ရေပေါက်ကလေးရယ်
အမြင့်ရောက်ချင်တာလား
ငါတားပါရစေ ။
တက်လမ်းတွေကို
ပိတ်ပင်တယ်လို့မပြောပါနဲ့ ။
လက်မခံရင်လဲ
မတားတော့ပါဘူး ။
ပူလောင်မှုနဲ့ပဲ
အငွေ့ပျံလိုက်ပါတော့ ။
ငါက
ဖမ်းဆုပ်ဖို့တောင်ခက်တဲ့
ရိုးရိုး...လေ...ရယ်ပါ ။
ခုတော့...လေပူ...ပေါ့
ငါ... အေး...ချင်ပါတယ်
ဒါပေမဲ့
မင်းအတွက် ငါ... ပူ...တယ် ။
ပူမှပဲ မင်းအနောက်ကို
ငါလိုက်ခွင့်ရမယ် ။
ငါ...လေး...ချင်ပါတယ်
ဒါပေမဲ့
မင်းအတွက် ငါ...ပေါ့...တယ် ။
ပေါ့မှပဲ အမြင့်ကတိမ်တွေကို
ငါစောင့်ရှောက်ခွင့်ရမယ် ။
" ပူသောလေသည် ပေါ့၍ အထက်သို့တက်၏ "
စာသင်ခန်းထဲက
သင်ခန်းစာတစ်ခု ။
" အေးသောလေသည် ပူ၍ တိမ်နောက်သို့လိုက်၏ "
ဘ၀ထဲက
အတွေ့အကြုံတစ်ခု ။
စာမျက်နှာတွေကိုလည်း
ငါဝှက်ထားတယ် ။
အမြင့်တက်ဖို့
လေရဲ့ရင်ကို
စုံကန်သွားပါ ။
ခြေရာတွေ ထင်မနေတော့
ဘယ်သူမှလဲ အပြစ်တင်မှာမဟုတ်ပါဘူး ။
အပြစ်တင်ရင်တောင်
အသံတွေက
ငါ့ပိုင်နက်ထဲကနေပဲ
ဖြတ်သန်းသွားရမှာပါ ။
မင်းရဲ့နားဆီကို
ငါအရောက်မခံဘူး ။
သူတို့ကို ငါ့ပိုင်နက်ထဲမှာပဲ
ချုပ်နှောင်ထားပါ့မယ် ။
ရေပေါက်ကလေးရယ်
တိမ်တွေဖြစ်ပြီဆိုရင်
လေတစ်ချို့က မင်းကိုဆွဲယူမယ် ။
လေတစ်ချို့က မင်းကိုမောင်းထုတ်လိမ့်မယ် ။
သတိတော့ထားပေါ့ ။
တိမ်ဆိုကတည်းက
အစိုးမရတော့ဘူးဆိုတာ
မေ့မသွားပါနဲ့ ။
မင်းသွားမယ့်
ခရီးရဲ့ဦးတည်ချက် မပြောနဲ့ ။
တိကျတဲ့ ပုံသဏ္ဍာန်ကိုတောင်
ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်တော့ဘူး ။
လေနှင်ရာကို လွင့်ရတော့မယ် ။
ငါလည်း...လေ...ပါပဲ
မင်းသတိမေ့နေတဲ့...လေ...ပေါ့ ။
မောင်းထုတ်မယ့်...လေ...တော့
မဟုတ်ရပါဘူး ။
ငါက.........
တိမ်တွေရဲ့ပြေးလမ်းမှာ
လမ်းခင်းပေးထားမယ့်...လေ...ပါ ။
မမြင်ရတဲ့ ကျောပေါ်ကနေ
မြင်ရတဲ့ ခြေအစုံနဲ့သာ
နင်းဖြတ်သွားလိုက်ပါ ။
လိုရာခရီး ရောက်တဲ့အထိပေါ့ ။
နာကျင်မှုတွေနဲ့
ငါအိပ်ချင်ယောင်ဆောင်နေပါ့မယ် ။
တစ်နေ့တော့ သိလာလိမ့်မယ်
အမြင့်ရောက်လာလေ
အထီးကျန်ဆန်လာလေဆိုတာ ။
အဆုံးစွန်အထိ
မြင့်ပြီးသွားတဲ့အချိန်မှာ
နှလုံးသားတစ်ခုလုံး
အေးစက်လာလိမ့်မယ် ။
အားတင်းထားရင်းနဲ့
မျက်ရည်တွေစို့လာမယ် ။
ဝမ်းနည်းမိုးတိမ်ဘဝ
ရောက်သွားလိမ့်မယ် ။
တစ်ကိုယ်လုံး မျက်ရည်တွေ
ဖုံးလွှမ်းသွားတဲ့အထိပေါ့ ။
အမြင့်ဆိုတာ
အနိမ့်ပြန်ရောက်ဖို့
ခရီးတစ်ထောက်ပါပဲ ။
ပြုတ်ကျလာတဲ့မင်းကို
ငါ့ခွန်အားတွေနဲ့
စွမ်းသလောက်တော့
ပင့်တင်ထားဦးမှာပါ ။
ဝမ်းနည်းမိုးတိမ်ရယ်
အမြင့်ပြန်ရောက်အောင်
ငါမတတ်နိုင်ပေမဲ့
အကျသက်သာအောင်တော့
ငါစွမ်းနိုင်ဦးမယ် ထင်ပါရဲ့ ။
" မိုးစက်တင်လေ " အနေနဲ့ပေါ့ ။
နောက်ဆုံးတော့လည်း
