Labels
- ၀တၳဳတို
- Eco
- Video
- ကဗ်ာ
- ကမ ၻာသစ္စာစုမ်ား
- ကမ ၻာ့အေရး
- ကာတွန်း
- ကိုယ်တိုင်ရေးစာစုများ
- ကျန်းမာရေး
- ခရီးသွားစာစု၊ ဆောင်းပါး
- ဆုံးမစာ
- တရားတော်များ
- ဓမ္မစာစု
- ဓမ္မသံစဉ်
- ဓမ္မအတွေး
- ဓမ္မအတွေးကဗျာ
- ဓာတ်ပုံ
- ဖတ်စရာ
- ဖြစ်ရပ်မှန်
- မြန်မာမှု
- မြန်မာ့ရနံ့ကဗျာများ
- ဘာသာပြန်
- ဘာသာရေး
- မဃဒေဝ
- မှတ်စု
- ယဉ်ကျေးမှု
- ရသစာစု
- ရုပ်ပြ
- လင်္ကာ
- သတင်း
- သဘာဝဓမ္မ
- သမိုင်း
- သီချင်း
- သုတ
- ဟာသ
- အချစ်ကဗျာ
- အထ္ထုပတ္တိ
- အမျိုးသားနိုင်ငံရေး
- အားကစား
- အတွေးစာစု
- အတွေးအရေး
- အမေးအဖြေ
- စေတီတော်များ
- ဆောင်းပါး
- ဗေဒင်
- နိုင်ငံရေး
Saturday, October 6, 2012
သာသနာကွယ်လျှင် ဗုဒ္ဓအသုံးအဆောင်များ ရှိမရှိ
မေး။ ။ အရှင်ဘုရား။ မသိလို့မေးလျှောက်ခွင့်ပြုပါ။ တပည့်တော်လေ့လာမိသလောက်ဆိုရင် ဘုရားရှင်တစ်ဆူရဲ့ သာသနာကွယ်တယ်ဆိုရင် ထိုဘုရားရှင်၏ ဓါတ်တော်၊ မွေတော်၊ အသုံးအဆောင် တို့သည် မြူမှုန်စာမျှမရှိအောင် ကွယ်တယ်လို့သိရပါတယ်။ ဒါဟုတ်ပါသလားဘုရား။ ဟုတ်တယ်ဆိုရင်လဲ ရွှေတိဂုံစေတီတော်မှာ ဘုရားလေးဆူရဲ့အသုံးအဆောင်တွေက ဘာလို့မကွယ်ဘဲ ရှိနေရတာလဲဘုရား။ နောက်ပြီး ကမ္မ၀ါစာက ဘုရားဟောပါလားဘုရား။ ဘာလို့အရမ်း အစွမ်းထက် တာလဲဆိုတာ သိပါရစေဘုရား။ တပည့်တော် မရှင်းတာလေးတွေမို့ပါ။
ဖြေ။ ။ ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်များသာ သာသနာကွယ်ရင် ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အသုံးအဆောင်များကတော့ ပျောက်ဆုံးတာလည်း ရှိသလို ထိန်းသိမ်းထားသူရှိပါက ကျန်ရှိနိုင် တဲ့ အခြေအနေများလည်း ရှိပါတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်ဆိုတာက ဘုရားရှင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများသာ ဖြစ်ပါတယ်။ ဘုရားရှင်သုံးဆောင်ခဲ့တဲ့ ပစ္စည်းများကတော့ ကြာရှည်ခံနိုင်တဲ့အရာဆို စွမ်းနိုင်သူများက သိမ်းထားနိုင်ရင် ရပါတယ်။
သာသနာကွယ်ခြင်းနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သာသနာကွယ်ခြင်း(၅)မျိုး ထဲမှာ နောက်ဆုံးဖြစ်တဲ့ ဓာတုသာသနာကွယ်ပုံအကြောင်းကို အနည်းငယ်တင်ပေးပါမယ်။
သာသနာဆုတ်ယုတ်သောအခါ စကြာဝဠာအနန္တမှာရှိသမျှ ဓာတ်တော်၊ မွေတော်တွေဟာ သီရိလင်္ကာနိုင်ငံရှိ မဟာစေတီမှာ စုပေါင်းကြပါမယ်။ ထို့နောက် နာဂဒီပကျွန်းက လင်းလွန်းပင်စေတီသို့ ပြောင်းရွေ့ကြမယ်။ အဲဒီကနေ မဟာဗောဓိပင်စိကို ပြောင်းရွေ့ကြမယ်။ မဟာဗောဓိပင်သို့ စုပေါင်းပြီးတဲ့နောက်မှ မြတ်ဗုဒ္ဓသက်တော်ထင်ရှား ထက်ဝယ်ဖွဲ့ခွေနေတဲ့ ပုံစံကို ပြတော်မူလိမ့်မယ်။ တန်ခိုးပြာဋိဟာ ရေမီးအစုံ ပြမယ်။ ရောင်ခြည်တော်ခြောက်ပါး စကြာဝဠာတစ်သောင်းကို ပျံ့နှံ့မယ်။ ထိုအခါ လူသားတွေကတော့ မဖူးမြင်ရဘဲ နတ်ဗြဟ္မာတွေသာ ဖူးမြင်ခွင့်ရပြီး ယနေ့အမှန် သာသနာကွယ်ပြီ။ လောက၀ယ် အမိုက်အတိသာ ဖြစ်တော့မည်ဟု ငိုကြွေးကြလိမ့်မယ်။ ထို့နောက် ဓာတ်တော်မှမီးထွက်ပြီး ဓာတ်တော်အားလုံး မီးကျွမ်းသွားလိမ့်မယ်။ ထိုမီးလျှံကား ဗြဟ္မာ့ပြည်တိုင်အောင် တက်လိမ့်မယ်။ အဲဒီလိုနဲ့ နတ်ဗြဟ္မာတွေလည်း နောင်အခါပွင့်မည့် ဘုရားရှင်ကို ဖူးတွေ့ရပါလို့၏လို့ ဆုတောင်းပြီး မိမိတို့နေရာကို ပြန်သွားကြလိမ့်မယ်။
သာသနာကွယ်ခြင်း(၅)မျိုးနဲ့ပတ်သတ်ပြီး အကျယ်သိချင်ပါက သာသနာလင်္ကာရစာတမ်း စာအုပ်ကို ၀ယ်ဖတ် လျှင် ပိုမိုသိရပါလိမ့်မည်။
တစ်ခါ ကမ္မ၀ါစာနဲ့ပတ်သတ်၍ ဖြေပေးရမယ်ဆိုရင် ကမ္မ၀ါစာဟာ ကံဆောင်ကမ္မ၀ါစာနှင့် အန္တရာယ်ကင်း ကမ္မ၀ါစာဟူ၍ (၂)မျိုးရှိပါတယ်။ ရဟန်းခံခြင်း ကထိန်ခင်းခြင်းစသည့် ကံကြီး၊ ကံငယ်ကိစ္စများနဲ့စပ်သော ကံဆောင်ကမ္မ၀ါစာတို့မှာ မြတ်ဗုဒ္ဓကိုယ်တိုင် တိုက်ရိုက်ပေးထားတဲ့ ကမ္မ၀ါ ပါဠိတော်များ ဖြစ်ပါတယ်။ အန္တရာယ်ကင်း ကမ္မ၀ါစာစသည်တို့မှာကတော့ ပရိတ်တော်များကဲ့သို့ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားတော်များမှ ကောင်းနိုးရာရာ အန္တရာယ်တားဆီးပေးနိုင်မည့် ဆိုင်ရာတရားတော်များကို သီးကုံးဖွဲ့ဆို ထားတာ ဖြစ်ပါတယ်။ ဒါဟာလည်း မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားများ ပင်ဖြစ်၍ မြတ်ဗုဒ္ဓတရားတော် များလို့ မှတ်ယူရမှာပါ။ အန္တရာယ်ကင်းကမ္မ၀ါကို ပရိတ်တော်များ ရွတ်ဆိုသကဲ့သို့ ရွတ်ဆိုလိုလျှင်လည်း ရွတ်ဆိုနိုင်ပါတယ်။ ကံသာမူ ပဗ္ဗာဇနိယ ကမ္မ၀ါစာ အုပ် (၁၆)၌ အန္တရာယ်ကင်း ကမ္မ၀ါကို ရဟန်းများ သာမဟုတ် လူ၊ သာမဏေများပါ ရွတ်ဆိုနိုင်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။
ကမ္မ၀ါစာများက ဗုဒ္ဓတရားတော်များသာဖြစ်၍ ဘုရားဟောများသာ ဖြစ်ပါတယ်။ ဘာလို့ အစွမ်းထက်ရသလဲ ဆိုတော့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်၊ အာနုဘော်တွေ၊ သစ္စာပါရမီအဓိဋ္ဌာန်တွေနဲ့ မိန့်ကြားခဲ့တဲ့အတွက် အစွမ်းထက်နေခြင်း ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်သိချင်တာ ပြည့်စုံလိမ့်မယ်ထင်ပါတယ်။ ဦးဇင်းလည်း မေးထားတဲ့မေးခွန်းတွေများနေပေမဲ့ ကိုယ့်ကျမ်းကိစ္စနဲ့ အလုပ်များနေလို့ ညပိုင်းမှာ ရသလောက် အချိန်ပေး ဖြေပေးလိုက်ပါတယ်။ စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်….။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
Posted by ဆန်နီနေမင်း on July 9, 2012
Subscribe to:
Post Comments (Atom)
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
-
▼
2012
(173)
- ► January 15 (1)
- ► September 2 (1)
- ► September 9 (4)
- ► September 23 (2)
- ▼ September 30 (3)
- ► November 18 (1)
-
►
