2 3 4 5 6 7 8 9 10

Tuesday, April 2, 2013

အမှားတရား ထိုနှစ်ပါး

              ဖြစ်စဉ် ဖြစ်ရပ်များတွင် အမှား၊ အမှန် ရှိစမြဲဖြစ်ပါသည်။ အမှားကို သိမှသာလျှင် အမှန်ကို သိနိုင် မည်ဖြစ် ပါသည်။ သို့သော် ပုထုဇဉ်အမျိုးမျိုး ရှိရာတွင် တချို့က သူတစ်ပါးအမှား မှ သင်ခန်းစာယူကာ ကိုယ် မမှားရ အောင် ရှောင်တတ်သည်။ တချို့က မိမိကိုယ်တိုင်မှားပြီးမှ သင်ခန်းစာ ယူ တတ်သည်။ သို့သော် တချို့မှာ မူကား ကိုယ်တိုင်မှားနေသည်ကိုပင် မှားမှန်း မသိ ဆင်ကန်းတောတိုးဖြစ်နေကြ သည်။
         ယခုတင်ပြလိုသည့် စေတနာမှာ အမှားကိုသိမြင်ပြီး အမှန်ကို ဖော် ဆောင်နိုင်ကြစေ ရန် ဖြစ်ပါ သည်။ လောကတွင် အခြေခံအားဖြင့် အမှား တရား နှစ်ပါးရှိပါသည်။



 ယင်းမှာ အစွန်းရောက်ခြင်း ပြင်းထန်စွာ လွန် ကဲခြင်းဖြစ်ပါသည်။ ဥပမာ-သတ္တဝါ တွေအဖို့ အစာစား၍ (အာဟာရမှီဝဲ ၍) အသက်ရှင်သန်ကြရပါသည်။ သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ ဟု ဆိုထားပါသည်။ ယင်းသို့ ဆိုခြင်း ကြောင့် အစားအစာကိုသာ အတင်း စားနေကာ အစားကြူးပါက အသက် မရှည်နိုင်ပါ။ အတိုင်းအတာထက် ကျော်ကာ အစားကြူး သူများ သည် ရောဂါထူပြောကာ အသက်တိုကြရ ပါသည်။ တစ်ခါ အစားအစာကို ဆင်ခြင်ပါ ဆိုခြင်းကြောင့် လွန်လွန် ကဲကဲ အစားနည်းပါကလည်း အသက် မရှည်နိုင်ပါ။ ကျွန်တော်နှင့် ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ် ဦးမှာ ဆီးချိုရောဂါ ရှိခြင်းကြောင့် ထမင်းနှင့်အသားများကိုပါ ဖြတ် တောက်ပစ်လိုက်ပါသည်။ နံနက်၊ ညစာ ကန်စွန်းရွက်ပြုတ် ကိုသာ စား နေခြင်းကြောင့် လကြာလာသည့်အခါ ကိုယ်ခံအား အလွန် နည်းလာပြီး လေ ဖြတ် သွားပါသည်။ ဤသို့လျှင် ပြင်း ထန်သော အစွန်းရောက်မှုမျိုးသည် အမှားတရားများသာဖြစ်ပါသည်။


                 ယနေ့ခေတ်တွင် အစွန်း၊ ပြင်း ထန်သော အစွန်းသို့သာသွားနေကြ သည်ကို မြင်တွေ့နေရပါသည်။ လူ တွေ၏ လောဘ၊ ဒေါသ၊ မောဟများ သည် ပြင်းထန်သော အစွန်းတရား သို့ သွားနေကြသည်ဖြစ်ရာ စစ်ပွဲများ၊ ရောဂါဘယများ၊ ငတ်မွတ်ခေါင်းပါး ခြင်းများ ဆက်တိုက်ပင် ဖြစ်ပေါ် လျက်ရှိနေပါသည်။ ထို့ပြင် ကိုယ် ကျိုးစီးပွားပဓာနထားကာ စစ်လက် နက်ပစ္စည်းနှင့် စက်မှုစီးပွားရေးများ အလွန်အကျွံလုပ်လာမှုကြောင့် ရာသီ ဥတုများ အကြီးအကျယ်ဖောက်ပြန် လာကာ သတ္တဝါများ ဒုက္ခရောက်နေ ကြရပြီဖြစ်ပါသည်။


