2 3 4 5 6 7 8 9 10

Wednesday, October 4, 2017

နေ့စဉ်သကြား လျှော့စားခြင်း၏အကျိုး




မကြာမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လမ်းညွှန်မူဝါဒအသစ်တစ်ရပ် ကြေညာလိုက်သည်။
တစ်နေ့လျှင် သကြားစားသုံးမှု မူလစံညွှန်းထက် တစ်ဝက်လျှော့စားသင့်ကြောင်း အကြံပြုထားသည်။
အမေရိကန် ရောဂါကြိုတင်ကာကွယ်ခြင်း မဂ္ဂဇင်းတွင် အမေရိကန် အာဟာရပါရဂူများက လွန်ကဲစွာ
သကြားစားသုံးမှုကြောင့် လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် မည်သည့်ဆိုးကျိုးများ ဖြစ်စေသနည်း
ဆိုသည့်အကြောင်းကို သုံးသပ်တင်ပြထားပါသည်။

အချို့သော ထုပ်ပိုးထားသည့် အစားအသောက်များအတွင် ပါဝင်သော ဖရုတို့သကြားဓာတ်သည်
အသည်းတွင် အဆီဓာတ်သိုလှောင်သည့် စွမ်းဆောင်ရည် ပိုကောင်းပိုမြန်စေသည်။ အကယ်၍
နှစ်ရှည်လများ ဖရုတို့ပါဝင်မှုများသော အစားအသောက်ကို စားသုံးနေလျှင် အသည်းဝန်းကျင်တွင်
အဆီဓာတ်များ စုရုံးပြီး အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်သည်။

ထုပ်ပိုးအစားအသောက်များတွင် ဖြည့်စွက်ထားသော အချိုသကြားဓာတ်ကြောင့် သွေးရည်တွင်
အင်စူလင်အဆင့် မြင့်တက်နေတတ်သည်။ နှစ်လရှည်ကြာလာလျှင် သွေးကြောဝန်းကျင်၏
ကြွက်သားဆဲလ် ကြီးထွားမှုနှုန်းကို မြန်ဆန်စေသည့်အတွက် သွေးကြောနံရံများကို တင်းကျုံ့
စေကာ သွေးတိုးရောဂါဖြစ်စေနိုင်သည်။

မူလကတည်းက ကိုလက်စထရောမြင့်မားသူ၊ ဆီးချိုရောဂါရှိသူနှင့် အ၀လွန်သူတို့မှအပ
ဖြည့်စွက်သကြားဓာတ် အများဆုံးစားသုံးသူသည် ခန္ဓာကိုယ်တွင်း မကောင်းသော
ကိုလက်စထရောနှင့် Triglyeerid တို့သည် အမြင့်ဆုံးအဆင့်သို့တက်ပြီး ကောင်းသော
ကိုလက်စထရောမှာ အနိမ့်ဆုံးအဆင့်သို့ ဆင်းသွားသည်ဟု သုတေသနတွေ့ရှိချက်အရ
သိရသည်။

သကြားစွဲစေခြင်း
သကြားဓာတ်သည် ဦးနှောက်ကို ဓာတုဓာတ်ပစ္စည်းများ ထုတ်လွှတ်အောင် နှိုးဆော်ပေးသည်။
ကျေနပ်အားရမှုကို ဖြစ်စေပြီး လူကို စွဲလမ်းစေပါသည်။ တိရစ္ဆာန်များနှင့် စမ်းသပ်မှုများအရ
အကယ်၍ သကြားစွဲနေသော တိရစ္ဆာန်ကို သကြားစားသုံးမှုရပ်စေလျှင် သူတို့သည်
သွားကြိတ်သည်။ ကတုန်ကယင်ဖြစ်သည်။ ကြောင့်ကြပူပန်၊ ဂနာမငြိမ်ဖြစ်သည်ကို တွေ့ရသည်။

အမြဲတမ်းစား၍မ၀၊ ဆာနေသည်ဟု ထင်နေခြင်း
သုတေသနတွေ့ရှိရသည်မှာ သကြားကို ပိုပိုမိုမို နှစ်ရှည်လများစားလျှင် ခန္ဓာကိုယ်မှ မိမိကိုယ်ကို
စားလို့ဝသလား၊ မ၀ဘူးလားဆိုတာ မဆုံးဖြတ်နိုင်အောင် ဖြစ်နေတတ်သည်။ ဖရုတို့သကြားဓာတ်
မြင့်မားသော ထုပ်ပိုးအစားအစာများစွာစားလျှင် အစားလွန်ကဲခြင်းကို ဖြစ်စေနိုင်သည်။
အကြောင်းမှာ ဖရုတို့သကြားဓာတ်သည် ဆာလောင်ခြင်းအင်ဇိုင်းကို ထုတ်လွှတ်အောင် နှိုးဆွပေး
သဖြင့် လူကို ငတ်မွတ်စိတ် ဖြစ်ပေါ်စေသည်။

ဆီးချိုရောဂါဖြစ်စေခြင်း
အမေရိကန် လူထုသိပ္ပံစာကြည့်တိုက်ဂျာနယ်၏ သုတေသနဆောင်းပါးတစ်ပုဒ်တွင် နေ့စဉ်နေ့တိုင်း
၁၅၀ ကယ်လိုရီ အပူဓာတ်ပေးနိုင်သော သကြားဓာတ်ကို ပိုမိုစားသုံးမိပါက ဆီးချိုရောဂါဖြစ်နိုင်ခြေ
၁ ဒသမ ၁ ရာခိုင်နှုန်း ပိုများလာနိုင်သည်ဟု ဖော်ပြထားသည်။

ဆွေးမြေ့ရောဂါ ဖြစ်လွယ်စေခြင်း
လူထုကျန်းမာရေးဂျာနယ်မှ လူပေါင်း ၉၀၀၀ ကို လေ့လာမှတ်တမ်းတင်မှုအရ ဆွေးမြေ့ရောဂါသည်
အချိုဓာတ်အစားများခြင်းနှင့် ပတ်သတ်မှုရှိသည်။ အချိုကို အစားများလေ ဆွေးမြေ့ရောဂါဖြစ်လွယ်လေ
ဟု ဆိုပါသည်။

အသားအရေ ပိုဆိုးလာခြင်း
သုတေသနဖော်ပြချက်အရ သွေးရည်တွင်းမှ သကြားဓာတ်သည် ပရိုတင်းနှင့် ပေါင်းစပ်လိမ့်မည်။
အကယ်၍ ဤပေါင်းစပ်မှုသည် အရေပြား၏ Collagenase ၌ဖြစ်လျှင် အရေပြား၏ သိပ်သည်းခြင်းကို
လျော့စေပြီး လျော့ရိလျော့ရဲ ဖြစ်နေလိမ့်မည်။ ပါးရေနားရေ တွန့်လာလိမ့်မည်။

ပါမောက္ခဒေါ်ခင်ဖြူ
Ref: Golden Phoniex
၂၀၁၄ ခုနှစ်ထုတ် မြတ်မင်္ဂလာစာစောင် အတွဲ ၃၀၊ အမှတ် ၅ သင့်ကျန်းမာရေးကဏ္ဍမှ ကျန်းမာရေးသုတ
ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ကုသိုလ်ပြု မျှဝေဖော်ပြပါသည်။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>