2 3 4 5 6 7 8 9 10

Tuesday, April 9, 2013

ဘဝ ပန်းချီ


အတာကူးတော့မယ်ဆိုရင်အသက်က တစ်နှစ်ကြီးလာပြန်ပြီ။ဘော်ဒါတွေ သောက်ကြ စားကြ မူးကြ ရူးကြဦးမည်။မြန်မာတွေ ပျော်ကြပါးကြပေမဲ့ သတိတရားကိုတော့ မျက်ကွယ်ပြုတတ်ကြတယ်။တစ်နှစ်လုံးလုပ်ရသမျှ သင်္ကြန်မှာ သုံးတတ်ကြတာ ကျွန်တော်တို့ ဗမာတွေပါ။မဏ္ဏပ်တွေဆောက် စတုဒီသာတွေလုပ် ဖျော်ဖြေပွဲတွေလုပ်တယ်ဆိုတာ အရမ်းကို မွန်မြတ်ကောင်းမွန်တဲ့အလုပ်ပါ။ သို့သော်လည်း တချို့သော လူတွေဟာ အသောက်အစားဘက်မှာ ယဉ်ပါးပြီး မကောင်းတဲ့ ဘက်မှာ တလွဲဆံပင်ကောင်းတတ်ကြတယ်။

             လူရယ်လို့ဖြစ်လာရင် သူ့တပါးကို အကူအညီ မပေးရင်တောင် အနှောင့်အယှက် မဖြစ်အောင်နေ မှ တော်ရုံကျတာပါ။ လူ့ပတ်ဝန်းကျင်ဆိုတာ ကောင်းတာကိုပြောဖို့ ဆွံအနေပေမဲ့ မကောင်းတာပြောဖို့ဆို ဝစီကံဆိုတာ ဘာလဲဆိုတာမေ့တတ်ကြတယ်။ လူတွေက ကိုယ့်ကို အကောင်းမပြောချင်လဲနေပါ အဆိုး မပြောအောင်တော့ ကိုယ်ကဆင်ခြင်ရမယ်လေ။



     သင်္ကြန်မှာပျော်ပါ ပါးပါ လည်ပါ သို့သော်လည်း အန္တရယ်ဖြစ်စေမဲ့ မောင်းနှင်မှုမျိုးတွေမဖြစ်အောင် ဆင်ခြင်စေချင်တယ်။သူ့တပါးကို ထိခိုက်သွားပြီဆိုရင် ထိခိုက်သွားသူကို လျှော်ကြေးပေး နိုင်တယ်ပဲ ထား လျှော်ကြေးပေးလို့မရနိုင်တဲ့ ထိခိုက်မှုမျိုးဆို ကာယကံရှင်က ကျေနပ်ရင်တောင် ကာယကံရှင် မိသားစု အသိုင်းအဝိုင်းက မကျေနပ်လို့် ပြဿနာဖြစ်ရင် အကုသိုလ်တွေက အတုံးလိုက် အတစ်လိုက်ဖြစ် လာ နိုင်တယ်လေ။
လူ့ဘဝဆိုတာ တခါပြန်မရောက်နိုင်တဲ့ ခရီးခဲလိုဘဲ။ပါရမီတွေ ကုသိုလ်တွေ ထူးခြားမှ ရောက်လာနိုင်တာလေ။ အထုံပါရမီတွေကောင်းလို့ နတ်ပြည်သွားရရင် သွားရမယ် လူ့ဘဝကိုတော့ မလွယ်ဘူး လို့ မြတ်ဗုဒ္ဓရဲ့ အဆုံး အမတွေ ထဲမှာ မှတ်သားဖူးပါတယ်။
လူ့ဘဝရောက်တုန်း မိုက်လိုက်ဦးမယ်ဆိုတဲ့ စိတ်မျိုးတော့ မမွေးစေချင်ဘူး။သံသရာဆိုတာ သိပ်ကိုကြောက်ဖို့ကောင်းတာ……။
လှူပါတန်းပါ နေ့ကောင်းနေ့မြတ်တွေရောက်ရင် ဘယ်လိုပျော်ရမယ်ဆိုတာထက် ဘယ်လို ကုသိုလ်ယူပြီး ဘယ်လိုလူတွေကို အကျိုးပြုရမယ်ဆိုတာ မျိုးဘဲ တွေးစေချင်ပါတယ်။
နှစ်ကူးကာလ မှာ လည်ချင်ပတ်ချင်ရင် ရှမ်းပြည်က ဓလေ့တွေက သိပ်ကိုကောင်းပါတယ် မိသားစု နဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် အပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် ရေချောင်း မြစ်ချောင်းဘေးကို သွားပြီးသောက်ကြ စားကြနဲ့ အရမ်းကို ကြည်နုးစရာကောင်းပါတယ်။နှစ်ဆန်းတစ်ရက်နေ့ဆို အားလုံး ဘုန်းကြီးကျောင်းကို တက်ညီလက်ညီ သွားကြတယ်။ကျွန်တော်တို့မြန်မာတွေလို နှစ်ဆန်းတစ်ရက် ဘုန်းကြီးကျောင်းတက်တာတော့ တူတယ်။


        တကယ်တော့ ဘဝဆိုတာ ပန်းချီကားတစ်ချပ်လိုဘဲ။ကိုယ်ခြယ်တဲ့ ဆေးရောင်တွေက ကိုယ့်ပန်းချီကားမှာ ထင်ဟတ်လာမှာလေ။ ကိုယ်လုပ်တဲ့အလုပ်က ကောင်းမယ်ဆိုရင် ကိုယ်ခြယ်တဲ့ဆေးရောင်ကလဲ လှပမယ်။နောက်ဆုံးကိုယ့်ဘဝ အဆုံးသတ်သွားရင်တောင် ကိုယ်ခြယ်တဲ့ ပန်းချီကားက တော့ ကျန်ခဲ့ ဦးမယ်။ အဲ့ဒီတော့ ကိုယ်ထားရစ်ခဲ့မဲ့ပန်းချီကားကို နောင်လာနောက်သားတွေက လှလှပပ ကြည့်ဖို့ စောင့်မျှော်နေကြ မှာပါ။ဒီသင်္ကြန်က စပြီး တို့တွေရဲ့ပန်းချီကားကို ဘယ်လိုအရောင်တွေနဲ့ စပြီးဆေးခြယ်ရမလဲဆိုတာ….။

ကြိုးစားပါဦးမည်။   ။
လေးစားစွာဖြင့်
ကိုလင်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>