်နိုးနှင့်၊ မိုးမပြိုတန်၊ ဆိုသော့ဟန်သို့၊ မေ့ကျန်မယှိ၊ သတိကိုယ်ယုံ၊ အမြဲလုံသည်။ ရေးပုံမလစ်စေရာတည်း။


❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>