Labels
- ၀တၳဳတို
- Eco
- Video
- ကဗ်ာ
- ကမ ၻာသစ္စာစုမ်ား
- ကမ ၻာ့အေရး
- ကာတွန်း
- ကိုယ်တိုင်ရေးစာစုများ
- ကျန်းမာရေး
- ခရီးသွားစာစု၊ ဆောင်းပါး
- ဆုံးမစာ
- တရားတော်များ
- ဓမ္မစာစု
- ဓမ္မသံစဉ်
- ဓမ္မအတွေး
- ဓမ္မအတွေးကဗျာ
- ဓာတ်ပုံ
- ဖတ်စရာ
- ဖြစ်ရပ်မှန်
- မြန်မာမှု
- မြန်မာ့ရနံ့ကဗျာများ
- ဘာသာပြန်
- ဘာသာရေး
- မဃဒေဝ
- မှတ်စု
- ယဉ်ကျေးမှု
- ရသစာစု
- ရုပ်ပြ
- လင်္ကာ
- သတင်း
- သဘာဝဓမ္မ
- သမိုင်း
- သီချင်း
- သုတ
- ဟာသ
- အချစ်ကဗျာ
- အထ္ထုပတ္တိ
- အမျိုးသားနိုင်ငံရေး
- အားကစား
- အတွေးစာစု
- အတွေးအရေး
- အမေးအဖြေ
- စေတီတော်များ
- ဆောင်းပါး
- ဗေဒင်
- နိုင်ငံရေး
Saturday, October 6, 2012
စိတ်ကောင်းလေးတစ်ခု
လမ်းထဲကို စ ၀င်လိုက်ကတည်းက ကလေးတွေရဲ့ ကစားသံက ဆူညံနေတော့တာပဲ… အော်.. သတိထား လိုက်တော့မှ ဒီနေ့က စနေနေ့ကိုး…. အော်. ဒါ့ကြောင့်လဲအလုပ်က ခပ်စောစော ပြန်ခဲ့တာပဲ… အခုမှပြန် သတိရတယ်…
ရက်ကွက်ထဲမှာ ကစားစရာနေရာမရှိတဲ့ ကလေးတွေကတော့ အိမ်ရှေ့တွေမှာ အားလုံးစု… လမ်မပေါ်မှာစု…။ ကလေးတို့သဘာဝ နည်းမျိုးစုံနဲ့ ကစားနေကြတာမို့… ပျော်စရာတော့ကောင်းသား.. .ကျွန်မတောင်..ငယ်မူပြန်ချင်သွားသလိုပဲ………။
အရင်က(ခပ်ငယ်ငယ်) တုန်းကဆို ဘယ်ပြောကောင်းမလဲ…မနက်စာစားပြီးကတည်းက လမ်းပေါ်ရောက်နေတာ… အိမ်ကအတင်းခေါ်တော့မှ ပြန်ကြတာ…။ ကျွန်မတို့ ငယ်ငယ်က ပိုပြီးလွတ်လပ် တယ်လို့ ခံစားမိတယ်လေ… ခုခေတ်ကတော့ ကျူရှင်၊ကျောင်း၊ အိမ် ဒါနဲ့ပဲ ကလေးတွေက လည်ပတ်နေရ တာ ။ တိုးတက်လာတဲ့ခေတ်ကြောင့်လဲ ကလေးတွေက ပိုပြီးတက်သိလာတယ်လို့ ခံစားမိပြန်ရော……။
ဟိုနေရာစုစု..ဒီနေရာစုစု နဲ့ ကစားနေကြတာများ… အားကျဖို့တောင်ကောင်းသေး… .မိဘတွေကလည်း ကျောင်းပိတ်ရက် လေးမို့သာ.. ခုလိုခွင့်ပြုထားတာပါ…...။
“ကဲ..ကျဲမယ်နော်…..ဒီဘက်ကိုလာကြ..လာကြ..”
