2 3 4 5 6 7 8 9 10

Tuesday, August 20, 2013

ကလေးတွေ ကြီးပြင်းလာကြတော့မယ်


မနက်စောစော လမ်းလျှောက်ထွက်ပြီးပြန်လာတိုင်း ဒီကလေးတွေကို တွေ့ရတယ်။ ဝေလီဝေလင်းရဲ့ လတ်ဆတ်အေးမြ တဲ့ လေနုအေးကို ဝအောင်ရှူခဲ့ရပေမယ့် သူတို့တွေနဲ့တွေ့တိုင်း အသက်ရှူရတာ တင်းကျပ်နေသလို ခံစားရတယ်။ မိုးမလင်းခင်က တည်းက အမှိုက်ပုံ၊ အမှိုက်ပုံးတွေကြား ဒါမှမဟုတ် လမ်းကြိုလမ်း ကြားနဲ့ လမ်းမကြီးတွေရဲ့ ဘေးနား တွေမှာ တွေ့ရတတ်တယ်။ တစ်ခါတစ်ခါ လမ်းဘေးက ခွေးလေခွေးလွင့်များက သူတို့ရဲ့ နေရာကို နယ်ချဲ့လာလေသလား အတွေးနဲ့ သူတို့ကို ရန်လို ဟိန်းဟောက်တဲ့ အတွက် ခုခံကာကွယ်နေကြရတာကိုလည်း မကြာခဏ တွေ့ရတတ်တယ်။
နှစ်ယောက်၊ သုံးယောက် အစုအဖွဲ့နဲ့ အမှိုက်ပုံကို ဖွနေတဲ့ အချိန်ဆိုရင် အဲဒီခွေးအန္တရာယ်ကို ခြောက်လှန့်ကာကွယ်နိုင်ပေမယ့် အရွယ်အလွန်ငယ်သေးတဲ့ ခြောက်နှစ် ခုနစ်နှစ်ကလေးတွေအတွက်ကတော့ ကြောက်စရာ အလွန်ကောင်းပါတယ်။ အဲဒီလမ်းဘေး က ခွေးလေခွေးလွင့်တွေဟာ ပိုင်ရှင်မဲ့ မဟုတ်လား။ အကိုက်ခံရရင် မလွယ်ဘူး။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ အဲ-အတွေ့အကြုံ လည်းရှိ၊ ဘဝပေးသတ္တိတွေလည်း ရှိနေကြတဲ့ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် ကလေးတွေကတော့ သူတို့ ကိုယ်သူတို့ တစ်စုံ တစ်ရာ ကာကွယ်နိုင်ကြတာမို့ တော်သေးတယ်။

Saturday, August 17, 2013

ချစ်သူ၏ စွန့်စားခန်းများ ( မင်းလူ )



ချစ်သူတစ်ယောက် ထားရတာ
စွန်စားခန်းတစ်ရပ်ပါပဲ  တဲ့ ..။
ခဏခဏ စွန့်စားနေသူလေးရယ်..
စွန့်စားတာကိုမှ .. ၀ါသနာထုံရော့သလားကွယ်..။

မင်းလူ


                                                                           ကမ္ဘာသစ် မြန်မာ Fan Page 

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>