ရှေးခေတ်အခါက..
အံသြထိတ်လန့်ဖွယ်တွေကို
အနယ်နယ်အရပ်ရပ်မှာ ထင်ရှားကျော်ကြားတဲ့
ကျွမ်းဘားပညာရှင်ဆရာတပည်
သူတို့ ပြကွက်တွေထဲမှာ မြင့်မြင့်မားမားစိုက်ထူ
ဝါးတိုင်ထိပ်ဖျားကိုရောက
ဆရာရဲ့ ပခုံးထက်ကို ရောက်အောင် တပည့်ဖြစ်သူက
တက်လိုက်သွားပြီးတဲ့နောက
တစ်ဦးကိုတစ်ဦး ထိန်းမတ်ရင်း ရင်သပ် ရှုမောဖွယ်ရာတွေကို ပြသတဲ့
ဝါးတိုင်ထက်မှ ပြကွက်လည်း ပါတယ်။
တစ်ခါမှာ ဆရာတပည့်နှစ်ဦး တိုင်ပင်ပြီး
ယခင် ပြသခဲ့တဲ့ ပြကွက်တွေထက် ပိုပြီး
အံသြဖွယ်ကောင်းတဲ့ ပြကွက်တစ်ခုကိုပြဖို့
အစီအစဉ်တစ်ခု ပြုခဲ့ကြပါတယ်။
အဲဒီ အစီအစဉ်ကတော့ ဆရာဖြစ်သူက
အံဖွယ်ကောင်းလောက်အော
ဝါးတိုင်ထိပ်မှာ တပည့်ဖြစ်သူက တကယ့် ဓား၊ လှံ၊
သန်လျက်တွေကို ကစားပြ၊ ထိန်းမတ်ပြရမယ့်
အင်မတန်အန္တရာယ်များတဲ့ ပြကွက်ကိုပြဖို့ အစီအစဉ်
ဖြစ်ပါတယ်။
စီစဉ်ထားတဲ့အတိုင်း ပြပွဲနေ့ရောက်လို့ တခြားပြကွက်တွေကို
ပြသပြီးတဲ့နောက် အဲဒီအန္တရာယ်များပြားတဲ့ ပြကွက်ကို
ပြရမယ့် အလှည့်ကို ရောက်လာပါတယ်။
တပည့်ဖြစ်သူဟာ ကြိုတင်လေ့ကျင့်မှုတွေ
လုပ်ထားခဲ့ပေမယ့်လဲ တကယ့် ဓား၊ လှံ၊ သန်လျက်တွေကို
အသုံးပြုပြီး ပြသရမှာ ဖြစ်တဲ့အတွက် ထိတ်လန့်မှု
အနည်းငယ်တော့ ဖြစ်လာဟန် တူပါတယ်။
တိုင်ထိပ်မှာ သူပြသနေတုန်း အောက်က ဆရာဖြစ်သူရဲ့
ထိန်းမတ်ပေးမှု နည်းနည်းကလေး ချွတ်ချော်တိမ်းပါးသွား
ချွန်ထက်တဲ့ ဓား၊ လှံ၊သန်လျက်တွေနဲ့အတူ အောက်ကို
ကျသွားနိုင်တယ်။ ကျသွားရင် အသက်အန္တရာယ်ကို
ထိခိုက်နိုင်တယ်လို့ တပည့်ဖြစ်သူဟာတွေးပြီး
ထိတ်လန့်ဟန်တူပါတယ်။
တကယ်တော့ ဓား၊ လှံ၊ သန်လျက်တွေနဲ့ အောက်ကို
သူကျရင် အောက်မှာရှိတဲ့ သူ့ဆရာဟာလဲ သူ့လိုပဲ
အသက်အန္တရာယ်ထိခိုက်နိုင်တယ် ဆိုတာကို သူ
မတွေးမမြင်မိဘူး။ ဒီလို မတွေးမြင်မိဘဲနဲ့ သူ့အန္တရာယ်ကိုပဲ
သူတွေးမြင် ထိတ်လန့်ပြီး
''ဆရာ ဒီတစ်ခါ
အကောင်းဆုံးထိန်းမတ် ပေးစေလိုပါတယ်''လို့ ဆရာကို
မပြောစဖူး ပြောပါတယ်။
ဒီလိုပြောတဲ့အခါမှာ ဆရာဖြစ်သူက
တည်ငြိမ်အေးဆေးတဲ့ လေသံနဲ့တပည့်ကို
''တပည့် သင်ကိုယ်သင်သာ စောင့်ရှောက်ပါ
သင်လုပ်ရမယ့် အလုပ်ကို သင်ဂရုစိုက်ပြီး
အကောင်းဆုံးလုပ်ပါ
ငါလည်း ငါ့ကိုယ်ငါ စောင့်ရှောက်မယ်
ငါ့ဘက်က ငါလုပ်ရမယ့် အလုပ်ကိုလဲ
ငါ အကောင်းဆုံး လုပ်ပါ့မယ်
မိမိကိုယ်မိမိ စောင့်ရှောက်ခြင်း၊ မိမိအလုပ်ကို
မိမိ ဂရုစိုက်ခြင်းဟာ မိမိရော သူတစ်ပါးပါ
အကျိုးများစေနိုင်ပါတယ် "လို့ ပြန်ပြောပါတယ်။
ဆရာဖြစ်သူဟာ မိမိ စကားအတိုင်း
မိမိကိုယ်ကို စောင့်ရှောက်ရင်း ဝါးတိုင်ကို
အံဖွယ်ကောင်းလောက်အော
ဆရာဟာ သူလုပ်ရမယ့် အလုပ်ကို
အကောင်းဆုံး လုပ်ပေးတာပါပဲ။
တပည့်ဟာလည်း ဆရာ့စကားကို နာယူပြီး
ထိန်းမတ်ပေးထားတဲ့ ဝါးတိုင်ပေါ်ကို
ရဲဝံ့တည်ကြည်စွာနဲ့ တက်တယ်။
အပေါ်ရောက်တဲ့အခါမှာ သူ့ကိုယ်သူ စောင့်ရှောက်
ထိန်းမတ်ရင်း သူပြရမှာကို အကောင်းဆုံးပြသတယ်။
သူလုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်တာပါပဲ။
မိမိကိုယ်မိမိ စောင့်ရှောက်ရင်း
မိမိတို့ လုပ်ရမယ့်အလုပ်ကို အကောင်းဆုံး လုပ်ခြင်းအားဖြင့်
ဆရာတပည့်နှစ်ဦးဟာ ယခင်ပွဲတွေနဲ့မတူတဲ့ တစ်မူထူးခြားတဲ့
အံ့ဖွယ်သူရဲ ပြကွက်ကိုအောင်မြင်စွာန
( ''နန္ဒာသိန်းဇံ'' ၏ မှန်သောစကားကိုဆိုခြင်းန
No comments:
Post a Comment