ရုတ်တရက်ကြားလိုက်ရတဲ့ စကားကြောင့်..ကလေးတွေက အဲဒိစကားသံရှိရာကို အပြေးအလွှား..သွားစုကြပါတယ်…. ။
ကလေးတစ်ယောက်က…သူ့လက်ထဲက ကစားစရာ ပုံရုပ်ကလေးတွေကို ခုံပေါ်တက်ပြီး မြေပေါ်ကျဲ မယ့်ပုံနဲ့ဆိုတော့… .ကျွန်မတောင် အံ့သြသွားတယ်လေ……
တစ်.. နှစ်..သုံး..
ဟေး………………
အားရပါးရ အော်သံအဆုံးမှာတော့ ကလေးတွေက အလုအယက် ၀ိုင်းကောက်ကြတော့တာပဲလေ……။
အော်..ဒါက.. ဘယ်လိုပါလိမ့်.. အတူတူကစားနေရာကနေ..ဘယ်လိုများဖြစ်သွားပါလိမ့်ပေါ့…. စိတ်များဆိုးသွားလို့လား…. .ရန်များဖြစ်သွားလို့လားနဲ့ …ကျွန်မလဲ…သိပ်တော့နားမလည်ပါဘူး……ပျော်ရွှင်သွားတဲ့ တခြားကလေးတွေနဲ့အတူ ပုံကျဲတဲ့ကလေးပါ သူ့တို့ဘာသာ ဆက်ပြီးကစားနေကြလေရဲ့….အော်… ထူးဆန်းပေစွ…။
ကျွန်မကတော့..ကိုယ့်အိမ်ဘက်ကိုသာ လျှောက်လာမိပါတော့တယ်….။
နောက်နားဆီမှာတော့..ကလေးတွေရဲ့ အော်သံ၊ ဆူညံသံတွေနဲ့..။
-------
..“သမီး..စောပါလား..ဒီနေ့…”
“ဟုတ်တယ်အမေ…. ဒီနေ့စာသင်ဖို့ စောစောချိန်းထားလို့..ကလေးတွေကျောင်းပိတ်တယ်လေ….”
အမေ့ကိုစကားပြန်ပြောလိုက်ရင်း…အ၀တ်အစားလဲပြီး ခဏတာနားနေလိုက်ပါတယ်…. လမ်းထဲက ကလေးတွေရဲ့ ကစားတဲ့ပုံစံကို ကျွန်မ စဉ်းစားစရာမဟုတ်ပဲ.. ခေါင်းထဲကိုရောက်နေတာ…. ထူးဆန်းလိုက်တာ…..။
“အမေ……သမီးသွားတော့မယ်နော်…”
“အေး…အေး”
ကျွန်မ စာသင်တဲ့အိမ်ကလည်း ခုနက လမ်းလျှောက်လာတဲ့.. လမ်းထဲပဲမို့…. ကလေးတွေကို ထပ်တွေ့ရပြန်တယ်လေ….
ဟော..ဒီတစ်ခါက..နောက်တစ်ယောက်…စောနကလိုပဲ… နောက်တစ်ယောက်က… လက်ထဲက အရုပ်ပုံလေးတွေကို… ကိုင်မြှောက်ပြီး….. မြေပေါ်ကိုထပ်ကျဲလိုက်တော့.. ကလေးတွေလဲ..လာပြန်ကောက်ကြပြန်ရော…..