ရေပေါက်ကလေးပဲ
ပြန်ဖြစ်ရဦးမယ်လေ ။
အထီးကျန်ခဏတာ
မြင့်မားမှုအတွက်
အေးမြခြင်းကို စွန့်လွှတ်ရမယ် ။
ပူလောင်ရမယ် ။
အငွေ့ပျံရမယ် ။
အထက်တက်ဖို့ လေရဲ့ရင်ကို စုံကန်ရမယ် ။
လေဆိုးတွေ နှင်ရာကို လွင့်ရမယ် ။
နေရာပြောင်းရမယ် ။
ပုံသဏ္ဍာန် ပြောင်းရမယ် ။
အနိမ့်က
ရေပေါက်ကလေးဘ၀ကိုပဲ
တန်ဖိုးထားနိုင်ပါစေ ။
မင်းအစွမ်းနဲ့
မီးတောက်တွေကို
ငြိမ်းသတ်ပါဦး ။
ပူလောင်နေတဲ့ရင်ကို
အေးမြပါစေဦး ။
ခြောက်သွေ့နေတဲ့
သစ်ပင်တွေကို
စိမ်းလန်းပါစေဦး ။
ပန်းပွင့်တွေကို
မေတ္တာဖြန်းလို့
လန်းဆန်းပါစေဦး ။
ငှက်ကလေးတွေကို
ပျော်မြူးပါစေဦး ။
ငါလဲ
အဖော်လုပ်ပေးပါ့မယ် ။
ဘယ်သူမှ
သတိမထားမိတဲ့
ငြိမ်သက်လေ အနေနဲ့ပေါ့ ။ ။
Than Htun Linn
Posted by သန်းထွန်းလင်း on May 15, 2011
မဟုတ်ရပါဘူး ။
ငါက.........
တိမ်တွေရဲ့ပြေးလမ်းမှာ
လမ်းခင်းပေးထားမယ့်...လေ...ပါ ။
မမြင်ရတဲ့ ကျောပေါ်ကနေ
မြင်ရတဲ့ ခြေအစုံနဲ့သာ
နင်းဖြတ်သွားလိုက်ပါ ။
လိုရာခရီး ရောက်တဲ့အထိပေါ့ ။
နာကျင်မှုတွေနဲ့
ငါအိပ်ချင်ယောင်ဆောင်နေပါ့မယ် ။
တစ်နေ့တော့ သိလာလိမ့်မယ်
အမြင့်ရောက်လာလေ
အထီးကျန်ဆန်လာလေဆိုတာ ။
အဆုံးစွန်အထိ
မြင့်ပြီးသွားတဲ့အချိန်မှာ
နှလုံးသားတစ်ခုလုံး
အေးစက်လာလိမ့်မယ် ။
အားတင်းထားရင်းနဲ့
မျက်ရည်တွေစို့လာမယ် ။
ဝမ်းနည်းမိုးတိမ်ဘဝ
ရောက်သွားလိမ့်မယ် ။
တစ်ကိုယ်လုံး မျက်ရည်တွေ
ဖုံးလွှမ်းသွားတဲ့အထိပေါ့ ။
အမြင့်ဆိုတာ
အနိမ့်ပြန်ရောက်ဖို့
ခရီးတစ်ထောက်ပါပဲ ။
ပြုတ်ကျလာတဲ့မင်းကို
ငါ့ခွန်အားတွေနဲ့
စွမ်းသလောက်တော့
ပင့်တင်ထားဦးမှာပါ ။
ဝမ်းနည်းမိုးတိမ်ရယ်
အမြင့်ပြန်ရောက်အောင်
ငါမတတ်နိုင်ပေမဲ့
အကျသက်သာအောင်တော့
ငါစွမ်းနိုင်ဦးမယ် ထင်ပါရဲ့ ။
" မိုးစက်တင်လေ " အနေနဲ့ပေါ့ ။
နောက်ဆုံးတော့လည်း
ရေပေါက်ကလေးပဲ
ပြန်ဖြစ်ရဦးမယ်လေ ။
အထီးကျန်ခဏတာ
မြင့်မားမှုအတွက်
အေးမြခြင်းကို စွန့်လွှတ်ရမယ် ။
ပူလောင်ရမယ် ။
အငွေ့ပျံရမယ် ။
အထက်တက်ဖို့ လေရဲ့ရင်ကို စုံကန်ရမယ် ။
လေဆိုးတွေ နှင်ရာကို လွင့်ရမယ် ။
နေရာပြောင်းရမယ် ။
ပုံသဏ္ဍာန် ပြောင်းရမယ် ။
အနိမ့်က
ရေပေါက်ကလေးဘ၀ကိုပဲ
တန်ဖိုးထားနိုင်ပါစေ ။
မင်းအစွမ်းနဲ့
မီးတောက်တွေကို
ငြိမ်းသတ်ပါဦး ။
ပူလောင်နေတဲ့ရင်ကို
အေးမြပါစေဦး ။
ခြောက်သွေ့နေတဲ့
သစ်ပင်တွေကို
စိမ်းလန်းပါစေဦး ။
ပန်းပွင့်တွေကို
မေတ္တာဖြန်းလို့
လန်းဆန်းပါစေဦး ။
ငှက်ကလေးတွေကို
ပျော်မြူးပါစေဦး ။
ငါလဲ
အဖော်လုပ်ပေးပါ့မယ် ။
ဘယ်သူမှ
သတိမထားမိတဲ့
ငြိမ်သက်လေ အနေနဲ့ပေါ့ ။ ။
Than Htun Linn
Posted by သန်းထွန်းလင်း on May 15, 2011
No comments:
Post a Comment