ကြာပွင့်ချိန်
ညကဖူးငုံ၊
ကြာပဒုံသည်
အရုဏ်မိုးသောက်
စောင့်သတည်း။
အရုဏ်မြူး၍
လေဦးလည်းလာ၊
တိမ်ပြာလည်းကင်း
မှောင်ကြွင်းလည်းပြို၊
နှင်းလည်းစိုသော်
သံချိုရင့်ကြွေး၊ ငှက်ကလေး၏
သံချိုရင့်ကြွေး၊ ငှက်ကလေး၏
တေးကိုနာလျက်၊
အားမာန်တတ်သည်
ကန်ထက်ရွေကြာ
ပွင့်သတည်း..။
( ဗန်းမော်ညိုနွဲ့)
No comments:
Post a Comment