ဟင်…….ဒါမျိုး ငါတို့ငယ်ငယ်ကလည်း မကစားဖူးပါဘူးပေါ့….ဒွိဟအတွေးကတော့ထပ်တိုးပါလေရော...။ စာသင်တဲ့အိမ်ရောက်တော့… ကလေးတွေကရောက်နေတာမို့…. သင်ခန်းစာတွေကို..သင်လိုက်ပြီး… .စိတ်ထဲက သိချင် နေတာကို မထိန်းနိုင်တော့တာမို့ 2တန်းကလေးမလေးကို မေးလိုက်ရပါတယ်…
“သမီး..ခုနက ကစားနေတာလေ…ပုံတွေကိုကျဲတာ..အဲ့ဒါဘာလုပ်တာလဲ…”
“ ဟာ..တီချယ်ကလည်း ..ဒါလေးတောင်……မသိဘူးလား… အဲ့ဒါ ….နိုင်တဲ့သူက ပြန်ကျဲတာလေ…. ”
“ဟင်..နိုင်တဲ့သူက အကုန်ယူသွားတာမဟုတ်ဘူးလား….ဘယ်သူကကျဲခိုင်းလို့လဲ..”
“ ဘယ်သူမျှ မကျဲခိုင်းပါဘူး တီချယ်ကလဲ...ကိုယ့်ဘာသာကျဲတာပေါ့… . သမီးတို့တော့. .အဲ့လိုပဲ..လုပ်တာပဲ…. အစောနကတောင်..သမီးလဲ အဲ့လိုကျဲလိုက်တယ်..ကြိုက်တဲ့သူယူ….”
“အော်…အော်….အဲ့လိုလား…”
ကျွန်မတပည့်လေး…2 တန်းကလေးမလေးကတော့..သူသိသမျှကို အားရပါးရသာပြောနေတော့တာ… ဘာမှမသိတဲ့ ဒီတီချယ်ကို သူက ဆရာကြီးပုံစံနဲ့…. လေသံနဲ့……..အော်..ကလေးဆိုတော့လည်း… ဘာပြောပြော… ချစ်ဖို့တော့ကောင်းသားနော်…။ ကျွန်မတွက်တော့ အမှတ်တမဲ့ကနေ…အမှတ်တရ တစ်ခုပါပဲ…ရင်ထဲမှာတော့ ကလေးတွေကို ကျိတ်၍သာ ချီးကျူးမိပါတယ်….
ငယ်ရွယ်နုနယ်တဲ့ကလေးတွေရဲ့ စိတ်ထဲတောင် သူတို့ရှိတာလေးတွေကို အချင်းချင်းဆီ ပြန်လည်မျှဝေတဲ့စိတ်ကလေးတွေ ရှင်သန်နေပြီလေ……
ကျွန်မတို့လို လူကြီးတွေက……ကလေးတွေလောက် သတ္တိမရှိကြတာသေချာပါတယ်….။ ကျွန်မဆိုရင်ကော..အဲ့လို..လုပ်နိုင်ပါ့မလား……..။ ငယ်ရွယ်တဲ့ကလေးတွေမှာတောင်.. ပြန်လည်မျှဝေတဲ့ စိတ်ကလေးတွေ ရှင်သန်နေတာ.. ဒါဟာ လေးစားစရာပဲလို့..ကျွန်မတော့ မှတ်ယူတယ်လေ…အချင်းချင်း သင့်မြတ်တဲ့စိတ်ထားလေးတွေနဲ့ဆိုတော့… ဒါဟာ ကောင်းတဲ့ဘက်ကို အားသန်လာတာပဲလို့……။ ဒါသူတို့လုပ်နေကြတဲ့လေ….အဲ့လိုပြန်လည်ဝေမျှလိုက်လို့သူတို့ကပျော်နေကြတာ…..။ကျွန်မတို့ငယ်ငယ်ကတော့…… သိပ်အဖိုးမကြီးတဲ့ သြဇာစေ့လေးတွေ၊ သားရေကွင်းလေးတွေကိုတောင် သူများကို ဘယ်တော့မှ မပေးဖြစ် ခဲ့….ကိုယ်အနိုင်ရထားတဲ့ပစ္စည်းလေးတွေဆို တရိုတသေနဲ့ကို သိမ်းထားတတ်ကြတာ…. ။ ကိုယ့်ပစ္စည်းလဲ မပေးခဲ့သလို..သူများပစ္စည်းလဲ…. မယူဖြစ်ခဲ့ဘူးလေ…။ ဒါဆို… ကျွန်မတို့ လူကြီးတွေကရော …. ကလေးတွေလောက်…ကိုယ်ရတဲ့အထဲက ပြန်လည်မျှဝေ နိုင်တဲ့ စိတ်လေးတွေ ကိုယ်စီ ထားနိုင်ကြမယ်ဆိုရင် ..။
တွေးမြင်ခံစားကြည့်ရုံမျှသာပါ
ချမ်းမြေ့ပါစေ..