2013
(177)
- ► January 13 (1)
- ► February 10 (16)
- ► February 17 (13)
- ► February 24 (8)
- ► September 1 (3)
- ► September 22 (1)
- ► September 29 (4)
- ► October 27 (1)
- ► November 17 (1)
- ► December 1 (1)
- ► December 15 (1)
- ► December 29 (1)
-
►
2014
(31)
- ► February 9 (1)
- ► September 28 (2)
- ► November 2 (2)
- ► November 9 (8)
- ► November 16 (1)
- ► November 23 (2)
- ► November 30 (4)
- ► December 28 (2)
-
►
2015
(136)
- ► January 18 (4)
- ► January 25 (1)
- ► February 8 (2)
- ► September 6 (4)
- ► September 13 (1)
- ► September 20 (1)
- ► September 27 (2)
- ► October 11 (3)
- ► October 18 (1)
- ► November 1 (3)
- ► November 8 (1)
- ► November 29 (3)
- ► December 6 (2)
- ► December 13 (1)
-
►
2016
(31)
- ► January 17 (1)
- ► January 31 (1)
- ► February 7 (1)
- ► February 14 (1)
- ► October 16 (1)
- ► October 23 (1)
- ► November 6 (1)
- ► December 4 (1)
-
►
2017
(14)
- ► January 15 (3)
-
►
2019
(11)
- ► January 20 (1)
- ► January 27 (4)
- ► February 3 (1)
Popular Posts
-
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက သည်ကမ်းယံစေတီဦးဆီသို့  ဖူးမြော်ရန် ရောက်လာပေလာ့ ဘော အိုအချင်း လှိုင်းကလေး သင် ..။ ကမ်းရောက်ပြန်တော့ တြေ...
-
မြတ်စွာဘုရား ပရိနိပ္ဖာန်စံတော်မူခဲ့သည်နေ့ (ကဆုန်လပြည့်နေ့) ကို သတိရ အမှတ်ရ၍ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် များကို တန်ဖိုးထား နားလည် တ...
-
ဆန်းစခါနွေ ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။ နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊ ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။ ခါနွေဦးသို့တည်....။ ...
-
သည်မီးအိမ် တို့ရင်ထဲဝယ် ဆွဲချိတ်တည်ငြိမ်၊ ၀င်းလဲ့ထိန်သော မီးအိမ်ကလေးရှိပါသည်။ မုန်တိုင်းတိုက်တိုက်၊ မိုးမိုက်မိုက်လည်း စိ...
-
ကောဋ္ဌိကသုတ် အနှစ်ချုပ် သာဝတ္တိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါး ဆုံတွေ့ ကြတဲ့အခါ ရှင်မဟာကောဋ္ဌိက က မေးခွန်းတွေ ...
-
များသောအားဖြင့်ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ ရောပြီး စားတတ်ကြပါ...
-
သာယာသောတစ်နေ့ .. သူက အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊ ထိုရုပ်ပုံများနှင့် အတူ ရေးခြယ်ထာ...
-
အခန်းမကျော်အောင် ၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်...
-
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလ...
No comments:
Post a Comment