                ရှေးရှေးလူကြီးသူမများက သူ့ အိုးနှင့် သူ့ဆန် တန်ရုံသာ ပြုမူလေ့ ရှိသည်။ မတန်မရာ မစားပါ။ မတန် မရာ မဝတ်ပါ။ မတန်မရာ မနေပါ။ မတန်မရာ မပြောပါ။ ထို့ကြောင့်ပင် လော်မာမှုကြောင့်ဖြစ်သော ဒုက္ခဆိုး ကျိုးများမှ ကင်းလွတ်ကြပါသည်။ အမှန်မှာ မိမိအရှိနှင့် ကိုက်အောင် နေရဲ၊ စားရဲ၊ ဝတ်ရဲ သူသည် သတ္တိရှိ သူဖြစ်၍ ဝ မရှိဘဲ ဝိ လုပ်သူများသည် စိတ်ဓာတ်ညံ့ဖျင်းသူများသာဖြစ်ပါ သည်။ ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်း ဖြစ်ပါသည်။
              သို့သော် စားဝတ်နေရေး၊ ကုသိုလ်ရေးအတွက် အခြေအနေ ပေးပါလျက်နှင့် မစားရက်၊ မဝတ်ရက်၊ မနေရက်၊ မလှူဒါန်း ရက်သူ များလည်းရှိပါသည်။ ကျွန်တော့် အဒေါ်ကြီးတစ်ယောက်ရှိခဲ့ပါသည်။ အတော်ချမ်းသာသည်။ ရေနံတွင်း တွေ၊ ကားတွေ၊ အဆောက်အအုံ တွေ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ တွေ အတော်များများပိုင်သည်။ ဈေး နားနီးနီး တိုက်ကြီးကြီးနှင့် ရွှေဆိုင် ကြီးဖွင့်ကာ နေခဲ့သည်။ ရွှေဆိုသည် မှာ ပိဿာချိန်နှင့်ပင်ရှိသည်။ သို့သော် မစားရက်၊ မသုံးရက်ပါ။   သာမန်လူလတ်တန်းစားတစ် ယောက် ကဲ့သို့ နေသွားပါသည်။ တန်ဖိုးကြီး ကား ရှိသော်လည်း နေမကောင်း၍ ဆေးတိုက်သွားလျှင် မြင်းလှည်းငှား စီး၍ သွားပါသည်။ ကားနှင့်သွား လျှင် စရိတ်ပိုကုန်သည်ဟု ပြောပါ သည်။ ဤသို့လျှင် ဝ ရှိသော်လည်း ဝိ မလုပ်တတ်ကြသူများ၊ သင့်တင့်စွာ မနေတတ် ကြသူများ သည်လည်း အစွန်းရောက်သော အမှားတစ်ခုပင် ဖြစ်ပါသည်။
              ထို့ပြင် တက္ကသိုလ်တွင်နေစဉ်ကပင် ကိုယ်ကျန်းမာရေး ချို့တဲ့သော ကျောင်းသား တစ်ယောက်မှာ ညပေါင်းများစွာ မအိပ်မနေ စာကျက် ရင်းဖြင့် အသက်တိုသွားသည်ကို လည်းတွေ့ခဲ့ ရပါသည်။ မအူပင်ဘက် မှလာသော သူဋ္ဌေးသား တက္ကသိုလ် ကျောင်းသား တစ်ယောက်မှာမူ စာမကျက်ဘဲ တက္ကသိုလ်တွင် အပျော် ကြီးပျော်ကာ ဆယ်နှစ်ကျော်နေ သွားခဲ့ပါသည်။ ဤသို့လျှင် အစွန်း ရောက်ကာ အမှားပြုကြသူများအဖို့ ဘဝတွင် အရှုံးနှင့်သာ ရင်ဆိုင်ကြရ စမြဲဖြစ်ပါသည်။
              အနှစ်ချုပ်ရပါက သင့်တင့်စွာ နှလုံးသွင်းပြီး ကိုယ့်အခြေအနေနှင့် ကိုက်ညီစွာ လိုက်လျော ညီထွေ ဖြစ် အောင် ကျင့်ကြံနေထိုင်မှသာလျှင် အစွန်းရောက်သော အမှားတရားများ ကို ရှောင်ရှားနိုင်မည်ဖြစ် ပါသည်။ မိမိ ၏ ကံကြမ္မာကို မိမိကသာ ဖန်တီး သည်ဆိုရာဝယ် မိမိ၏ ကာယကံ အလုပ်၊ ဝစီကံအလုပ်၊ မနောကံ အလုပ်များက ဖန်တီးခြင်းဖြစ်ပါ သည်။ ယင်းသို့ ဖန်တီးရာတွင် မိမိ၏ ကာယ၊ ဝစီ၊ မနော အလုပ်များကို အစွန်းရောက်သော အမှားတရားနှစ် ပါးမှ ရှောင်ကြဉ်နိုင်ကြရန် လိုအပ် မည်ဖြစ်ပါသည်။

စိုးဝင်း(ချောက်)


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>