2 3 4 5 6 7 8 9 10

Friday, February 1, 2019

အသိဉာဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသော ဆေး




လူသားတို့၏ ပုံမှန်အသိဉာဏ်ကို ဆိုးဆိုးရွားရွား 
ထိခိုက်စေသောဆေးမှာ
စိတ်ကြွဆေးဖြစ်သည်။
စိတ်ကြွဆေးကြောင့် လူသားများ ပျက်စီးဆုံးရှုံးခဲ့ကြသည်။
စိတ်ကြွဆေးဆိုသည်မှာ အက်ဗီဒရင်း၊ ကာဖင်းစသော
ဓာတုဗေဒပစ္စည်းများကို အခြေခံကာ
လူတို့ဖန်တီးပြုလုပ်ထားသော ဆေးတစ်မျိုးဖြစ်သည်။
Amphetamine Type Stimulants (ATS) ခေါ်
စိတ်ကြွဆေးသည် ဗဟိုနပ်ကြောအဖွဲ့ကို လှုံ့ဆော်ပါသည်။

သမိုင်းကြောင်းကိုတင်ပြရသော် အဖက်တမင်းကို
၁၈၈၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အသက်ရှူကျပ်ခြင်းကို သက်သာစေရန် ဆေးအဖြစ်

၁၉၃ဝ ပြည့်နှစ်ခန့်တွင် သုံးစွဲခဲ့သည်။ ၎င်းဆေးသည် ဗဟိုနပ်ကြောအဖွဲ့ကို လှုံ့ဆော်မှုပေးနိုင်ကြောင်းကို
၁၉၃၃ ခုနှစ်တွင် သိရှိပြီးနောက် တရားမဝင်သုံးစွဲမှုများ စတင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင် အမေရိကန်၊ ဗြိတိန်၊ဂျာမန်နှင့် ဂျပန်စစ်တပ်တို့တွင် အမောပန်းခံနိုင်ရန်၊

စိတ်ဓာတ်တက်ကြွစေရန်နှင့် အပင်ပန်းခံနိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ပြီးသည့်နောက်ပိုင်းတွင်
တရားမဝင်ဈေးကွက်ဖြင့် ထရပ်ကား ဒရိုင်ဘာများ၊ စက်ရုံလုပ်သားများ၊ ဆောက်လုပ်ရေး လုပ်သားများ၊
ငါးဖမ်းသမားများနှင့် အားကစားသမားများသည် လန်းဆန်းတက်ကြွ၍ အပင်ပန်းခံနိုင်ရန် သုံးစွဲခဲ့ကြသည်။
၁၉၅ဝ နှင့် ၁၉၆ဝ ပြည့်နှစ်တို့တွင် နိုင်ငံအတော်များများ၌ တရားမဝင်ဆေးအဖြစ် ဥပဒေများဖြင့် ကန့်သတ်ခဲ့သည်။



ဆက်လက်၍ စိတ်ကြွဆေး၏ အမျိုးအမည်များကို တင်ပြရသော် -
- အဖက်တမင်း (Amphetamine)
- မက်အမ်ပီတမင်း (Methamphetamine)
- မိသိုင်းလ်ဖင်နိဒိတ် (Methylphenidate)
- ဒက်တရိုအမ်ဖီတမင်း (Dextroample tamine)နှင့်
- အက်စ်တာစီ Ecstasy) တို့ဖြစ်ကြသည်။
အထူးသဖြင့် မက်အမ်ဖီတမင်းကို ယေဘုယျအနေဖြင့်
- အိုက်စ် (Ice)
- ရှဘူး (Shabu)
- ရာဘ (Yaba)
- ရာမ (Yama)
- စပီဒ် (Speed) ဟူ၍လည်း ခေါ်ဝေါ်ကြသည်။

စိတ်ကြွဆေးကို သုံးစွဲကြခြင်းမှာ လန်းဆန်းတက်ကြွခြင်း၊ မောပန်းခံနိုင်ခြင်း၊ ကိုယ်ကာယ

လုပ်ဆောင်နိုင်စွမ်း မြင့်မားလိုခြင်းတို့ကို ခံစားလိုခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် အငွေ့ပြန်လွယ်ခြင်း၊ အပူဒဏ်ခံနိုင်ခြင်းတို့ကြောင့် စိတ်ကြွဆေးကို သောက်သုံးခြင်း၊

ထိုးဆေးအနေဖြင့် သုံးစွဲခြင်းတို့ပြုလုပ်ကြသည်။ ထို့ပြင် အခြားမူးယစ်ဆေးများထက်
ကုန်ကျစရိတ်နည်းပါးခြင်းနှင့် အလွယ်တကူ ရနိုင်သဖြင့် သုံးစွဲမှု ပိုများလာသည်။

ထိုစိတ်ကြွဆေးကို သုံးစွဲခြင်းဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။