သူဇာ
Subscribe to:
Post Comments (Atom)
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
-
▼
2012
(173)
- ► January 15 (1)
- ► September 2 (1)
- ► September 9 (4)
- ► September 23 (2)
- ▼ September 30 (3)
- ► November 18 (1)
-
►
2013
(177)
- ► January 13 (1)
- ► February 10 (16)
- ► February 17 (13)
- ► February 24 (8)
- ► September 1 (3)
- ► September 22 (1)
- ► September 29 (4)
- ► October 27 (1)
- ► November 17 (1)
- ► December 1 (1)
- ► December 15 (1)
- ► December 29 (1)
-
►
2014
(31)
- ► February 9 (1)
- ► September 28 (2)
- ► November 2 (2)
- ► November 9 (8)
- ► November 16 (1)
- ► November 23 (2)
- ► November 30 (4)
- ► December 28 (2)
-
►
2015
(136)
- ► January 18 (4)
- ► January 25 (1)
- ► February 8 (2)
- ► September 6 (4)
- ► September 13 (1)
- ► September 20 (1)
- ► September 27 (2)
- ► October 11 (3)
- ► October 18 (1)
- ► November 1 (3)
- ► November 8 (1)
- ► November 29 (3)
- ► December 6 (2)
- ► December 13 (1)
-
►
2016
(31)
- ► January 17 (1)
- ► January 31 (1)
- ► February 7 (1)
- ► February 14 (1)
- ► October 16 (1)
- ► October 23 (1)
- ► November 6 (1)
- ► December 4 (1)
-
►
2017
(14)
- ► January 15 (3)
-
►
2019
(11)
- ► January 20 (1)
- ► January 27 (4)
- ► February 3 (1)
Popular Posts
-
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက သည်ကမ်းယံစေတီဦးဆီသို့  ဖူးမြော်ရန် ရောက်လာပေလာ့ ဘော အိုအချင်း လှိုင်းကလေး သင် ..။ ကမ်းရောက်ပြန်တော့ တြေ...
-
မြတ်စွာဘုရား ပရိနိပ္ဖာန်စံတော်မူခဲ့သည်နေ့ (ကဆုန်လပြည့်နေ့) ကို သတိရ အမှတ်ရ၍ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် များကို တန်ဖိုးထား နားလည် တ...
-
ဆန်းစခါနွေ ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။ နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊ ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။ ခါနွေဦးသို့တည်....။ ...
-
သည်မီးအိမ် တို့ရင်ထဲဝယ် ဆွဲချိတ်တည်ငြိမ်၊ ၀င်းလဲ့ထိန်သော မီးအိမ်ကလေးရှိပါသည်။ မုန်တိုင်းတိုက်တိုက်၊ မိုးမိုက်မိုက်လည်း စိ...
-
ကောဋ္ဌိကသုတ် အနှစ်ချုပ် သာဝတ္တိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါး ဆုံတွေ့ ကြတဲ့အခါ ရှင်မဟာကောဋ္ဌိက က မေးခွန်းတွေ ...
-
များသောအားဖြင့်ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ ရောပြီး စားတတ်ကြပါ...
-
သာယာသောတစ်နေ့ .. သူက အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊ ထိုရုပ်ပုံများနှင့် အတူ ရေးခြယ်ထာ...
-
အခန်းမကျော်အောင် ၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်...
-
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလ...
No comments:
Post a Comment