လတ်တလောအနေဖြင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများမှာ မျက်စိသူငယ်အိမ် ကျယ်ခြင်း၊
ချွေးထွက်များခြင်း၊ အစားအသောက် ပျက်ခြင်း၊ အသက်ရှူမြန်ခြင်း၊
သွေးတိုးခြင်း၊မထင်မှတ်ဘဲ ကြမ်းတမ်းသော အမူအရာများ
ဖြစ်တတ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သုံးစွဲပါက သန္ဓေသားပျက်စီးခြင်း၊ အချိန်မတိုင်မီ

မွေးဖွားခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းနှင့် မွေးဖွားသော ကလေးတွင်
ရင်းထသော လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။





ထို့ပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်သည့် စကားများခြင်း၊ မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ခြင်း၊

ဘဝင်မြင့်ခြင်း၊ လှုံ့ဆော်မဲ့အာရုံရခြင်း၊ ရုတ်တရက် ရူးသွပ်ခြင်း၊ ဂဏှာမငြိမ်ခြင်းနှင့်
စိုးရိမ်ကြောက်လန့်စိတ်များခြင်း၊ ရန်လိုခြင်းနှင့် ဒေါသထွက်ခြင်းများကို ဆေးသုံးစွဲပြီးသည့်
လတ်တလော အချိန်များတွင်ပင် တွေ့ကြုံရနိုင်သည်။

ရေရှည်သုံးစွဲသူများတွင်ကား ရှူခြင်း၊ ရှုံ့ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင် ပျက်စီးခြင်း၊

ရှူရှိုက်ခြင်းကြောင့် အသက်ရှူ လမ်းကြောင်းထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း၊
ဆေးထိုးသုံးစွဲပါက HIV၊ အသည်းရောင် အသားဝါဘီနှင့် စီအပါအဝင် သွေးမှတစ်ဆင့်
ကူးစက်တတ်သော ဗိုင်းရပ်ရောဂါပိုး အန္တရာယ် ပိုမိုများပြားစေခြင်း၊ ခံတွင်းပျက်သောကြောင့်
အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါ ဖြစ်ခြင်း၊ သွားများထိခိုက်
ပျက်စီးခြင်း ဟူသော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ခံစားရမည်မလွဲပါ။

ထို့ပြင် မှတ်ဉာဏ်စွမ်းရည်ဆုံးရှုံးခြင်း၊ ရေရှည်အိပ်ပျက်ခြင်းကြောင့် မှန်မှန်ကန်ကန် မဝေခွဲ

မဆုံးဖြတ်နိုင်ခြင်း၊ မသုံးစွဲရ မနေနိုင်အောင် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းလာခြင်း၊ပျော်ရွှင်မှုခံစားနိုင်စွမ်း
လျော့ပါးလာခြင်း၊ စိတ်ဝေဒနာရှိသူဖြစ်ပါက စိတ်ရောဂါပိုမိုဆိုးရွားနိုင်ခြင်း၊ သံသယလွန်စိတ်ရောဂါ
ခံစားရခြင်းနှင့် စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ်များဖြစ်ပေါ်ပြီး ရေရှည်သုံးစွဲမှု၏
ရလဒ်ဆိုးများကိုလည်း ကြုံတွေ့နိုင်သည်။ လူမှုရေးဆိုးကျိုးအပြင် ရာဇဝတ်မှုများ
ကျူးလွန်သည်အထိလည်း ဖြစ်နိုင်သည်။

မြန်မာနိုင်ငံတွင် စိတ်ကြွဆေးသုံးစွဲမှုကို ၁၉၉၆ ခုနှစ်တွင် စတင်ဖမ်းဆီးရာမှ သိရှိခဲ့ပြီး

ထိုဆေးဝါးသည် မြန်မာနိုင်ငံ၏ ၁၉၉၄ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ ဥပဒေအရ တားမြစ်ထားသော ဆေးဝါးလည်းဖြစ်သည်။

အစပြုသုံးစွဲမိပါက ဆိုးကျိုးကိုသာပေးသော
ထိုဆေးဝါးတို့၏ အန္တရာယ်ကို ကာကွယ်ရန်မှာ
အရေးကြီးဆုံး ကဏ္ဍတစ်ခုဖြစ်သည်။
ဆေးသုံးစွဲသူတို့၏ ၁ဝ ရာခိုင်နှုန်းခန့်သာ ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူသည်ကိုလည်း

တွေ့ရှိရသဖြင့် အစမပြုမိစေရန်သာ အဓိကဦးစားပေး ကာကွယ်ရမည်ဖြစ်သည်။ 
ထိုသို့ကာကွယ်ရန် စိတ်ကြွဆေးသည် ဆိုးကျိုးကိုဖြစ်ပေါ်စေကြောင်း လက်ဆင့်ကမ်းပညာပေးရန်၊ 
လူငယ်များ၏ စူးစမ်းလိုစိတ်ကို အခွင့်ကောင်း ယူကာ ဖြားယောင်းမြှူဆွယ်တတ်သည်ကု
ရှောင်ကြဉ်တတ်စေရန်နှင့် မိဘနှင့် ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးရန်တို့ အထူး
လိုအပ်လှပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မြဝတီ ကျန်းမာရေးသတင်းစာစု

ရေးသားသူ ထိပ်တင်ချို

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>